မာလာတင်
ကျွန်မ ဒီလ ဘာများ ရေးရမလဲလို့ စိတ်ထဲ စဥ်းစားနေမိတယ်။ ဟိုလကတော့ မင်္ဂလာဆောင်ခန်းမထဲမှာ မလုပ်သင့် မလုပ်ထိုက်တာ မလုပ်မိဖို့ ရေးခဲ့မိတယ်။ စာရေးဖို့ စဥ်းစားရတာ တော်
တော် ခေါင်းစားရပါတယ်။ ကျွန်မ သိသမျှလေးတွေ၊ ကျွန်မ မှားခဲ့တာလေးတွေကို မှားမှန်း သိလို့ နောင်တရလို့ ကျန်ကလေးတွေ မမှားတန် မမှားရအောင် ဘာရယ်မဟုတ်ပါဘူး။ ရေးမိပြောမိ
သွားရင်း ကြိုက်တဲ့သူက ကြိုက် မကြိုက်တဲ့သူက မကြိုက်နှင့်။ ကျွန်မ စာရေးရတာ လှုပ်လီလှုပ်လဲ့ ဖြစ်နေပြီး ကျွန်မစာတွေ ရေးနေရတယ်။ ဒီလအတွက် ကျွန်မဆီကို လာတဲ့ စာလေးတစ်
စောင်ကို ကျွန်မ ဖတ်မိပြီး ရေးဖို့ အကြောင်းအရာလေးတစ်ခု ရလိုက်ပါတယ်။ စာထဲမှာ ကလေးမလေး ကျွန်မကို ပြောလာပါတယ်။ သူအသက်နှစ်ဆယ်ကျော်ကျော်လောက်မှာ အိမ်က ပေးစားတဲ့
ယောက်ျား သူ့ထက် အသက်လည်း ကြီးတယ်။ ရာထူး ဂုဏ်ထူးတွေလည်း ရှိတယ်။ သူ့မိဘတွေ ပေးစားလို့ ယူထားရပါတယ်။ ကလေးမလေးက ပြောပါသေးတယ်။ သူချစ်မရတဲ့အတွက် အိမ်က
ထွက်ပြေးဖို့ ကြံပါသေးတယ်။ ဒါပေမဲ့ သူ လက်ထပ်ခဲ့ရပါတယ်။ ကလေးမလေးမှာ ဖခင်မဲ့တယ်၊ မောင်နှမများတယ်။ ရှင်းရှင်းပြောရရင်တော့ ယောက်ျားကောင်း တစ်ယောက်ကို တွေ့တယ်။
သားသမီးကို ဆင်စီးပြီး မြင်းရံထားစေချင်တဲ့ အတွက် မိသားစုက စီစဥ်လိုက်တာပါ။ ဒါတွေဟာ မှန်ပါတယ်။ မိဘတိုင်းရဲ့ စိတ်ရင်းစေတနာပါ။ ဒါပေမဲ့ လူသားတိုင်းမှာ ကံတရားဆိုတာ ရှိတတ်ကြ
စမြဲဆိုတာကို လူသား တိုင်း မမြင်သူ မမြင်ကြသလို မြင်တဲ့သူလည်း မြင်တတ်ပါတယ်။ ကျွန်မလည်း ငယ်ရွယ်စဥ် အခါမှာ ကံတရားကို မြင်ကို မမြင်ခဲ့တာပါ။ ယုံလည်း မယုံခဲ့ပါဘူး။ ဒါပေမဲ့
အသက်ကြီး လာလိုက်သည့်အတွက် ကံတရားဆိုတာတွေကို မြင်သထက် မြင်လာပါတယ်။ ပြောမယ်ဆို အရှည်ကြီးပါ။ အခုကိစၨလေးကိုပဲ ကျွန်မ ဦးတည်ပြောပါ့မယ်။ ကျွန်မကို စာရေးထားပြီး
အကြံဉာဏ်တောင်းတဲ့ ကလေးမလေးကိစၨကိုပဲ ဆက်ရေးပါ့မယ်။
ကလေးမလေး ချစ်၏၊ မချစ်၏ကို ဘေးချိတ်ထားပြီး ယောက်ျားယူခဲ့တယ်။ ကလေးမွေးတယ်။ အဲဒီသံသရာထဲမှာ တဝဲဝဲ တလည်လည်နေရင်း အချိန်တွေ ကြာလာသည့်အလျောက် ယော
က်ျားလုပ်သူက ရာထူးတွေ တက်လာတယ်။ ငွေပိုရှိလာတယ်။ မပြည့်မစုံခင်က မိန်းမကို ငွေအပ်ပေမယ့် ပြည့်စုံလာသည့်အခါမှာ မိန်းမကို ပေးလာခြင်း မရှိ။ အချိုးတွေ ပြောင်းလာသည်လို့ ရေး
ထားပါတယ်။ ကျွန်မ သူ့စာကို ဖတ်နေတဲ့ကာလမှာ အတွေးတစ်ခု ဝင်ခဲ့ပါတယ်။ ကျွန်မရဲ့ အသက်ကြီးရင့်လာခြင်း၊ ကျွန်မတွေ့ကြုံခဲ့ရတဲ့ အပိုင်းပေါ့နော်။ အခုလို ယောက်ျားရဲ့ ပေးကမ်းမှု နည်း
သွားခြင်း၊ အဆင်မပြေခြင်းရဲ့ အဓိကအချက်ကတော့ မိဘတွေ မဆင်မခြင် မစဥ်းမစားဘဲ ကိုယ်ဘယ်လောက်ထိ သားသမီးကို ကျွေးမွေးနိုင်မှာလဲ ဆိုတာတွေကို မတွက်ဘူး။ ကလေးတွေ စွတ်
မွေးတယ်။ ပြောပြန်ရင်လည်း ကျွန်မ လွန်ရာကျဦးမယ်။ ကျွန်မ ပြောပြဆိုပြနေရတာ တော်တော်စိတ်လည်း ပျက်တယ်။ ရင်လည်း မောတယ်။ ဦးနှောက်လည်း ခြောက်တယ်။ သက်ပြင်းလည်း
အခါခါချမိတယ်။
လူ့လောကကြီးမှာ လူသားတိုင်း အိမ်ထောင်ပြုကြတယ်။ ဒါသဘာဝတရားပါ။ ကလေးတွေ မွေးတယ်။ ဒါလည်း မှန်တာပါပဲ။ ဒါပေမဲ့ လူတိုင်း မေ့နေကြတာလား၊ အရေးမကြီးဘူး ထင်နေလားတော့
မသိပါဘူးရှင်။ သေခြင်းတရားတစ်ခု ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ကြီးခြင်း၊ ငယ်ခြင်း၊ ဘယ်သူ့ကိုမှ မျက်နှာမလိုက်နေတဲ့ သေခြင်းတရား၊ အဲဒါကြီးကို မေ့လို့လား ဒါမှမဟုတ် ငါတော်တော်နှင့် မ
သေနိုင်ဘူး ထင်လို့လားတော့ မသိတော့ပါဘူး။ ကလေးရှစ်ယောက်ကို မွေးပစ်တယ်။ ကိုယ့်ဘက်က တအား ချမ်းသာနေတယ်။ ကိုယ်သေသွားလည်း ကျန်သူတွေ ဒုက္ခမရောက်နိုင်ရင်တော့ မွေး
စမ်းပါ။ ကလေးတစ်ယောက် လူတစ်လုံး၊ သူတစ်လုံး ဖြစ်ဖို့ ပျိုးထောင်ပေးရမှာ မိဘတာဝန်လေ။ သား ယောက်ျားလေးပဲဖြစ်ဖြစ် သမီး မိန်းကလေးပဲ ဖြစ်ဖြစ် ဒီကလေးတွေအတွက် ရပ်တည်နိုင်ဖို့
မိဘဘက်မှာ တာဝန်ကျေရပေလိမ့်မယ်။ ပညာသင်ပေးရမယ်။ အိမ်ထောင်ပြုကြရင်လည်း အထိုက်အလျောက်တော့ ပေးလိုက်နိုင်မှ တော်ကာကျ မှာပါ။ အခုကိစ္စမှာ ကျွန်မဘက်က အမြင်ပေါ့နော်။
ကျွန်မကို စာရေးထားတဲ့ ကလေးမလေး မောင်နှမ များတယ်။ ဖခင် ကွယ်လွန်တယ်။ မိခင်နှင့် မိသားစုက ငယ်ရွယ်သော မိန်းကလေးကို ယောက်ျားကောင်း တွေ့တာနဲ့ ပေးစားတယ်။ မိန်းကလေး
ဘဝလုံခြုံသွားပြီလို့ ထင်ကြတယ်။
ကျွန်မလည်း ငယ်စဥ်တုန်းဆီက ဒီအတွေး မှန်တယ် ထင်ခဲ့တာပါပဲလေ။ ကြီးလာလေလေ ကိုယ့်အိမ်ထောင်ရေး၊ တခြားအိမ်ထောင်ရေးတွေနဲ့ အရှုပ်တော်ပုံတွေကို တွေ့ထိခံစားတဲ့ အခါမှာ
အိမ်ထောင်ရေးတွေရဲ့ အမှန် အမှားတွေကို ကွက် ကွက်ကွင်းကွင်း မြင်လာမိတယ်။ မရခင် ဖျာလိုလိပ် ထိပ်ပေါ်တင်ခဲ့ကြတဲ့ မောင်မင်းကြီးသားတွေ အကြောင်းကို ကျွန်မ တအား မြင်လာတယ်။
ယောကျားယူတဲ့အခါ ဆောင်ရန် ရှောင်ရန်တွေကို ကျွန်မ တွေ့နေမိတယ်။ ငယ်ရွယ်လှပခြင်းဆိုတာကို လူသားဖြစ်တဲ့ ယောကျားကြီးတွေက ကြိုက်မှ ကြိုက်ပါ။ ဒါပေမဲ့ လက်ထပ်ပြီး ကြာလာ
တဲ့အခါမှာ မြင်ဖန် များလာတော့ ရိုးအီသွားတတ်ကြတယ်။ ယောက်ျားသားကြီးတွေ ကိုယ့်ဘက်ကပဲ ရှာကျွေး နေရတော့ တကယ့်လက်တွေ့မှာ ပင်ပန်းသွားကြတယ်။ ကိုယ်ယူထားတဲ့ မိန်းမ
ဘက်က အလုပ်မရှိ၊ အကိုင်မရှိ၊ အမွေမရှိ တစ်ဖက်တစ်လမ်းက ငွေဝင်လာခြင်း မရှိဘဲ ကိုယ့် ဘက်ကပဲ ပံ့ပိုးနေရတော့ အထင်သေးမှုတွေ ရှိလာမယ်၊ ကျွန်မ ကြားဖြတ် တောင်းပန်လိုက်ဦးမယ်
နော်။ မိန်းမကို သဲသဲလှုပ် ချစ်ပြီး ရှာကျွေးသူတွေ ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ ရှားပါး ပစ္စည်းတစ်ခုပါ။
ကျွန်မတို့ မိဘတွေ ခေတ်တုန်းကတော့ မိန်းမကို ရှာကျွေးကြတာ အမှန်တကယ် ရှိပါတယ်။ ကျွန်မ ဖခင်လည်း မိန်းမနှင့် ကလေးတွေကို ရှာကျွေးပါတယ်။ ဒါပေမဲ့ ရှာကျွေးရလို့လား မသိတော့ပါ
ဘူး။ ကျွန်မ ဖခင်၊ ကျွန်မ မိခင်ကို အရမ်း အနိုင်ကျင့်တာကို တွေ့ခဲ့မိတယ်။ ဖခင်ကြီးရဲ့ အတင်းကို ပြောဆိုခြင်း မဟုတ်ပေမယ့် အမှန်ပြောရရင် ကျွန်မ ငယ်ငယ် ကတည်းက အမေ့ကို သနား
တယ်။ ပိုက်ဆံမရှာတတ်ပေမယ့် အမေကလေးတွေ မွေး ချက်ပြုတ်လုပ်ကိုင်ပြီး ပင်ပန်းပေမယ့် အဖေ့ရဲ့ အပြစ်ရှာမှုကို မြင်ပြီး ကျွန်မ ကိုယ့်ခြေပေါ် ကိုယ် ရပ်နိုင်အောင် ကြိုးစားမိသွားတာပါ။ လို
ရင်းတိုရှင်း ပြောရရင် အဖေက အမေ့ကို ငွေအပ်ပြီးရင် လကုန်တာနဲ့ အသုံးစရိတ်တွေ တင်ပြရ၊ အမေများ နည်းနည်း ပိုသုံးမိရင် ဆူပူကြိမ်းမောင်းတာကို ကျွန်မ တွေ့ရတော့ ကျွန်မလေ ငယ်မူငယ်
သွေး ဖြစ်နေတဲ့အချိန်အခါ ကျွန်မရဲ့ စိတ်ထဲမှာ ငါကြီး လာရင် အလုပ်လုပ်မယ်၊ ငါကြိုးစားမယ်၊ ယောကျား ယူရင်တောင် စာရင်း အစစ်မခံရအောင် နေမယ်၊ ဘယ်သူ့လက်အောက်ကိုမှ အကျမ
ခံဘူးလို့ ခေါင်းထဲ တွက်မိသွားတယ်။ ဒါတကယ့် ဖြစ်ရပ်မှန်ပါ။ တဖြည်းဖြည်းနှင့် ကျွန်မ အရွယ်ရောက်တဲ့အချိန်မှာ တွေ့ရမြင်ရတာတွေက ငွေရှာနိုင်တဲ့သူက အမြဲ အနိုင်ဘက်မှာ အားသာနေ
တာကို တွေ့ရတယ်။
ဒါကျွန်မရဲ့ ကောင်းတဲ့ အမြင်လား၊ မကောင်းတဲ့အမြင်လားတော့ မသိဘူး။ မှားချင် ကျွန်မ မှားမယ်။ ဒါပေမဲ့ ဟန်မဆောင်ဘဲ မလိမ်မညာဘဲ ပြောရရင် မိန်းကလေးတွေ ယောက်ျားလုပ်စာ
စားရရင် တော်တော်လေးတော့ အခက်တွေ့တာ များကြပါတယ်။ ကျွန်မ သင်တန်းသူလေးတွေကိုလည်း လေ့လာမိသလောက် ကျွန်မ အတွေးမှန်တာကို တွေ့မြင်ရပါတယ်။ ကျွန်မကို စာရေးထားတဲ့
ကလေးမလေးရဲ့ ဇာတ်လမ်းကို ဆက်ပြောရမယ်ဆိုရင် ဒီကလေးမလေး လက်ထပ်တဲ့အချိန်မှာ သူ့ကိုယ်ပိုင် အရည်အချင်းတွေပါခဲ့ပုံ မပေါ်ပါဘူး။ မိန်းကလေးဘက်က ငယ်ရွယ်နုနယ်ပြီး အပျိုစင်
ဆိုတာ တစ်ခုပဲပါခဲ့ပုံ ရပါတယ်။ တချို့မိသားစုတွေ ရဲ့ အတွေးက သမီးလေးကို လင်ပေးစားလိုက်ရင် စိတ်ချရပြီ မှတ်ကြတယ်။ ငယ်ရွယ်စဥ်ကတော့ ဟုတ်လို့ပါပဲ။ ယောက်ျားလေးဘက်ကလည်း
အားလုံး OK ပါပဲ။ ဒါပေမဲ့ ဘဝမှာ အိမ်ထောင်သည်ဘဝဟာ တော်တော် တွေးရခက်ကြီးပါ။ ဘ၀မော တွေ အများကြီး ကြုံရတာပါ။ တွေးထင်ထားတဲ့ အရာတွေဟာ တစ်ခါတလေ မဟုတ်ပါဘူး။
အမြဲတမ်း တလွဲတချော်တွေ ဖြစ်တတ်နေတာကို ကိုယ် တွေ့ကြုံဖူးသူတိုင်း သိကြမှာပါ။ ဘယ်အရာကိုမှ စိတ်ကူးလေးနှင့် လွယ်လွယ်လေး မတွေးမိဖို့ ဘယ်သူ့ကိုမှ တအားကြီး မယုံကြည်ကြဖို့
ဘဝတစ်ခုကို အမြဲတမ်း နင့်နင့်နဲနဲ လေးလေးနက်နက် ဆုံးဖြတ်နိုင်မှ တော်ကာကျတော့မှာပါ။ ကျွန်မ ပြောပြဆုံးမနေတာတွေဟာ တကယ့်ရင်ထဲက လာတဲ့စကားတွေပါ။ ဒါကိုမှ ကလေးတွေ လက်
မခံချင်လည်း နေကြပေါ့နော်။ ကျွန်မ ဘဝတစ်ခုကို လျှောက်လှမ်းခဲ့တာ၊ တွေ့ထိခံစားရတာ ပေါ့ပေါ့လေးတော့ ဟုတ်မနေပါဘူး။ အောင်မြင်မှု တစ်ခုကို ရဖို့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။
အထု အထောင်းလည်း တော်တော်ခံခဲ့ရ ပါတယ်။ သားရယ်၊ သမီးရယ် မွေးခဲ့တဲ့ ကျွန်မ ဒီကလေးနှစ်ယောက်ရဲ့ ဘဝတစ်ခုကို မြင့်မားဖို့ စွမ်းဆောင် ခဲ့ရတာ ကျွန်မ လက်မောင်းနှစ်ဖက် ပြုတ်မ
တတ် သူတို့နှစ်ယောက်ကို ဆွဲယူလျှောက်လှမ်းခဲ့ရတာပါ။ ဘယ်သူမပြု မိမိမှုပါ။ ရှစ်ယောက်လောက်သာ မွေးခဲ့ရင် ကျွန်မ ရေေဝးကို ရောက်သွားနေပါပြီ။ ကျွန်မကိုယ်နှင့်လည်း မဆိုင် ဘာမှလည်း
ဆွေမျိုးမတော်ဘဲ ကျွန်မ စာတွေရေးနေတာ ကလေးတွေရဲ့ ဘဝလှလှလေးမှာ ရပ်နေစေချင်တဲ့ ဆန္ဒနှင့် ကျွန်မ ရေးနေရတာပါ။
ကျွန်မဘက်မှာ သိတာတွေ များနေတော့ ပြောပြချင်နေတယ်။ ကိုယ့်သားသမီးအရင်းတွေကိုလည်း ဘဝလေးတွေ လှစေချင်တယ်။ ဝမ်းမနာ သားသမီးတွေကိုလည်း ပြောပြချင်တယ်။ အခု
ဖြစ်ပျက်နေတဲ့ ကိစ္စဟာလည်း မိန်းကလေးရှင်ဘက်က ချို့တဲ့တယ်၊ သမီးအပျိုချောလ