Tharahpu’s Make-up Artist Contest
ပဥ္ၨလက်ဆန်တဲ့ အနီရောင် မင်းသမီးလေး
မော်ဒယ်လ် အေးမြတ်သူက အသားဖြူတဲ့အတွက် အောက်ခံမိတ်ကပ်ကို MaC တံဆိပ် အသားရောင်ကို သုံးပေးထားပါတယ်။ မျက်လုံးပိုင်းကို ခြယ်တဲ့အခါ ထူးခြားမှု ဖြစ်အောင် မျက်ခုံးကို အနီရောင် ခြယ်ပေးပြီး eye shadow ကိုတော့ ဘန်ကောက်က လာတဲ့ 4 U2 တံဆိပ်ကို အနုအရင့်လေးလိုက်ပြီး ခြယ်ပေးထားပါတယ်။ မျက်တောင်ကို BSC တံဆိပ်အသုံးပြုထားပြီး မျက်လုံးအောက်ဘက်ကိုလည်း ဆွဲဆောင်မှုရှိအောင် အနီရောင် Shadow ကို အသုံးပြုထားပါတယ်။ နှုတ်ခမ်းနီကိုတော့ MaC တံဆိပ် လိေမၿာ်ရောင်မကျ၊ အနီရောင်မကျတဲ့ ကာလာကို အသုံးပြုထားပြီး Revlon က ထုတ်တဲ့ lipgloss လေးနဲ့ ရွှန်းစိုတဲ့ နှုတ်ခမ်းလေးကို ပေါ်လွင်အောင် အပေါ်က ထပ်တင်ပေးထားပါတယ်။ မျက်နှာပိုင်း ခြယ်သမှုနဲ့ လိုက်ဖက်အောင် ဆံပင်အတုနည်းနည်း ထပ်ထည့်ထားပြီး ကျစ်ဆံမြီးကို အပေါ်မှာ ခွေထားလိုက်ပါတယ်။ ငှက်မွေး အနည်းငယ်ကိုလည်း ပိုလှသွားအောင် တန်ဆာ ဆင်ထားပါသေးတယ်။ နားကပ်၊ ဆွဲကြိုး accessories တွေကိုတော့ ဆံပင်၊ မိတ်ကပ်နဲ့ လိုက်ဖက်သွားအောင် ဆင်မြန်းပေးလိုက်တဲ့အခါ တက်ကြွလန်းဆန်းတဲ့ ခေတ်ရဲ့ သမီးပျိုအဖြစ် အေးမြတ်သူကို တွေ့မြင်ရမှာပါ။