ThaRahPu
ယ​ခု​လ​ထုတ်​မဂၢ​ဇင်း​
အ​ဖႍင့်​စာ​မႀက်​ၙ႐ာ​
မႀက်​ၙ႐ာ​ဖံုး​ေဆာင်း​ပါး​
အ​လ႐​ဓါတ်​ပံု​
အ​လ႐​အ​ပ​
ကုန်​ပစၨည်း​သစ်​
ဖက်​ရ႐င်​
ကႀန်း​မာ​ေရး​ရာ​
ေလ့​ကႀင့်​ခန်း​
အိမ်​မ႒​ေရး​ရာ​
ခ​ရီး​သႍား​
အ​ခႀစ်​ၙ႐င့်​အိမ်​ေထာင်​ေရး​
ဂီ​တ​
အင်​တာ​ဗႀူး​
အ​မ႐တ်​တ​ရ​
ၙိုင်​ငံ​ရပ်​ႅခား​
အတၷဳပၻတၵိ​
ဘ​ဝ​ၙ႐င့်​ေအာင်​ႅမင်​မ႒​
က​ဗႀာ​
စာ​အုပ်​စင်​
ဝတၷဳ​
ကာ​တႍန်း​
အ​ေမး​အ​ေႅဖ​
သ​ရ​ဖူ​ေဗ​ဒင်​
သ​တင်း​
ကိုယ်​ပိုင်​စ​တိုင်လ်​ တစ်​မျိုး​နဲ့​ ပ​ရိ​သတ်​ ရင်​ထဲ​တိုး​ဝင်​နေ​သူ​
2009-06-01
သူ​ထူး​စံ​
မင်း​စိုး​အောင်​

(၁)

လွန်​ခဲ့​သော​ ဆယ်​နှစ်​ကျော်​ ကာ​လများ​က​ ဗွီ​ဒီ​ယို​ တိတ်​ခွေ​ခေတ်​ အ​ရှိန်​အ​ဟုန်​ကောင်း​နေ​ချိန်​၊ လူ​ငယ်​ ဒါ​ရိုက်​တာ​ မိုက်​တီး​က​ မင်း​ဦး​၊ တင့်​တင့်​ထွန်း​တို့​နှင့်​ ဗီ​ဒွီ​ယို​ကား​ တစ်​ကား​ကို​ နြ​တ​ ့န​မေ​ ည​မှာ​ စ​တင်​ ရိုက်​ကူး​သည့်​ ပွဲ​တစ်​ပွဲ​လုပ်​ခဲ့​သည်​။ ဇာတ်​ကား​နာ​မည်​က​ 'စ​တိုင်​'။ အဲ​ဒီ​ည​မှာ​ မင်း​သ​မီး​တင့်​တင့်​ထွန်း​က​ 'စ​တိုင်လ်​ရှိ​မှ​ စ​တား​ဖြစ်​မယ်​' ဟု​ ကြွေး​ကြော်​ခဲ့​၏​။ မင်း​သ​မီး​၏​ ရင်​ထဲ​က​ ရုတ်​တ​ရက်​ ထွက်​ပေါ်​လာ​သော​ စ​ကား​လား​၊ န​ဂို​က​တည်း​က​ ခံ​စား​ထား​သော​ စာ​သား​လား​တော့​ မ​ပြော​တတ်​။ ပြော​နိုင်​သည်​က​ တော့​ တင့်​တင့်​ထွန်း​ ပြော​ခဲ့​သ​လို​ပင်​ စ​တား​ဖြစ်​သူ​တိုင်း​က​ စ​တိုင်လ်​ရှိ​ကြ​သည်​ကို​ သ​တိ​ထား​မိ​ခဲ့​သည်​။

(၂)

ကျော်​ဆွေ​၊ ဝင်း​ဦး​၊ ကျော်​ဟိန်း​တို့​ ခေတ်​လောက်​မှ​သည်​ အ​ခု​အ​ချိန်​အ​ထိ​ အောင်​မြင်​သူ​ အ​နု​ပ​ညာ​ရှင်​များ​ကို​ သ​တိ​ထား​ကြည့်​မိ​တိုင်း​ ကိုယ်​ပိုင်​ဟန်​များ​နှင့်​ သ​ရုပ်​ဆောင်​ ကောင်း​စွာ​ ပ​ရိ​သတ်​အား​ကို​ စု​ဆောင်း​နိုင်​ခဲ့​သည်​ကို​ တွေ့​ရှိ​ရ​၏​။ တ​ချို့​က​ ပြေ​ပြစ်​သော​ ရုပ်​ရည်​ရှိ​သော်​လည်း​ ကိုယ်​ပိုင်​ဟန်​ မ​ရှိ​သ​လို​ ကိုယ့်​ရဲ့​ လှ​ပ​မှု​ပေါ်​မှာ​သာ​ အာ​ရုံ​စိုက်​ လျက်​ အ​မူ​အ​ရာ​ပိုင်း​တွင်​ လျော့​ရဲ​နေ​တတ်​ကြ​၏​။

(၃)

တစ်​ရက်​ ည​နေ​ခင်း​ သ​ရ​ဖူ​မဂ္ဂ​ဇင်း​တိုက်​ကို​ ရောက်​တော့​ အ​မှု​ဆောင်​ အယ်​ဒီ​တာ​ နန်း​အိမ့်​ခမ်း​က​ မ​နက်​ဖြန်​နေ့​လယ်​ပိုင်း​ လူ​ငယ်​ဓာတ်​ပုံ​ဆ​ရာ​ ဝ​ဏၴ​ခွာ​နီး​နှင့်​ သူ​ထူး​စံ​ကို​ ရိုက်​ဖို့​ ရှိ​တယ်​ အား​ရင်​ လာ​ခဲ့​ပါ​လား​ဟု​ ဆို​ပါ​သည်​။ မျက်​နှာ​ဖုံး​အ​တွက်​ ရိုက်​မှာ​ဆို​သော​ကြောင့်​ စိတ်​ဝင်​စား​မိ​၏​။ သူ​ထူး​စံ​ဆို​သော​ နာ​မည်​က​ ရင်​ထဲ​သို့​ ရောက်​လာ​သည်​။ သူ​က​ ရုပ်​ရှင်​သ​ရုပ်​ဆောင်​ သင်​တန်း​ဆင်း​ ဘ​ဝ​မှ​သည်​ VCD သီ​ချင်း​များ​တွင်​ စ​တင်​ သ​ရုပ်​ဆောင်​ခဲ့​တာ​ကို​ သ​တိ​ထား​မိ​ခဲ့​သည်​။ ဓာတ်​ပုံ​ ကို​ပီ​တာ​၊ ရဲ​မြင့်​လွင်​တို့​နှင့်​ ရင်း​နှီး​ ကာ​ VCD တွေ​ ရိုက်​၊ ဓာတ်​ပုံ​တွေ​ရိုက်​နှင့်​ သူ​၏​ ထူး​ခြား​သော​ စ​တိုင်လ်​တစ်​ခု​ကို​ ခံ​စား​မိ​ခဲ့​၏​။ သည့်​နောက်​ သူ​က​ Lucky Seven​ ဗွီ​ဒီ​ယို​ထုတ်​လုပ်​ရေး​နှင့်​ ဗွီ​ဒီ​ယို​ကား​တွေ​ ဆက်​တိုက်​ ရိုက်​ဖြစ်​လာ​သည်​။ အဲ​ဒီ​ ကုမ္ပ​ဏီ​မှ​ ထုတ်​လုပ်​သော​ 'ဟော့​ရှော့​' ရုပ်​ရှင်​ကား​ကြီး​တွင်​ သူ​၏​ အောင်​မြင်​မှု​က​ ပို​၍​ တောက်​ပ​လာ​ခဲ့​သည်​။

(၄)

နွေ​၏​ အ​ပူ​အောက်​မှာ​ပင်​ ဝ​ဏၴ​ခွာ​နီး​နှင့်​ သူ​ထူး​စံ​တို့​က​ ဓာတ်​ပုံ​ဆ​ရာ​၏​ ခြံ​ထဲ​တွင်​ အောက်​ဒိုး​ရိုက်​ဖို့​ အ​ဝတ်​အ​စား​၊ နေ​ရာ​များ​ ဆွေး​နွေး​တိုင်​ပင်​နေ​သည်​ကို​ တွေ့​ရ​သည်​။ အ​မှု​ဆောင်​ အယ်​ဒီ​တာ​က​ သူ​ လို​ချင်​သည်​များ​ကို​ ပြော​ပြ​နေ​သ​လို​ ဓာတ်​ပုံ​ဆ​ရာ​နှင့်​ မင်း​သား​တို့​က​လည်း​ သူ​ငယ်​ချင်း​ ညီ​အစ်​ကို​တွေ​လို​ ညှိ​ညှိ​နှိုင်း​နှိုင်း​နှင့်​။ ပင်​ကို​ စ​တိုင်လ်​ ရှိ​သော​ သူ​ထူး​စံ​က​လည်း​ သူ့​ဒီ​ဇိုင်း​နှင့်​ သူ​ Cover အ​တွက်​ အ​ကောင်း​ဆုံး​ဖြစ်​အောင်​ mood သွင်း​လျက်​။

ညီ​လေး​က​ ရိုက်​လာ​တာ​ တော်​တော်​ကြာ​ပြီ​ဆို​တော့​ ဘယ်​လို​ဇာတ်​ကောင်​စ​ရိုက်​တွေ​ကို​ စိတ်​ဝင်​စား​လဲ​။
ကျွန်​တော်​ သင်္ကြန်​ပြီး​ရင်​ ရိုက်​မယ့်​ ကား​က​ က​လေး​တွေ​အ​ကြိုက်​ ဖိုက်​တင်​လေး​တွေ​နဲ့​ စက်​ရုပ်​ပုံ​စံ​မျိုး​ ရိုက်​မယ်​။

ညီ​လေး​က​ ပ​ရိ​သတ်​ခံ​စား​မှု​ကို​ နည်း​နည်း​ အ​ဓိ​က​ထား​တဲ့​ သ​ဘော​ရှိ​တယ်​။
ဟုတ်​ပါ​တယ်​။

ခပ်​ကြမ်း​ကြမ်း​ သ​ရုပ်​ဆောင်​မှု​ကို​ အား​သန်​တဲ့​သ​ဘော​ရှိ​လား​။
အဲ​ဒီ​လို​ သ​ဘော​မျိုး​တော့​ မ​ဟုတ်​ပါ​ဘူး​။ အဲ​ဒါ​မျိုး​တော့​ များ​များ​ ရိုက်​တာ​ပေါ့​။ ကျွန်​တော်​နဲ့​ အ​ကျိုး​ပေး​တာ​က​ တစ်​မျိုး​ဖြစ်​နေ​တယ်​။ အ​ရမ်း​နု​တဲ့​ဟာ​မျိုး​ကို​ ပို​ပြီး​တော့​ ပ​ရိ​ သတ်​က​ ကြိုက်​နေ​တယ်​။ ဥ​ပ​မာ​ဗျာ​ နှုတ်​ခမ်း​နီ​ဆိုး​ပြီး​ ရိုက်​တဲ့​ကား​တွေ​ပေါ့​။ ပိုက်​ဆံ​ ပို​ရ​တယ်​။

'ဟော့​ရှော့​' ဇာတ်​ကား​မှာ​ မာ​မီ​လို​ ဇာတ်​ရုပ်​ကို​ သ​ရုပ်​ဆောင်​ရ​တော့​ ဘယ်​လို​ရှိ​လဲ​၊ ကိုယ်​က​ န​ဂို​က​တည်း​က​ ခပ်​ကြမ်း​ကြမ်း​တွေ​ သ​ရုပ်​ ဆောင်​ခဲ့​တာ​ဆို​တော့​။
ဝိုင်း​ရယ်​ကြ​တာ​ပေါ့​။ အဲ​ဒီ​ဟာ​နဲ့​ ပတ်​သက်​ပြီး​တော့​ တော်​တော်​များ​များ​ ပြော​ပြီး​သွား​ပါ​ပြီ​။ နောက်​ ကျွန်​တော်​ ရုပ်​ရှင်​ကား​ကြီး​တစ်​ကား​ ရိုက်​သေး​တယ်​။ အဲ​ဒီ​ကား​မှာ​လည်း​ အဲ​ဒီ​လို​မျိုး​ မိန်း​မ​လျာ​၊ သင်္ကြန်​မ​တိုင်​ခင်​က​ ပြီး​သွား​တဲ့​ကား​ကြီး​က​ 'ဟက်​ထိ​တယ်​' ဆို​တာ​။

နှုတ်​ခမ်း​မွေး​ မုတ်​ဆိတ်​မွေး​တွေ​က​ န​ဂို​က​တည်း​က​ ထား​တာ​လား​၊ စ​တိုင်လ်​တစ်​ခု​အ​နေ​နဲ့​ ထား​တာ​လား​။
သူ့​ဟာ​သူ​ ပေါက်​လာ​လို့​ ထား​ရင်း​နဲ့​ ကိုယ့်​စ​တိုင်လ်​လို​ပေါ့​။ စ​တိုင်လ်​တစ်​ခု​အ​နေ​နဲ့​ ထား​လိုက်​တာ​ပေါ့​။ ဒါ​က​ တစ်​ချိန်​လုံး​ ထွက်​နေ​တယ်​ဆို​တော့​ ထား​လိုက်​တာ​ပေါ့​။

ခပ်​ကြမ်း​ကြမ်း​တွေ​ သ​ရုပ်​ဆောင်​ခဲ့​တော့​ ဒ​ရာ​မာ​ဇာတ်​ရုပ်​တွေ​ သ​ရုပ်​ဆောင်​တော့​ ဘယ်​လို​ ခံ​စား​ရ​လဲ​။
ကျွန်​တော်​က​ စ​ရိုက်​က​တည်း​က​ ဖိုက်​တင်​ဆို​ရင်​ ဖိုက်​တင်​ဒ​ရာ​မာ​တွေ​ များ​ပါ​တယ်​။ ဖိုက်​တင်​သီး​သန့်​ချည်း​ပဲ​တော့​ မ​ဟုတ်​ဘူး​။ ဒ​ရာ​မာ​ အ​မြဲ​တမ်း​ ပါ​ပါ​တယ်​။

အ​ခု​အ​ချိန်​မှာ​ အ​နု​ပ​ညာ​သက်​တမ်း​ရင့်​လာ​ပြီ​ဆို​တော့​ ဒါ​ရိုက်​တာ​ လုပ်​ချင်​စိတ်​ ပေါ်​မ​လာ​ဘူး​လား​။
အဲ​ဒါ​က​ အ​ကြီး​ကြီး​ဗျ​။ အဲ​ဒါ​ကျ​တော့​ နောက်​ကြုံ​မှ​ပဲ​ ပြော​လိုက်​တော့​မယ်​။ ကျွန်​တော့်​အ​နေ​နဲ့​က​ အဲ​ဒီ​အ​ထိ​ကို​ ပြော​ပြ​ဖို့​ ကျွန်​တော့်​ပါး​စပ်​နဲ့​တောင်​ မ​တန်​သေး​ဘူး​။

စိတ်​တော့​ ဝင်​စား​တာ​ပေါ့​။
စိတ်​ဝင်​စား​တာ​ပေါ့​။ စိတ်​မ​ဝင်​စား​လို့​လည်း​ မ​ရ​ဘူး​။ ကျွန်​တော်​တို့​ သင်​ရိုး​ညွှန်း​တမ်း​ထဲ​မှာ​က​ အ​စ​ ဒီ​ဒါ​ရိုက်​တာ​ ကိုစ့်​က​ ပါ​ပြီး​သား​ပဲ​။

ဖြတ်​သန်း​လာ​ရ​တဲ့​ အ​နု​ပ​ညာ​ ဘဝ​အ​ပေါ်​ အ​ခု​အ​ချိန်​မှာ​ ကျေ​နပ်​မှု​ ရ​ပြီ​လား​။
မ​ကျေ​နပ်​လို့​မှ​ မ​ရ​တာ​ကြီး​။ ဒါ​က​ သူ​ ပေး​သ​လောက်​ပဲ​ပေါ့​။ အ​ကုန်​လုံး​က​ လူ​တိုင်း​ လူ​တိုင်း​ ဒီ​လို​ချည်း​ပါ​ပဲ​။

အ​ခု​အ​ချိန်​မှာ​ သူ​ထူး​စံ​ဆို​တဲ့​ နာ​မည်​တစ်​လုံး​နဲ့​ ဘဝ​အ​တွက်​ ယုံ​ကြည်​မှု​က​ ဘယ်​လောက်​အ​ထိ​ ရှိ​သွား​ပြီ​လဲ​။
ကျွန်​တော်​တို့​က​ ဒီ​အ​လုပ်​ပဲ​ လုပ်​တတ်​တာ​လေ​။ ဒီ​အ​လုပ်​ပဲ​ လုပ်​စား​မှာ​ပဲ​။ ကျွန်​တော်​တို့​က​ အ​နု​ပ​ညာ​သ​မား​စစ်​စစ်​လို့​ ခံ​ယူ​ထား​တဲ့​အ​တွက်​ကြော​င့​် တ​ခြား​အ​လုပ်​တွေ​လည်း​ လာ​ပြီး​ ဆက်​သွယ်​ထား​တာ​ ရှိ​တယ်​။ ဒီ​ထက်​ ပိုက်​ဆံ​ရ​တဲ့​ အ​လုပ်​တွေ​လည်း​ ရှိ​ရင်​ ရှိ​မယ်​။ ဒါ​ပေ​မဲ့​ အ​ခု​အ​ချိန်​မှာ​ အ​ကုန်​လုံး​က​ အ​ခြေ​အ​နေ​ သိပ်​မ​ကောင်း​ကြတော့​ဘူး​။ စီး​ ပွား​ရေး​က​ တစ်​ကမ္ဘ​ာလုံး​ကျ​တာ​။ တ​ချို့​တွေ​က​ ဒဏ်​မ​ခံ​နိုင်​ကြ​တော့​ဘူး​။ အ​နု​ပ​ညာ​က​ ပို​ဆိုး​တာ​ပေါ့​။ အ​နု​ပ​ညာ​သ​မား​တွေ​က​ စီး​ပွား​ရေး​အ​ရ​လည်း​ ပတ်​သက်​နေ​တာ​ကိုး​။ အဲ​ဒီ​တော့​ နောက်​ဆုံး​ ကျန်​ခဲ့​လို့​ရှိ​ရင်​ ဘယ်​သူ​တွေ​ ကျန်​ခဲ့​ကြ​မ​လဲဆို​တော့​ အဲ​ဒီ​ကျန်​ခဲ့​တဲ့​သူ​တွေ​အ​ထဲ​မှာ​ ကိုယ်​ ပါ​ချင်​တယ်​။

မိုး​ဟေ​ကို​နဲ့​ ရိုက်​ထား​တဲ့​ Police မျက်​မှန်​ကြော်​ငြာ​က​လည်း​ တော်​တော်​ ပေါက်​တယ်​နော်​။
ဟုတ်​ကဲ့​။ ပေါက်​ပါ​တယ်​။ ကျွန်​တော်​လည်း​ အဲ​ဒီ​တစ်​ခု​ပဲ​ ရိုက်​တာ​။

ဖက်​ရှင်​ဒီ​ဇိုင်း​တွေ​ကျ​တော့​ ဒီ​ ၂၀၀၉ ခု​နှစ်​ထဲ​မှာ​ ဘာ​တွေ​ကို​ စိတ်​ဝင်​စား​လဲ​။
ကျွန်​တော်​ ဆံ​ပင်​ပုံ​စံ​ နည်း​နည်း​လေး​ ပြောင်း​ထား​တယ်​။ တ​ခြား​ဟာ​တွေ​က​တော့​ ဒါ​ပါ​ပဲ​။ အ​ရင်​အ​တိုင်း​ပါ​ပဲ​။

အ​ခု​အ​ရွယ်​မှာ​ ဖက်​ရှင်​အ​ကြိုက်​က​ ပြောင်း​သွား​ပြီ​လား​။
ကျွန်​တော်​အ​ရင်​တည်း​က​ ဒီ​အ​တိုင်း​ပဲ​။ အ​ရင်​က​ ပုံ​စံ​ပဲ​ ကြိုက်​တယ်​။ ကာ​ရိုက်​တာ​ အ​ရ​သာ​ပြောင်း​ရ​တာ​လေ​။

အ​ရွယ်​ရောက်​ပြီ​ဆို​တော့​လည်း​ ညီ​လေး​ရဲ့​ အ​ချစ်​နဲ့​ အိမ်​ထောင်​ရေး​ကို​ ညီ​လေး​ကို​ ချစ်​တဲ့​ ပ​ရိ​သတ်​တွေ​ စိတ်​ဝင်​စား​မှာ​ပေါ့​။
ကျွန်​တော်​က​လည်း​ စိတ်​ဝင်​စား​ပါ​တယ်​။ စိတ်​ဝင်​စား​တာ​မှ​ နှစ်​နှစ်​လောက်​ ရှိ​ပြီ​။ စိတ်​ကို​ စိတ်​ဝင်​စား​တယ်​။ တစ်​ယောက်​တည်း​နဲ့​ မ​ပြီး​ဘူး​၊ တစ်​ခု​တည်း​နဲ့​မ​ပြီး​ဘူး​။ ငယ်​ ငယ်​တုန်း​က​ ဦး​နှောက်​နဲ့​ အ​ခု​ ဦး​နှောက်​ကွာ​လာ​တဲ့​အ​ခါ​ကျ​တော့​ ပို​ပြီး​ စဥ်း​စား​ စဥ်း​စား​နေ​ရင်း​နဲ့​ လုပ်​ရ​မယ့်​အ​လုပ်​တွေ​၊ ထူ​ရ​မယ့်​မှတ်​တိုင်​တွေ​က​လည်း​ အ​များ​ကြီး​ ကျန်​ သေး​တယ်​။ တစ်​ခု​ခု​ ဖြစ်​ပြီး​သွား​ရင်​တော့​ ကျွန်​တော်​ ဆုံး​ဖြတ်​မှာ​ပါ​။

ကြာ​တော့​ ကြာ​ခဲ့​ပါ​ပြီ​။ ကို​လွှမ်း​မိုး​ရဲ့​ သီ​ချင်း​ 'အ​ချစ်​ရှုံး​သ​မား​ဒဿ​ဂီ​ရိ​' မှာ​ ညီ​လေး​ကို​ 'ဒဿ​ဂီ​ရိ​' နေ​ရာ​မှာ​ ထည့်​ထား​ပြီး​ ရဲ​အောင်​ကို​ 'ရာ​မ​' နေ​ရာ​မှာ​ထည့်​ထား​တဲ့​အ​ခါ​ကျ​တော့​ အဲ​ဒီ​အ​ပေါ်​မှာ​ ညီ​လေး​ ခံ​စား​မှု​ ဘယ်​လို​ရှိ​လဲ​။
ကျွန်​တော်​လည်း​ အဲ​ဒါ​ရိုက်​မှန်း​တောင်​ မ​သိ​ဘူး​။ တစ်​ဝက်​လောက်​ကျ​မှ​ သိ​တာ​။ ကောင်း​ပါ​တယ်​။ ကိုယ်​နဲ့​ လိုက်​မယ့်​နေ​ရာ​ ဒဿ​ဂီ​ရိ​လို​နေ​ရာ​မျိုး​ ဒါ​ရိုက်​တာ​က​ ပေး​ထား​တယ်​ ဆို​တော့​ သူ့​စိတ်​ထဲ​မှာ​ ကျွန်​တော့်​ကို​ ဒဿ​ဂီ​ရိ​လို့​ မြင်​လို့​ ဖြစ်​မှာ​ပေါ့​။

အ​ခု​ ကား​ရိုက်​တွေ​ ဆက်​နေ​တော့​ VCD​ တွေ​ရော​ ရိုက်​ဖြစ်​သေး​လား​။
VCD က​ မ​ရိုက်​ဖြစ်​တော့​ဘူး​ဗျ​။ တစ်​နှစ်​မှ​ တစ်​ပုဒ်​၊ နှစ်​ပုဒ်​၊ အဲ​ဒီ​လို​မျိုး​ ရိုက်​ဖြစ်​တယ်​။

အ​ချိန်​ မ​အား​တာ​ကြော​င့​်လား​။
အ​ချိန်​ကြော​င့​်လည်း​ ပါ​တယ်​။ တ​ချို့​ကျ​တော့​လည်း​ ငွေ​ရေး​၊ ကြေး​ရေး​အ​နေ​အ​ထား​နဲ့​ ကျွန်​တော်​တို့​ကို​ ငှား​ဖို့​ ခက်​ခဲ​ကြ​တယ်​။ အ​ဓိ​က​က​တော့​ အ​ချိန်​ကြော​င့​်ပါ​ပဲ​။ အ​ရမ်း​ ရင်း​နှီး​လို့​ ရှိ​ရင်​တော့​ ကျွန်​တော်​ လုပ်​ပေး​ပါ​တယ်​။

Lucky Seven ဗွီ​ဒီ​ယို​က​နေ​ ညီ​လေး​ကား​တွေ​ ဆက်​တိုက်​ထွက်​လာ​တော့​ ပ​ရိ​သတ်​ ရင်​ထဲ​ရောက်​ပြီး​ ပြော​နေ​ကြ​တာ​က​..။
အဲ​ဒါ​က​ ကျွန်​တော်​ ရိုက်​တဲ့​အ​ပေါ်​မှာ​ မူ​တည်​တယ်​။ စ​ပြီး​တော့​ ရိုက်​က​တည်း​က​ လွဲ​ပြီ​ဆို​ရင်​၊ ကျွန်​တော်​ နည်း​နည်း​ပေါ့​လိုက်​ပြီ​ဆို​ရင်​ သိ​တယ်​။ ပ​ရိ​သတ်​ဆီ​က​ ပြန်​လာ​တဲ့​ အ​ဖြေ​က​ သိပ်​မ​ကောင်း​ဘူး​။ သေ​သေ​ချာ​ချာ​ စိတ်​ရော​၊ ငွေ​ရော​၊ အ​ချိန်​တွေ​ ရော​နှစ်​ပြီး​ ရိုက်​တဲ့​ ကား​တွေ​ဆို​ရင်​တော့​ အ​ဆင်​ပြေ​ပါ​တယ်​။ အ​ခု​အ​ချိန်​မှာ​ကျ​တော့​ ဘယ်​ လောက်​ကောင်း​အောင်​ ရိုက်​ရိုက်​ခိုး​မယ့်​ အ​ခွေ​တွေ​က​ ရှိ​နေ​တော့​ တော်​တော်​လေး​ကို​ စဥ်း​စဥ်း​စား​စား​နဲ့​ လုပ်​နေ​ရ​တဲ့​ အ​ခြေ​အ​နေ​မျိုး​ပါ​ပဲ​။ ကျွန်​တော်​တစ်​ယောက်​တည်း​မှ​ မ​ဟုတ်​ပါ​ဘူး​။

သ​ရုပ်​ဆောင်​ အ​ဓိ​က​ လုပ်​နေ​တဲ့​အ​ပြင်​ တ​ခြား​အ​နု​ပ​ညာ​နဲ့​ပတ်​သက်​ရင်​ ဘာ​တွေ​လုပ်​ချင်​စိတ်​ရှိ​လဲ​။
ကျွန်​တော်​က​ ဘ​ဝ​ကို​ Plan နဲ့​ တည်​ဆောက်​တဲ့​သူ​တစ်​ယောက်​ပါ​။ အဲ​ဒီ​ Plan ထဲ​မှာ​ အဲ​ဒါ​တွေ​ ပါ​တော့​ပါ​တယ်​။ လုပ်​မယ်​ဆို​ရင်​လည်း​ ကိုယ်​က​ Perfect နီး​ပါး​ ဖြစ်​မှ​ပဲ​ လုပ်​ ချင်​တယ်​။ ဘာ​ဖြစ်​လို့​လဲ​ဆို​တော့​ ကိုယ့်​ရှေ့​မှာ​လည်း​ ကိုယ့်​သူ​ငယ်​ချင်း​တွေ​က​ ဒုက္ခ​ရောက်​တဲ့​သူ​တွေ​ ရှိ​တယ်​လေ​။ ဒါ​ရိုက်​တာ​လို့​ အ​မည်​ခံ​ထား​ပြီး​တော့​မှ​ ဒါ​ရိုက်​တာ​ နေ​ရာ​ မ​နေ​ရ​လို့​ ရှိ​ရင်​တော့​ ကျွန်​တော်​ ရိုက်​မှာ​ မ​ဟုတ်​ဘူး​။ အဲ​ဒီ​စ​ကား​ပြော​ရ​တာ​တောင်​မှ​ ကျွန်​တော့်​အ​တွက်​ တော်​တော်​လေး​ ပါး​စပ်​နဲ့​ မ​ဆံ့

Related
ေအာင်​ႅမင်​သူ​ေတႍ​နဲ႔​သ​ရ​ဖူ​
 
Same Category
အ​သွင်​သစ်​ သ​ရ​ဖူ​နှင့်​ သ​ရ​ဖူ​ ဆောင်း​နေ​ဆဲ​ စိုး​မြတ်​သူ​ဇာ​၊ စိုး​မြတ်​နန္ဒ​ာ
လူ​တိုင်း​ ပ​တ​​ၵႅမား​ကို​ ပိုင်​ဆိုင်​ခႍင့်​ရ႐ိ​ေစ​ခႀင်​တဲ့​ Jewellery designer ဘုန်း​သော်​ခ​
ကိုယ်​ပိုင်​စ​တိုင်လ်​ တစ်​မျိုး​နဲ့​ ပ​ရိ​သတ်​ ရင်​ထဲ​တိုး​ဝင်​နေ​သူ​
တောက်​ပ​တဲ့​ နေ့​ရက်​များ​နဲ့​ မိုး​ဟေ​ကို​
ထက်​ထက်​မိုး​ဦး​န႐င့်​ေတ့ႍ​ဆ့ံု​ႅခင်း​
မိုး​ေဟ​ကို​ၙ႐င့်​ေတ့ႍ​ဆံု​ႅခင်း​
ကို​ေဇ​ရဲ႕​အ​ခႀစ်​ေႄကာင့်​ စိတ်​ခႀမ်း​သာ​ရ​ပါ​တယ်​ဆို​တဲ့​ နၙၸာ​လ႒ိင်​
ေခႀာ​မႍ‍တ်​လ႐​ပ​ေစ​မ‍ယ့်​ ေန​ေလာ‍င်​ခံ​မိ‍တ်​က‍ပ်​
ႄကယ်​ပႍင့်​သစ်​ Mr. & Miss Crown ခန်႔​သူ​ရ​ေကႀာ်​နဲ႔​ သီ​ရ​ိရ႐င်း​သန်႔​
ေဖ​ေဖ​ာ်ဝါ​ရီ​လ​ရဲ့​ ချစ်​စ​ရာ​ကောင်း​တဲ့​နေ့​လေး​ တစ်​နေ့​ထဲ​က​ စိုင်း​စိုင်း​ခမ်း​လှိုင်​နှင့်​ ဝတ်​မှုန်​ရွှေ​ရည်​
MISSHA Skin.Care
Kanebo Liftulle
ေအာင်​ႅမင်​သူ​ေတႍ​နဲ႔​သ​ရ​ဖူ​
စ​တိုင်လ်​ကျ​ လှ​ပ​စေ​လို​သူ​ ဒီ​ဇိုင်​နာ​ ပြည်​စိုး​အောင်​နှင့်​