ThaRahPu
ယ​ခု​လ​ထုတ်​မဂၢ​ဇင်း​
အ​ဖႍင့်​စာ​မႀက်​ၙ႐ာ​
မႀက်​ၙ႐ာ​ဖံုး​ေဆာင်း​ပါး​
အ​လ႐​ဓါတ်​ပံု​
အ​လ႐​အ​ပ​
ကုန်​ပစၨည်း​သစ်​
ဖက်​ရ႐င်​
ကႀန်း​မာ​ေရး​ရာ​
ေလ့​ကႀင့်​ခန်း​
အိမ်​မ႒​ေရး​ရာ​
ခ​ရီး​သႍား​
အ​ခႀစ်​ၙ႐င့်​အိမ်​ေထာင်​ေရး​
ဂီ​တ​
အင်​တာ​ဗႀူး​
အ​မ႐တ်​တ​ရ​
ၙိုင်​ငံ​ရပ်​ႅခား​
အတၷဳပၻတၵိ​
ဘ​ဝ​ၙ႐င့်​ေအာင်​ႅမင်​မ႒​
က​ဗႀာ​
စာ​အုပ်​စင်​
ဝတၷဳ​
ကာ​တႍန်း​
အ​ေမး​အ​ေႅဖ​
သ​ရ​ဖူ​ေဗ​ဒင်​
သ​တင်း​
ဆံ​ကေ​သာ​ ပြု​စု​ ထိန်း​သိမ်း​ခြင်း​မှ​
2009-06-01
ရ​ရှိ​နိုင်​တဲ့​ အ​ကျိုး​ကျေး​ဇူး​များ​ - ၂
What can hair treatments achieve?
နန်း​အိ​အိ​ဇာ​
ခေါင်း​လျှော်​ပြီး​တိုင်း​မှာ​ ပျော့​ဆေး​နဲ့​ ထပ်​ပြီး​ လျှော်​ဖို့​ လို​အပ်​ပါ​သ​လား​
Is it necessary to use a conditioning treatment after every wash?
ဒီ​မေး​ခွန်း​အ​တွက်​ ဖြေ​ရ​မယ်​ဆို​ရင်​တော့​ ပျော့​ဆေး​ကို​ ထပ်​သုံး​ဖို့​ လို​၊ မ​လို​ဆို​တာ​ သုံး​စွဲ​မယ့်​သူ​ရဲ့​ ဆံ​ပင်​သား​ အ​မျိုး​အ​စား​နဲ့​ ခေါင်း​လျှော်​ရည်​ အ​မျိုး​အ​စား​များ​ အ​ပေါ်​မှာ​ မူ​တည်​နေ​ပါ​တယ်​။ များ​သော​အား​ဖြင့်​ conditioner ပျော့​ဆေး​တွေ​ဟာ​ ဆံ​ပင်​သား​ကို​ ပျော့​ပျောင်း​ နူး​ညံ့​လှ​ပ​စေ​နိုင်​တာ​ကြော​င့​် ခေါင်း​လျှော်​ပြီး​တိုင်း​မှာ​ သုံး​စွဲ​ပေး​သ​င့​်ပါ​တယ်​။ ဘယ်​လို​ပဲ​ဖြစ်​ဖြစ်​ ပျော့​ဆေး​တွေ​မှာ​ ပါ​ဝင်​ ဖော်​စပ်​ထား​တဲ့​ ဆီ​လီ​ကွန်​နဲ့​ ပေါ်​လီ​မာ​ ဒြပ်​ပေါင်း​တွေ​ဟာ​ ဆံ​ပင်​သား​ ဆိုး​ရွား​စွာ​ ပျက်​စီး​ ခြောက်​သွေ့​နေ​သူ​များ​ရဲ့​ ဆံ​ကေ​သာ​အ​တွင်း​ကို​ စိမ့်​ဝင်​မှု​အား​ကောင်း​မွန်​စေ​ပြီး​ အား​ဖြည့်​ပေး​နိုင်​စွမ်း​ ရှိ​ပါ​တယ်​။ ပျော့​ဆေး​သုံး​စွဲ​တဲ့​အ​ခါ​မှာ​ အ​ရေး​ကြီး​ဆုံး​က​ မိ​မိ​ရဲ့​ ဆံ​ပင်​သား​အ​တွက်​ ဘယ်​အ​တိုင်း​အ​တာ​လောက်​အ​ထိ​ပဲ​ သုံး​စွဲ​သ​င့​်သ​လဲ​ ဆို​တာ​ကို​ သိ​ဖို့​ လို​အပ်​ပါ​တယ်​။ ရံ​ဖန်​ရံ​ခါ​ ပျော့​ဆေး​ မ​သုံး​စွဲ​ဘဲ​နဲ့​ ခေါင်း​လျှော်​ရည်​ချည်း​ပဲ​ သက်​သက်​ သုံး​စွဲ​နိုင်​ပါ​တယ်​။ တ​ချို့​သာ​ အ​လှ​ကုန်​ ကုမ္ပ​ဏီ​များ​က​တော့​ ခေါင်း​လျှာ်​ရည်​တွေ​မှာ​ ပျော့​ဆေး​ပါ​ ထ​ည့​်သွင်း​ ဖော်​စပ်​ ထား​တာ​ကြော​င့​် သုံး​စွဲ​ရ​ လွယ်​ကူ​အ​ဆင်​ပြေ​စေ​ပါ​တယ်​။
ဆံ​ပင်​သား​ နူး​ညံ့​ကောင်း​မွန်​စေ​ရန်​
အ​မြန်​ဆုံး​ ကု​သ​ပေး​သော​ ဆေး​ရည်​များ​
Quick Treatment for more springiness
ဆံ​ပင်​သား​ကို​ အ​ထိ​ရောက်​ဆုံး​ နဲ့​ အ​လျင်​မြန်​ဆုံး​ ကာ​ကွယ်​ ပြု​စု​ပေး​နိုင်​တဲ့​ ဆေး​များ​ဟာ​ များ​သော​အား​ဖြင့်​ ဘူး​ပုံ​စံ​ ဒါ​မှ​မ​ဟုတ်​ စ​ပ​ရေး​ ပုံ​စံ​နဲ့​ ထုတ်​လုပ်​တတ်​ကြ​ပြီး​ အ​ပျော့​စား​ ပျော့​ဆေး​နဲ့​ အ​စို​ဓာတ်​တွေ​ ထည့်​သွင်း​ထား​ပါ​တယ်​။ ဒီ​ ကု​သ​ကာ​ကွယ်​ဆေး​ အ​မျိုး​အ​စား​တွေ​ဟာ​ စေး​ကပ်​ခြင်း​ မ​ရှိ​ဘဲ​ ဆံ​ပင်​သား​သေး​မျှင်​တဲ့​သူ​များ​နဲ့​ စေး​ကပ်​တဲ့​သူ​တွေ​အ​တွက်​ အ​ထူး​ပဲ​ သ​င့​်တော်​ပါ​တယ်​။ စ​ပ​ရေး​ အ​မျိုး​အ​စား​ ကု​သ​ကာ​ကွယ်​ဆေး​တွေ​က​တော့​ ထိပ်​ဖျား​ ဆံ​ပင်​သား​များ​ ကြမ်း​ပြီး​ ခြောက်​သွေ့​သူ​များ​ သုံး​စွဲ​သ​င့​်ပါ​တယ်​။ ဒါ​ပေ​မဲ့​ ဦး​ရေ​ပြား​ကို​ ထိ​ခိုက်​ခြင်း​မျိုး​ မ​ရှိ​စေ​ပါ​ဘူး​။ ဒီ​အ​မျိုး​အ​စား​တွေ​ကို​ သုံး​စွဲ​ပြီး​ရင်​ ရေ​နဲ့​ ပြန်​လည်​ ဆေး​ကြော​ပစ်​ဖို့​ မ​လို​အပ်​တဲ့​ အား​ဖြည့်​ ဆေး​ရည်​များ​ပါ​ပဲ​။ ဆံ​ပင်​သား​ စို​ပြည်​လှ​ပ​နေ​စေ​ပြီး​ စ​တိုင်လ်​ကျ​ လှ​ပ​နေ​စေ​ဖို့​ ရည်​ရွယ်​ထုတ်​လုပ်​ထား​တဲ့​ hair care ပစ္စည်း​တွေ​က​တော့​ ဂျယ်လ်​နဲ့​ အ​မြှုပ်​လို​ ဆံ​ပင်​ ပုံ​သွင်း​ဆေး​ (mousse) များ​လည်း​ စျေး​ကွက်​အ​တွင်း​မှာ​ ရ​ရှိ​နိုင်​ပါ​တယ်​။
ဘယ်​အ​ချိန်​တွေ​မှာ​ အ​ထူး​ ပြု​စု​ကု​သ​သ​င့​်သ​လဲ​
When do you need a thorough treatment?
ဆံ​ပင်​ အား​ဖြည့်​ဆေး​များ​အ​ဖြစ်​ ထုတ်​လုပ်​ထား​တဲ့​ ခ​ရင်မ်​နဲ့​ အ​ဆီ​ အ​မျိုး​အ​စား​တွေ​ဟာ​ အ​ခြေ​ခံ​အား​ဖြင့်​ ပျက်​စီး​နေ​တဲ့​ ဆံ​ပင်​သား​များ​အ​တွက်​သာ​ သ​င့​်တော်​ပါ​တယ်​။ အ​ဖျား​နှစ်​ခွ​ ကွဲ​နေ​တဲ့​ ဆံ​ပင်​သား​တွေ​ကို​ ဦး​ရေ​ပြား​ထဲ​ထိ​တိုင်​အောင်​ အား​ဖြည့်​ကု​သ​ပေး​ပြီး​ ဆံ​ပင်​သား​တွေ​ကို​ နူး​ညံ့​လှ​ပ​စေ​ကာ​ ပုံ​သွင်း​ရ​ လွယ်​ကူ​စေ​ပါ​တယ်​။ နောက်​ထပ်​ ပြု​စု​ကု​သ​မှု​ ခံ​ယူ​ရ​မယ့်​ ဆံ​ပင်​သား​ပိုင်​ရှင်​များ​က​တော့​ ဆံ​ပင်​ကို​ မ​ကြာ​ခ​ဏ​ ကောက်​လိုက်​၊ ဖြော​င့​်လိုက်​၊ ဆေး​ဆိုး​လိုက်​ အ​ရောင်​ချွတ်​လိုက်​ လုပ်​ဖြစ်​တဲ့​ ဆံ​ပင်​တွေ​၊ နေ​ရောင်​ခြည်​အောက်​မှာ​ အ​ကာ​ အ​ကွယ်​မ​ပါ​ဘဲ​ အ​ချိန်​ကြာ​မြ​င့​်စွာ​ နေ​တဲ့​သူ​တွေ​၊ က​လို​ရိုဒ်​ ဒြပ်​ပေါင်း​ ပါ​ဝင်​တဲ့​ ပစ္စည်း​နဲ့​ မ​ကြာ​ခ​ဏ​ ထိ​တွေ့​ရ​တဲ့​ ဆံ​ပင်​တွေ​အ​ပြင်​ ဆား​ငန်​ရည်​နဲ့​ ထိ​တွေ့​ပြီး​ ဆံ​ပင်​ကို​ ကောင်း​မွန်​စွာ​ ပြန်​လည်​ ဆေး​ကြော​ခြင်း​ မ​ရှိ​တဲ့​သူ​တွေ​ဟာ​ ဆံ​ပင်​သား​ကို​ အ​ထူး​ ဂ​ရု​စိုက်​ ကာ​ကွယ်​ထိန်း​သိမ်း​ပေး​ရ​မှာ​ ဖြစ်​ပါ​တယ်​။ အ​ကြမ်း​အား​ဖြင့်​ ဆံ​ပင်​သား​အ​များ​စု​ ပျက်​စီး​ရ​တာ​ဟာ​ ဓာ​တု​ဗေ​ဒ​ပစ္စည်း​များ​ မ​ကြာ​ခ​ဏ​သုံး​စွဲ​ခြင်း​ကြော​င့်​အ​ပြင်​ ဆံ​ပင်​သား​အ​နေ​အ​ထား​၊ ဆံ​ပင်​ ပုံ​စံ​အ​နေ​အ​ထား​နဲ့​ သ​င့်​်တော်​တဲ့​ ဘီး​ (သို့​) ဘ​ရှပ်ရ်​တွေ​ မ​သုံး​စွဲ​ခြင်း​ကြော​င့​်လည်း​ ဖြစ်​တယ်​လို့​ ဆို​ကြ​ပါ​တယ်​။ ဒီ​လို​ ပျက်​စီး​ခြောက်​သွေ့​ ကြမ်း​တမ်း​နေ​တဲ့​ ဆံ​ပင်​သား​တွေ​ကို​ ဂ​ရု​တ​စိုက်​ ပြု​စု​ထိန်း​သိမ်း​ ပေး​မယ်​ဆို​ရင်​ ဆံ​ပင်​သား​တွေ​ ကျန်း​မာ​စို​ပြည်​ လှ​ပ​လာ​မယ်​၊ ပျက်​စီး​ခြင်း​မှ​လည်း​ ကင်း​ေဝး​စေ​ပါ​မယ်​။ အ​မြဲ​တမ်း​အ​တွက်​ မ​ဟုတ်​ပေ​မယ့်​လည်း​ ယာ​ယီ​အား​ဖြင့်​တော့​ ဆံ​ပင်​ကို​ နက်​မှောင်​သန်​စွမ်း​စေ​မှာ​ပါ​။ ပျော့​ဆေး​ရဲ့​ အ​စွမ်း​ဟာ​ ဆံ​ပင်​သုံး​ကြိမ်​၊ လေး​ကြိမ်​လောက်​ လျှော်​ပြီး​သည့်​တိုင်​ အာ​နိ​သင်​ဟာ​ အ​စွမ်း​ထက်​နေ​ဆဲ​ပဲ​လို့​ လေ့​လာ​ တွေ့​ရှိ​ချက်​များ​အ​ရ​ သိ​ရ​ပါ​တယ်​။
ဆံ​ကေ​သာ​ကို​ ဘယ်​လို​ အ​ကောင်း​ဆုံး​ ထိန်း​သိမ်း​မ​လဲ​
How Treatments work best
ဆံ​ကေ​သာ​ကို​ ပြု​စု​ထိန်း​သိမ်း​ကြ​တဲ့​နေ​ရာ​မှာ​ သူ့​ရဲ့​ နည်း​ဥ​ပ​ဒေ​အ​တိုင်း​ လုပ်​ဆောင်​ပေး​ရုံ​နဲ့​ အ​ကျိုး​ကျေး​ဇူး​တ​ရား​ကို​ လက်​တွေ့​ သိ​မြင်​ခံ​စား​ကြ​ရ​မှာ​ ပါ​။Treatment ပေး​နေ​တဲ့​ အ​ချိန်​မှာ​ အ​ကောင်း​ဆုံး​က​တော့​ လုံ​လောက်​တဲ့​ အ​ချိန်​ အ​တိုင်း​အ​တာ​တစ်​ခု​အ​ထိ​ လုပ်​ဆောင်​ရ​မှာ​ပါ​။ ဥ​ပ​မာ​အား​ဖြင့်​ ဆံ​ပင်​ကို​ ပေါင်း​တင်​ထား​တယ်​ဆို​ရင်​လည်း​ အ​နည်း​ဆုံး​ ၁၅ မိ​နစ်​၊ မိ​နစ်​ ၂၀ က​နေ​ နာ​ရီ​ဝက်​လောက်​ ပေါင်း​ထား​ပေး​မှ​သာ​ ဆေး​ရဲ့​ အာ​နိ​သင်​တွေ​ကို​ ဆံ​ပင်​သား​နဲ့​ ဦး​ရေ​ပြား​တွေ​က​ စိမ့်​ဝင်​စုပ်​ယူ​နိုင်​စွမ်း​ ရှိ​ကြ​မှာ​ပါ​။ ဒီ​ဖြစ်​စဥ်​ မှာ​ ဆံ​ကေ​သာ​အ​တွက်​ ပို​ပြီး​ ထိ​ရောက်​စေ​ဖို့​ ရေ​နွေး​ငွေ့​နဲ့​လည်း​ ပေါင်း​ခံ​ပေး​ရ​မှာ​ ဖြစ်​ပါ​တယ်​။ ပေါင်း​တင်​ပေး​နေ​စဥ်​မှာ​ ဦး​ရေ​ပြား​ကို​ အ​ပူ​ဒဏ်​မှ​ ကာ​ကွယ်​ပေး​နိုင်​ဖို့​ အ​လူ​မီ​နီ​ယံ​ သတ္တ​ပြား​နဲ့​သော်​လည်း​ကောင်း​၊ မျက်​နှာ​သုတ်​ပ​ဝါ​များ​နဲ့​လွှမ်း​ခြုံ​ ပေါင်း​ထား​ပေး​ပြီး​ အ​ကာ​အ​ကွယ်​ ပြု​လုပ်​ပေး​ရ​မှာ​ ဖြစ်​ပါ​တယ်​။ ဒီ​အ​ဆင့်​ဟာ​ အ​ရေး​ကြီး​ဆုံး​ ဖြစ်​တာ​ကြော​င့်​ သေ​ချာ​စွာ​ ပြု​မူ​ ဆောင်​ရွက်​ပြီး​မှ​ ရေ​နဲ့​ စင်​အောင်​ ပြန်​လည်​ ဆေး​ချ​ပေး​ရ​မှာ​ ဖြစ်​ပါ​တယ်​။
အ​များ​အား​ဖြင့်​ အ​မျိုး​သား​၊ အ​မျိုး​သ​မီး​တိုင်း​ဟာ​ ဆံ​ပင်​ကို​ ပြု​စု​ကု​သ​ထိန်း​သိမ်း​ဖို့​ လို​အပ်​လာ​ရင်​ ပစ္စည်း​ကောင်း​တွေ​ ရွေး​ချယ်​ အ​သုံး​ပြု​တဲ့​အ​ပြင်​ နည်း​စ​နစ်​ကျ​န​စွာ​ ပြု​လုပ်​ပေး​ကြ​တဲ့​ အ​လှ​ပြင်​ ဆိုင်​ကို​ သွား​ဖြစ်​ကြ​တာ​ များ​ပါ​တယ်​။ အိမ်​မှာ​တင်​ မိ​မိ​ဘာ​သာ​ စမ်း​တ​ဝါး​ဝါး​ ပြု​လုပ်​တာ​ထက်​စာ​ရင်​ မိ​မိ​ ဆံ​ပင်​သား​ရဲ့​ ကောင်း​ခြင်း​၊ ဆိုး​ခြင်း​ အ​ကျိုး​ အ​ပြစ်​တွေ​ကို​ ပို​ပြီး​ နား​လည်​တာ​က​အ​လှ​ပြင်​ဆိုင်​တွေ​ ဖြစ်​တာ​မို့​ ရ​ရှိ​လာ​မယ့်​ အ​ကျိုး​ကျေး​ဇူး​က​လည်း​ ပို​ပြီး​ ကောင်း​မွန်​တာ​ကို​ တွေ့​ရ​မှာ​ပါ​။ အ​ကောင်း​ဆုံး​က​တော့​ ဆေး​ဆိုး​ထား​တဲ့​ ဆံ​ပင်​သား​တွေ​၊ ကောက်​ထား​တဲ့​ ဆံ​ပင်​သား​တွေ​ဟာ​ မ​ကြာ​ခ​ဏ​ ဆံ​ပင်​ကို​ ပြု​စု​ကု​သ​ ထိန်း​သိမ်း​ပေး​ဖို့​ လို​အပ်​လှ​ပါ​တယ်​။ ဆံ​ပင်​သား​တွေ​ဟာ​လည်း​ နူး​ညံ့​လွန်း​တာ​ကြောင့်​ ကိုင်​တွယ်​ ပြု​လုပ်​ပေး​တဲ့​အ​ခါ​မှာ​ ဆံ​ခြည်​မျှင်​တွေ​ကို​ အ​ကြမ်း​ပ​တမ်း​မ​ပြု​မိ​ဖို့​ အ​ရေး​ကြီး​ပါ​တယ်​။ ဒါ​ကြော​င့​် ဆံ​ကေ​သာ​ အ​လှ​ဟာ​ လူ​တိုင်း​အ​တွက်​ အ​ရေး​ပါ​ အ​ရာ​ရောက်​တာ​ကြော​င့​် ဂ​ရု​တ​စိုက်​ ထိန်း​သိမ်း​စောင့်​ရှောက်​တတ်​ဖို့​ လို​အပ်​လှ​ပါ​တယ်​။
၁။ ဆံ​ပင်​သား​တွေ​ဟာ​ ပြု​စု​ကု​သ​မှု​ ခံ​ယူ​ပြီး​တဲ့​နောက်​မှာ​ ဘာ​ကြော​င့်​ စို​ပြည်​တောက်​ပ​လာ​ရ​သ​လဲ​ဆို​ရင်​ ဆံ​ပင်​သား​ရဲ့​ မျက်​နှာ​ပြင်​တွေ​ဟာ​ နူး​ညံ့​ချော​မွတ်​လာ​တဲ့​ ရ​လဒ်​က​ ရောင်​ပြန်​ဟပ်​တာ​လို့​ ဆို​ရ​မှာ​ပါ​ပဲ​။
၂။ ဆံ​ပင်​ကို​ ပေါင်း​တင်​ထား​စဥ်​မှာ​ မိ​နစ်​ အ​နည်း​ငယ်​ကြာ​ ဆေး​အာ​နိ​သင်​ စိမ့်​ဝင်​အောင်​ ပေါင်း​ထား​ပေး​သင့်​ပါ​တယ်​။ ပေါင်း​ထား​စဥ်​မှာ​ ဦး​ခေါင်း​ အေး​သွား​တာ​ထက်​ စာ​ရင်​ အ​ပူ​ငွေ့​လေး​ ပေး​ထား​သ​င့​်တာ​ကြော​င့​ မျက်​နှာ​သုတ်​ပ​ဝါ​နဲ့​ ပေါင်း​ထား​ပေး​ပါ​။
၃။ ပျက်​စီး​နေ​တဲ့​ ဆံ​ပင်​သား​တွေ​ကို​ ပေါင်း​တင်​တဲ့​အ​ခါ​မှာ​ ပေါင်း​ဆေး​များ​များ​ သုံး​စွဲ​ပေး​သ​င့​်ပါ​တယ်​။ အ​ဖျား​တွေ​ ဦး​ရေ​ပြား​ထိ​တိုင်​ နှံ့​စပ်​အောင်​ သုတ်​လိမ်း​ပေး​သ​င့​်ပါ​တယ်​။ ၄။ နေ​အိမ်​မှာ​လည်း​ မိ​မိ​ဘာ​သာ​ ပြု​စု​ကု​သ​ပေး​လို​တယ်​ဆို​ရင်​ အ​လွယ်​တ​ကူ​ပဲ​ မီး​ဖို​ချောင်​မှာ​ ရှိ​တဲ့​ ပစ္စည်း​လေး​တွေ​နဲ့​လည်း​ ပြု​လုပ်​ပေး​နိုင်​ပါ​တယ်​။ ကြက်​ဥ​အ​နှစ်​နဲ့​အ​တူ​ သံ​ပ​ရာ​သီး​ (သို့​) ရှောက်​သီး​ ညှစ်​ပြီး​ ရော​မွှေ​ပါ​။ ပြီး​ရင်​ ဆံ​ပင်​သား​ကို​ နှံ့​စပ်​အောင်​ သုတ်​လိမ်း​ပေး​ကာ​ ခ​ဏ​ ပေါင်း​ထား​ပေး​ပြီး​ လျှော်​လိုက်​ပါ​။ ပြီး​မှ​ ဆံ​ပင်​ကို​ မျက်​နှာ​သုတ်​ပ​ဝါ​နဲ့​ ခြောက်​သွေ့​အောင်​ သုတ်​ပေး​ပါ​။
၅။ ပျော့​ဆေး​ (သို့​) ပေါင်း​ဆေး​များ​ အ​သုံး​ပြု​တဲ့​အ​ခါ​မှာ​ ဆံ​ပင်​သား​တွေ​ကို​ အ​လွှာ​လိုက်​ယူ​ပြီး​ နှံ့​စပ်​အောင်​ အ​ရေ​ပြား​တွေ​၊ ဆံ​ပင်​အ​ဖျား​တွေ​ပါ​ မ​ကျန်​အောင်​ သုတ်​လိမ်း​ပေး​ပါ​။
၆။ အ​ဖျား​နှစ်​ခွ​ ဖြစ်​တဲ့​ ဆံ​ပင်​တွေ​ကို​ ပြု​စု​ကု​သ​တဲ့​အ​ခါ​မှာ​ ယာ​ယီ​အား​ဖြင့်​ ကော်​နဲ့​ကပ်​လိုက်​သ​လို​မျိုး​ ပြန်​ကောင်း​သွား​နိုင်​ပေ​မယ့်​ အ​ကောင်း​ဆုံး​က​တော့​ အ​ဖျား​နှစ်​ခွ​တွေ​ကို​ နည်း​နည်း​ချင်း​ တိ​ပေး​ရ​ပါ​မယ်​။
Related
လိုကျ​ဖကျ​သော​ဆံ​ပင်​ပံု​ဆံ​
သက်​ရ႐ည်​ကႀန်း​မာ​ေစ​ရန်​ေလ့​ကႀင့်​ခန်း​ႅပု​လုပ်​ႅခင်း​
အ​လှ​အ​ပ​ရေး​ရာ​ မေး​လို​ရာ​မေး​ပါ​
မျက်​ဝန်း​ကို​ ပေါ်​လွင်​လှ​ပ​စေ​မယ့်​ မျက်​တောင်​တု​များ​
အ​မှတ်​တ​ရ​ အင်္ဂ​လန်​ - ၁၀
အ​လှ​အ​ပ​ရေး​ရာ​ မေး​လို​ရာ​မေး​ပါ​
မျက်​ဝန်း​ပုံ​သဏ္ဌာန်​ အ​မျိုး​အ​စား​အ​လိုက်​ ပြင်​ဆင်​ခြယ်​သ​နည်း​
အ​သား​အ​ရေ​ကို​ အာ​ဟာ​ရ​ပြ​ည့​်အောင်​ ဖြည့်​ပါ​
အ​လှ​အ​ပ​ရေး​ရာ​ မေး​လို​ရာ​ မေး​ပါ​
ဆံ​ကေ​သာ​ ပြု​စု​ ထိန်း​သိမ်း​ခြင်း​မှ​ ရ​ရှိ​နိုင်​သည့်​ အ​ကျိုး​ကျေး​ဇူး​များ​
နှုတ်​ခမ်း​ အ​လှ​ ပြင်​ဆင်​ခြယ်​သ​နည်း​
မျက်​ဝန်း​အ​လှ​ ပေါ်​လွင်​စေ​ရန်​ လိုင်​နာ​ခြယ်​သ​မှု​ နည်း​အ​မျိုး​မျိုး​
ကော့​ရွှန်း​တဲ့​ မျက်​တောင်​ အ​လှ​ပြင်​ဆင်​ခြယ်​သ​မှု​
ကိုယ်​တွင်း​မှ​ ကိုယ်​ပ​သို့​ အာ​ဟာ​ရ​ဓာတ်​ ဖြ​ည့​်တင်း​ပါ​
အ​မှတ်​တ​ရ​ အင်္ဂ​လန်​ - ၇
Same Category
ဗိုက်​သား​ဆူ​ဆူ​ ဖုံး​အုပ်​စေ​ရန်​ ဝတ်​ဆင်​နည်း​များ​
၂၀၀၈ ခု​နှစ်​ အ​ကောင်း​ဆုံး​ဆု​ရ​ အ​လှ​ကုန်​ပစ္စည်း​များ​
လှ​ေစ​ချ​င်လွ​န်းလို့​
ၙူး​ညံ့​ေသာ​ ပင်​လယ်​ဆဲႍ​ႄကိဳး​ႅပဳ​လုပ်​နည်း​
အို​မင်း​ရင့်​ရော်​ခြင်း​မှ​ ကာ​ကွယ်​ပေး​မည့်​ ၂၀၀၈ ခု​နှစ်​ အ​ကောင်း​ဆုံး​ဆု​ရ​
ကော့​ရွှန်း​တဲ့​ မျက်​တောင်​ အ​လှ​ပြင်​ဆင်​ခြယ်​သ​မှု​
စ​တိုင်လ်​ကျ​ လှ​ပ​ဖို့​ ဘာ​တွေ​ရှောင်​ရ​မ​လဲ​
မ​တို့​အ​တွက်​ လှ​ဖို့​
မိ​မိ​ဆံ​ပင်​သား​အ​တွက်​ အ​သင့်​တော်​ဆုံး​ ခေါင်း​လျှော်​ရည်​ အ​မျိုး​အ​စား​
မျက်​ဝန်း​အ​လှ​ ပေါ်​လွင်​စေ​ရန်​ လိုင်​နာ​ခြယ်​သ​မှု​ နည်း​အ​မျိုး​မျိုး​
အ​ေကာင်း​ဆံုး​ဆု​ရ​ အ​လ႐​ကုန်​ပစၨည်း​မႀား​
ဆံ​ကေ​သာ​ ပြု​စု​ ထိန်း​သိမ်း​ခြင်း​မှ​ ရ​ရှိ​နိုင်​သည့်​ အ​ကျိုး​ကျေး​ဇူး​များ​
One Way Emo Hair Style သစ်​နဲ႔​ ဆန်း​ထႍဋ်​
ပတ်​လည်​လိပ်​ဆံ​ထံုး​ ထံုး​ဖႍဲ႔​နည်း​