ThaRahPu
ယ​ခု​လ​ထုတ်​မဂၢ​ဇင်း​
အ​ဖႍင့်​စာ​မႀက်​ၙ႐ာ​
မႀက်​ၙ႐ာ​ဖံုး​ေဆာင်း​ပါး​
အ​လ႐​ဓါတ်​ပံု​
အ​လ႐​အ​ပ​
ကုန်​ပစၨည်း​သစ်​
ဖက်​ရ႐င်​
ကႀန်း​မာ​ေရး​ရာ​
ေလ့​ကႀင့်​ခန်း​
အိမ်​မ႒​ေရး​ရာ​
ခ​ရီး​သႍား​
အ​ခႀစ်​ၙ႐င့်​အိမ်​ေထာင်​ေရး​
ဂီ​တ​
အင်​တာ​ဗႀူး​
အ​မ႐တ်​တ​ရ​
ၙိုင်​ငံ​ရပ်​ႅခား​
အတၷဳပၻတၵိ​
ဘ​ဝ​ၙ႐င့်​ေအာင်​ႅမင်​မ႒​
က​ဗႀာ​
စာ​အုပ်​စင်​
ဝတၷဳ​
ကာ​တႍန်း​
အ​ေမး​အ​ေႅဖ​
သ​ရ​ဖူ​ေဗ​ဒင်​
သ​တင်း​
အ​မျိုး​သ​မီး​နဲ့​ အ​စား​အ​စာ​ - ၃၂
2009-06-01
ပါ​မောက္ခ​ ခင်​မောင်​ဝင်း​ (အ​သည်း​)
အ​သည်း​ရော​ဂါ​ အ​ထူး​ကု​ ဆ​ရာ​ဝန်​ကြီး​

စင်​ကာ​ပူ​မှာ​ အ​လုပ်​လုပ်​နေ​တဲ့​ သ​မီး​ကြီး​ မင်း​မင်း​ဝင်း​နဲ့​ သူ့​အ​မျိုး​သား​ မိုး​ဇော်​ဟိန်း​တို့​ ခွင့်​ယူ​ပြီး​ မြန်​မာ​ပြည်​ကို​ ပြန်​လာ​လည်​တာ​နဲ့​ သူ​တို့​နဲ့​အ​တူ​ ပု​ဂံ​ကို​ သွား​လည်​တဲ့​ အ​ကြောင်း​တွေ​ ရေး​နေ​ပါ​တယ်​။

ဦး​ဘ​ညိန်း​ (ယွန်း​ထည်​ဆိုင်​)

ကျွန်​တော်​ ပု​ဂံ​ကို​ ပ​ထ​မ​ဆုံး​ရောက်​ဖူး​တဲ့​ ၁၉၇၅ ခု​နှစ်​ လောက်​က​တည်း​က​ ယွန်း​ထည်​ပစ္စည်း​ ဝယ်​မယ်​ဆို​ရင်​ ဦး​ဘ​ညိန်း​ဆိုင်​ကို​ပဲ​ သွား​လေ့​ရှိ​ပါ​တယ်​။ ဘယ်​လို​က​ ဘယ်​လို​ ဆက်​စပ်​သွား​လည်း​ဆို​တော့​ ပု​ဂံ​က​ ကျွန်​တော့်​မိတ်​ဆွေ​တွေ​က​ ယွန်း​ထည်​ဝယ်​မယ်​ဆို​ရင်​ ဦး​ဘ​ညိန်း​ ယွန်း​ဆိုင်​က​ အ​ကောင်း​ဆုံး​ပဲ​ ဆို​ပြီး​ ညွှန်း​လိုက်​တာ​နဲ့​ ယွန်း​ထည်​ သွား​ဝယ်​ရင်း​ ဦး​ဘ​ညိန်း​ မိ​သား​စု​နဲ့​ မိတ်​ဆွေ​ ဖြစ်​သွား​တာ​ပါ​။
ကျွန်​တော့်​ အ​မြင်​ကို​ ပြော​ရ​ရင်​တော့​ ဦး​ဘ​ညိန်း​ဆိုင်​ဟာ​ တ​ကယ်​လည်း​ ကြီး​တဲ့​ ယွန်း​ထည်​ဆိုင်​ကြီး​လို့​ မြင်​ပါ​တယ်​။ ပစ္စည်း​တွေ​လည်း​ စုံ​လင်​တယ်​၊ မိ​သား​စု​လုပ်​ငန်း​ဆို​တော့​ ဆက်​ဆံ​ရေး​က​လည်း​ကောင်း​၊ ဧည့်​ခံ​လည်း​ကောင်း​၊ တော်​တော်​ကို​ ဝယ်​လို့​ကောင်း​တဲ့​ ယွန်း​ထည်​ဆိုင်​လို့​ ပြော​ချင်​ပါ​တယ်​။ ဒီ​လုပ်​ငန်း​ကို​ စ​တင်​ ထူ​ထောင်​ခဲ့​တဲ့​ ယွန်း​ထည်​ ဖ​ခင်​ကြီး​ ဦး​ဘ​ညိန်း​က​တော့​ ၁၉၈၃ ခု​နှစ်​မှာ​ ကွယ်​လွန်​ခဲ့​ပြီး​ ဇ​နီး​ ဒေါ်​ကြင်​က​တော့​ ၁၉၈၇ ခု​နှစ်​မှာ​ ကွယ်​လွန်​ပါ​တယ်​။ ဦး​ဘ​ညိန်း​နဲ့​ ဇ​နီး​ ဒေါ်​ကြင်​က​ နေ​ပြီး​ သ​မီး​ လေး​ယောက်​ ထွန်း​ကား​ခဲ့​ပါ​တယ်​။ အ​ကြီး​ဆုံး​သ​မီး​ ဒေါ်​မြ​ကြည်​က​ အ​ခု​ ၇၈ နှစ်​ ဖြစ်​နေ​ပါ​ပြီ​။ ဒု​တိ​ယ​သ​မီး​ ဒေါ်​စန်း​မေ​က​ ၆၇ ခု​နှစ်​၊ တ​တိ​ယ​သ​မီး​ ဒေါ်​ခင်​စန်း​က​ ၆၃ နှစ်​နဲ့​ အ​ငယ်​ဆုံး​ ဒေါ်​ရီ​လေး​တောင်​ အ​သက်​ ၆၀ ဖြစ်​နေ​ပါ​ပြီ​။ တ​တိ​ယ​သ​မီး​ ဒေါ်​ခင်​စန်း​နဲ့​ သူ့​အ​မျိုး​သား​ ဦး​စန်း​မြင့်​တို့​က​တော့​ ကျွန်​တော်​နဲ့​ အ​ရင်း​နှီး​ဆုံး​ပေါ့​။ ဘာ​လို့​တုံး​ဆို​တော့​ လွန်​ခဲ့​တဲ့​ ၁၄ နှစ်​လောက်​က​ ဒေါ်​ခင်​စန်း​ သည်း​ခြေ​ကျောက်​တည်​လို့​ ကျွန်​တော့်​နဲ့​ လာ​ပြ​ခဲ့​ဖူး​လို့​ပါ​။ အဲ​ဒီ​တုန်း​က​ သည်း​ခြေ​ကျောက်​ ကို​ အ​ပေါက်​လေး​ ဖောက်​ပြီး​ ခွဲ​တဲ့​ (keyhole system)၊ ဒါ​မှ​မ​ဟုတ်​ လက်​ပ​ရို​စ​ကုတ်​ပစ်​ဆာ​ဂျ​ရီး​ (laproscopic surgery) နည်း​စ​နစ်​နဲ့​ ခွဲ​နေ​တဲ့​ ကာ​လ​ ဖြစ်​ပါ​တယ်​။ ဒေါ်​ခင်​စန်း​ကို​ အဲ​လို​ အ​ပေါက်​လေး​ ဖောက်​ပြီး​ သည်း​ခြေ​အိတ်​ကို​ ခွဲ​ထုတ်​လိုက်​တာ​ ကံ​ဆိုး​စွာ​နဲ့​ အ​တွင်း​မှာ​ သည်း​ခြေ​ရည်​ စိမ့်​ထွက်​ပြီး​ ဒေါ်​ခင်​စန်း​ တစ်​ယောက်​ တော်​တော်​ အ​ခြေ​အ​နေ​ ဆိုး​သွား​ပါ​တယ်​။ အ​ထူး​ ကြပ်​မတ်​ဆောင်​လို့​ ခေါ်​တဲ့​ Intensive Care Unit ICU ထဲ​မှာ​ တစ်​လ​နည်း​ပါး​လောက်​ နေ​လိုက်​ရ​ပြီး​ သေ​ကံ​မ​ရောက်​ သက်​မ​ပျောက်​နဲ့​ နောက်​ဆုံး​တော့​ ပြန်​ကောင်း​သွား​ ပြီး​ ဒီ​နေ့​အ​ထိ​ ကျန်း​ကျန်း​မာ​မာ​နဲ့​ ယွန်း​ထည်​လုပ်​ငန်း​တွေ​ကို​ ဆက်​ပြီး​ လုပ်​နေ​နိုင်​ပါ​တယ်​။ အဲ​ဒီ​လို​ အ​ထူး​ ကြိုး​စား​ပြီး​ အ​သက်​ကယ်​ ကု​ပေး​ခဲ့​တဲ့​ လူ​နာ​တစ်​ယောက်​ဆို​တော့​ ကျွန်​တော်​ ပု​ဂံ​ရောက်​တိုင်း​ ဒေါ်​ခင်​စန်း​ကို​ သွား​သွား​ကြည့်​ရ​ပါ​တယ်​။

ကျွန်​တော်​ ဘာ​လို့​ ဒီ​လောက်​တောင်​ ဦး​ဘ​ညိန်း​ ယွန်း​ထည်​ဆိုင်​ မိ​သား​စု​အ​ကြောင်း​ အ​သေး​စိတ်​တွေ​ ရေး​နေ​ရ​တာ​လည်း​ဆို​တော့​ မြန်​မာ့​ရိုး​ရာ​ ယွန်း​ထည်​ လုပ်​ငန်း​ကြီး​ကို​ မိ​ရိုး​ဖ​လာ​ ထိန်း​သိမ်း​စောင့်​ရှောက်​လာ​ပြီး​ မြန်​မာ့​ယဥ်​ကျေး​မှု​ အ​နု​ပ​ညာ​ အ​စဥ်​အ​လာ​ကို​ စဥ်​ဆက်​မ​ပြတ်​ အောင်​အောင်​မြင်​မြင်​ ထိန်း​သိမ်း​လုပ်​ကိုင်​လာ​တဲ့​သူ​တွေ​ကို​ တ​အံ့​တ​သြ​နဲ့​ ချီး​မွမ်း​ချင်​လို့​ သူ​တို့​အ​ကြောင်း​ကို​ မှတ်​တမ်း​တင်​ရ​မယ်​ဆို​ပြီး​ ကျွန်​တော့်​ စိတ်​ထဲ​မှာ​ ခံ​စား​မိ​ရ​တဲ့​အ​တွက်​ လေး​စား​ထိုက်​သူ​တွေ​ကို​ ဂုဏ်​ပြု​ရင်း​နဲ့​ ရေး​နေ​တာ​ပါ​။

မြန်​မာ့​ရိုး​ရာ​ ယွန်း​ပ​ညာ

ယွန်း​ထည်​ကို​ အင်္ဂ​လိပ်​လို​ လက်​က​ဝဲ​ယား​ (laqure ware) လို့​ ခေါ်​ပါ​တယ်​။ လက်​ကာ​ (lacquer) ဆို​တာ​က​ အင်္ဂ​လိပ်​လို​ liquid that is used on wood or metal to give it a hard shining surface လို့​ အ​ဓိပ္ပာယ်​ ဖွင့်​ဆို​ထား​ပါ​တယ်​။ ဆို​လို​တာ​က​ သစ်​သား​ ဒါ​မှ​မ​ဟုတ်​ သတ္တ​ိကို​ ပြောင်​လက်​နေ​အောင်​ အ​ပေါ်​ယံ​က​ သုတ်​တဲ့​ ဆေး​ရည်​လို့​ ဆို​လို​ပါ​တယ်​။ မြန်​မာ့​ယွန်း​ထည်​မှာ​ လက်​ကာ​အ​ဖြစ်​ သုံး​တာ​က​တော့​ သစ်​စေး​ပေါ့​။ အဲ​လို​ ပြောင်​နေ​အောင်​ လက်​ကာ​နဲ့​ လုပ်​ထား​တဲ့​ အ​သုံး​အ​ဆောင်​ပစ္စည်း​တွေ​ကို​ လက်​ကာ​ဝဲ​ယား​ (lacquer ware) လို့​ ခေါ်​ပါ​တယ်​။ မြန်​မာ​လို​ ပြန်​လိုက်​တော့​ လက်​က​ဝဲ​ယား​ဆို​တာ​ ယွန်း​ထည်​ပစ္စည်း​ပေါ့​။ နိုင်​ငံ​တော်​ အ​စိုး​ရ​က​တော့​ မြန်​မာ့​ ယွန်း​ထည်​ အ​တတ်​ပ​ညာ​ သင်​ပေး​တဲ့​ ကျောင်း​ကြီး​လည်း​ ဖွင့်​ပေး​ထား​တယ်​၊ ယွန်း​ထည်​ပစ္စည်း​တွေ​ စု​စည်း​တင်​ပြ​ထား​တဲ့​ ပြ​တိုက်​လည်း​ ဖွင့်​ပေး​ထား​ပါ​တယ်​။ ဒါ​ပေ​မဲ့​ ကျွန်​တော်​က​ အဲ​ဒီ​နေ​ရာ​တွေ​ကို​ မ​ရောက်​ဖြစ်​ဘဲ​ ကိုယ်​နဲ့​ နီး​စပ်​ခင်​မင်​ရာ​ ဦး​ဘ​ညိန်း​ယွန်း​ဆိုင်​ကို​ပဲ​ ရောက်​ဖြစ်​တော့​ အဲ​ဒီ​ဆိုင်​မှာ​ပဲ​ ယွန်း​လုပ်​ငန်း​ တွေ​ကို​ လေ့​လာ​ခဲ့​ပါ​တယ်​။

ဒီ​လို​ ယွန်း​ထည်​လုပ်​ငန်း​၊ ယွန်း​ထည်​ပစ္စည်း​တွေ​အ​ကြောင်း​ကို​ ကျွန်​တော်​နဲ့​ အ​ဓိ​က​ စ​ကား​ပြော ဖြစ်​တာ​က​ ဦး​ဘ​ညိန်း​ရဲ့​ သ​မက်​ ဒေါ်​ခင်​စန်း​ရဲ့​ ခင်​ပွန်း​ ဦး​စန်း​မြင့်​ပါ​။ ကိုယ်​နဲ့​လည်း​ ရင်း​နှီး​ပြီး​သား​ ဆို​တော့​ သူ​တို့​ဆိုင်​ကို​သွား​၊ သူ​တို့​ ဧည့်​ခံ​ကျွေး​တဲ့​ အ​ညာ​က​ ပု​ဂံ​လက်​ဖက်​သုပ်​ကို​ အား​ရ​ပါး​ရ​ စား​ရင်း​နဲ့​ ယွန်း​ထည်​လုပ်​တဲ့​ အ​ကြောင်း​ စ​ကား​စပ်​မိ​ပြီး​ ဟို​မေး​ ဒီ​မေး​ မေး​မိ​ပါ​တယ်​။

ဦး​စန်း​မြင့်​ ယွန်း​ထည်​လုပ်​တဲ့​အ​ကြောင်း​ နည်း​နည်း​ပြော​ပြ​စမ်း​ပါ​ဗျာ​ ဆို​တော့​ 'ယွန်း​ထည်​ ဆို​တာ​ ဝါး​ ဒါ​မှ​မ​ဟုတ်​ မြင်း​မြီး​ကို​ အ​ခြေ​ခံ​တာ​ ဆ​ရာ​ရဲ့​၊ ဝါး​ကို​ သေး​သေး​လေး​တွေ​ နှီး​မျှင်​လေး​တွေ​ လို​ ဖြစ်​အောင်​ လုပ်​ပြီး​ လို​ချင်​တဲ့​ပုံ​ ဖော်​တာ​။ အဲ​လို​မ​ဟုတ်​ရင်​လည်း​ မြင်း​မြီး​နဲ့​ နှီး​နဲ့​ ရော​ပြီး​ ယွန်း​အ​ခြေ​ခံ​ အ​ကြမ်း​ထည်​တွေ​လုပ်​ရင်​လည်း​ လုပ်​တယ်​လေ​။ ခွက်​၊ လင်​ပန်း​၊ ယွန်း​အုပ်​ပုံ​ ဆန်​ခါ​တွေ​ကို​ ဖော်​ချင်​သ​လို​ ပုံ​စံ​ဖော်​ရ​တာ​ပေါ့​။ စိတ်​ကူး​ရ​ရင်​ ရ​သ​လို​ ဒီ​ဇိုင်း​အ​သစ်​တွေ​ ထွင်​ရ​တာ​ပေါ့​ ဆ​ရာ​ရယ်​။ သ​မား​ရိုး​ကျ​ ပုံ​စံ​တွေ​ကို​ လုပ်​ရင်း​က​နေ​ ပါ​ရ​မီ​ရှိ​တဲ့​ က​လေး​တွေ​က​ လက်​စွမ်း​ပြ​ ပုံ​ဆန်း​လေး​တွေ​ ထွက်​လာ​တာ​ပေါ့​။ အဲ​လို​ ဝါး​၊ မြင်း​မြီး​ အ​ခြေ​ခံ​ ပုံ​စံ​တွေ​ရ​ပြီး​ပြီ​ဆို​တော့​မှ​ အ​ပေါ်​က​နေ​ သစ်​စေး​ သုတ်​ရ​တယ်​။ သစ်​စေး​ဆို​တာ​က​တော့​ ဒီ​နေ့​အ​ထိ​ ရှမ်း​ပြည်​နယ်​မှာ​ရှိ​တဲ့​ သစ်​စေး​ပင်​က​ သစ်​စေး​ကို​ပဲ​ ကျွန်​တော်​တို့​ သုံး​နေ​တုန်း​ပါ​ပဲ​။

'အဲ​လို​ မည်း​ချိတ်​နေ​တဲ့​ သစ်​စေး​ခပ်​ထူ​ထူ​ သုတ်​ပြီး​သား​ အ​ကြမ်း​ထည်​ ယွန်း​ပစ္စည်း​တွေရ​တော့​မှ​ အ​ပေါ်​ယံ​ သစ်​စေး​သား​တွေ​ကို​ အုတ်​ခဲ​ မီး​ဖုတ်​နဲ့​ တိုက်​ပြီး​ ချော​ရ​တယ်​၊ တိုး​တက်​လာ​ရင်​တော့​ စက်​တွေ​၊ ကော်​ပတ်​တွေ​ သုံး​ပြီး​ ချော​မှာ​ပေါ့​ ဆ​ရာ​ရယ်​၊ ဒါ​ပေ​မဲ့​ ကျွန်​တော်​တို့​ ဦး​ဘ​ညိန်း​ မိ​သား​စု​လုပ်​ငန်း​မှာ​တော့​ ဒီ​နေ့​အ​ထိ​ ရိုး​ရာ​မ​ပျက်​ အဲ​လို​ အုတ်​ခဲ​ မီး​ဖုတ်​ကို​ သုံး​ပြီး​ လက်​နဲ့​ပဲ​ ချော​တယ်​'
'သစ်​စေး​ကို​ ချော​ပြီး​သား​ ပစ္စည်း​တွေ​ကို​ ဘာ​ဆက်​လုပ်​ရ​သ​လဲ​ဆို​တော့​ အ​မဲ​ရိုး​ မီး​ဖုတ်​ထား​တဲ့​ ပြာ​နဲ့​ပွတ်​ရ​တယ်​၊ ကျွန်​တော်​တို့​က​တော့​ တ​ကယ့်​ အ​မဲ​ရိုး​ကို​ မီး​ဖုတ်​ထောင်း​ပြီး​ အ​မဲ​ရိုး​ပြာ​လုပ်​ သုံး​တာ​ပါ​၊ အဲ​ဒီ​ အ​မဲ​ရိုး​ပြာ​နဲ့​ သုတ်​လိုက်​၊ ဆေး​လိုက်​ ၁၂ ထပ်​လောက်​ လုပ်​တော့​မှ​ သစ်​စေး​ သုတ်​ပြီး​သား​ ယွန်း​ပစ္စည်း​တွေ​ တော်​တော်​ကို​ ချော​ပြီး​ ခိုင်​ခံ့​သွား​တာ​၊ အဲ​ဒီ​နောက်​တော့​ ဒီ​ပစ္စည်း​တွေ​က​ မြေ​တိုက်​ထဲ​မှာ​ ၇ လ​လောက်​ ထား​ရ​တယ်​ ဆ​ရာ​ရဲ့​၊ ယွန်း​ထည်​လုပ်​တယ်​ဆို​တာ​ လွယ်​တာ​ မ​ဟုတ်​ဘူး​၊ အဲ​လို​ ထား​လိုက်​တော့​မှ​ ဒီ​ပစ္စည်း​တွေ​ဟာ​ ယွန်း​ထည်​အ​နေ​နဲ့​ ခိုင်​ခိုင်​ခံ့​ခံ့​ ဖြစ်​လာ​တာ​'
'မြေ​တိုက်​ထဲ​က​ ထုတ်​လာ​ပြီး​တော့​မှ​ နီ​၊ စိမ်း​၊ ဝါ​ ဟင်္သ​ပြ​ဒါး​ဆေး​နဲ့​ အ​ရောင်​တင်​ပြီး​ ယွန်း​ပစၨည်း​ကို​ ချော​ရ​တာ​ပေါ့​။
'ပြီး​တော့​မှ​ အဲ​ဒီ​ ယွန်း​ပစ္စည်း​ပေါ်​မှာ​ လက်​နဲ့​ ပန်း​ချီ​တွေ​ကို​ ဆွဲ​ရ​တာ​၊ တ​ကယ့်​ကို​ လက်​နဲ့​ အ​သေး​စိတ်​ ပန်း​ချီ​တွေ​ ပုံ​ဖော်​ဆွဲ​ရ​တာ​၊ ဆွဲ​တယ်​ဆို​တာ​ ယွန်း​ပေါ်​မှာ​ သံ​ချောင်း​လို​ဟာ​မျိုး​နဲ့​ ခြစ်​ပြီး​ ဆွဲ​တော့​ လိုင်း​တွေ​ ဖြစ်​သွား​တာ​ပေါ့​၊ အဲ​ဒီ​ပေါ်​က​မှ​ လို​ချင်​တဲ့​ အ​ရောင်​တင်​ဆေး​နဲ့​သုတ်​လိုက်​တော့​ လိုင်း​လေး​တွေ​ထဲ​ကို​ ဟင်္သ​ပြ​ဒါး​ ဆေး​တွေ​ဝင်​သွား​ပြီး​ ပန်း​ချီ​ပုံ​တွေ​ ပေါ်​လာ​တယ်​၊ ဒီ​လို​ပဲ​ နောက်​တစ်​လိုင်း​ ဆွဲ​၊ နောက်​ ဆေး​အ​ရောင်​သုတ်​နဲ့​ ရောင်​စုံ​ပေါ်​တဲ့​ ယွန်း​ပန်း​ချီ​ကား​လို​ ဖြစ်​သွား​တာ​ပေါ့​၊ နောက်​ဆုံး​ အ​ဆင့်​ အ​ရောင်​တင်​လိုက်​တော့​ ယွန်း​အ​ချော​ထည်​ ပစၨည်း​​ ဖြစ်​သွား​တာ​ပေါ့​၊ ရွှေ​ရောင်​ ပေါ်​ချင်​ရင်​ ရွှေ​ကို​ သုံး​ပေါ့​။
'ယွန်း​ထည်​ပစ္စည်း​ တစ်​ခု​ကို​ ဆ​ရာ​တို့​ အ​ခု​ ကြည့်​လိုက်​တော့​ ဘာ​မှ​မ​ဟုတ်​သ​လို​နဲ့​ တ​ကယ်​တော့​ ယွန်း​ပစ္စည်း​တစ်​ခု​ ရ​ဖို့​ တစ်​နှစ်​နီး​ပါး​ ကြာ​အောင်​ လုပ်​ရ​တယ်​လို့​ပဲ​ ပြော​ရ​မှာ​ပေါ့​ ဆ​ရာ​ရယ်​၊ ကျွန်​တော်​ ဆ​ရာ့​ကို​ အ​ခု​ပြော​တာ​က​ ယွန်း​လုပ်​ငန်း​ရဲ့​ ဖြစ်​စဥ်​ကို​ ဆ​ရာ​ နား​လည်​အောင်​ အ​ကြမ်း​ဖျင်း​ လောက်​ပဲ​ ရှင်း​ပြ​တာ​ ဆ​ရာ​ရဲ့​၊ တ​ကယ့်​ ယွန်း​ လုပ်​ငန်း​က​ ဒီ​ထက်​တောင်​ အ​သေး​စိတ်​သေး​ တယ်​'

'ပြော​ရ​ဦး​မယ်​ဆို​ရင်​ သူ​များ​တွေ​ ယွန်း​ထည်​ ဘယ်​လို​လုပ်​ကြ​လဲ​တော့​ မ​သိ​ဘူး​၊ ကျွန်​တော်​တို့​ မိ​သား​စု​ ယွန်း​လုပ်​ငန်း​က​တော့​ အ​ခု​ထက်​ထိ​ ပြည်​တွင်း​ဖြစ်​ ပစ္စည်း​တွေ​ကို​ပဲ​ အ​ခြေ​ခံ​ပြီး​ မြန်​မာ့​ ရိုး​ရာ​ လက်​မှု​ လုပ်​ငန်း​နဲ့​ လက်​ကို​ပဲ​ အ​ခြေ​ခံ​တဲ့​ ယွန်း​လုပ်​တဲ့​ နည်း​စ​နစ်​တွေ​ကို​ သုံး​နေ​တုန်း​ပါ​ပဲ​၊ ခေတ်​ပေါ်​နိုင်​ငံ​ခြား​ ပစ္စည်း​ဆို​လို့​ တ​ရုတ်​က​လာ​တဲ့​ ဟင်္သ​ပြ​ဒါး​နဲ့​ ဆေး​ရောင်​တွေ​ကို​ပဲ​ သုံး​ပါ​တယ်​၊ ရှေး​တုန်း​က​တော့​ ဒီ​လို​ ယွန်း​ထည်​သုံး​ အ​နီ​၊ အ​စိမ်း​ ဆိုး​ဆေး​တွေ​တောင်​ သ​ဘာ​ဝ​ဆိုး​ဆေး​တွေ​ကို​ သုံး​တာ​ပါ​၊ အ​ခု​ထက်​ထိ​တော့​ ကျွန်​တော်​တို့​က​ တတ်​နိုင်​သ​ရွေ့​ ရိုး​ရာ​နည်း​စ​နစ်​သုံး​၊ ပြည်​တွင်း​ဖြစ်​ ပစၨည်း​တွေ​ကို​ အ​ခြေ​ခံ​ပြီး​ ယွန်း​ထည်​တွေ​ကို​ ထုတ်​နေ​တုန်း​ပါ​ပဲ​' လို့​ ဦး​စန်း​မြင့်​က​ စိတ်​ရှည်​ လက်​ရှည်​ ယွန်း​ထုတ်​လုပ်​ပုံ​ နည်း​စ​နစ်​တွေ​ကို​ အ​သေး​စိတ်​ ရှင်း​ပြ​သွား​ပါ​တယ်​။ အဲ​တော့​မှ​ ကျွန်​တော်​လည်း​ ပု​ဂံ​ကို​ အ​ကြိမ်​ကြိမ်​ရောက်​ပြီး​ ယွန်း​ထည်​တွေ​ကို​ ဝယ်​နေ​ပေ​မယ့်​ မြန်​မာ့​ရိုး​ရာ​ ယွန်း​ထည်​ပစၨည်း​တစ်​ခု​ ဖြစ်​လာ​ဖို့​ ဘယ်​လို​ အ​ဆင့်​တွေ​ ခက်​ခက်​ခဲ​ခဲ​ကို​ ကျော်​ဖြတ်​လုပ်​ဆောင်​ ရ​တယ်​ဆို​တာ​ အ​ကြမ်း​ နား​လည်​သွား​ပါ​တယ်​။ ထိုင်း​နိုင်​ငံ​ရောက်​လို့​ စ​တိုး​ဆိုင်​တွေ​မှာ​ မြန်​မာ​ယွန်း​ထည်​ ပစ္စည်း​တွေ​ကို​ စျေး​မ​တန်​တ​ဆ​ တင်​ပြီး​ ရောင်း​နေ​တာ​ကို​ တွေ့​ရ​ရင်​ စိတ်​ထဲ​မှာ​ တော်​တော်​ လေး​ မ​ခံ​ချင်​ ဖြစ်​မိ​ပါ​တယ်​။ သူ​တို့​တစ်​တွေ​ ငါ​တို့​ နိုင်​ငံ​က​ ယွန်း​ထည်​တွေ​ကို​ စျေး​ချို​ချို​နဲ့​ ဝယ်​သွား​ပြီး​ သိပ်​နား​မ​လည်​တဲ့​ တိုး​ရစ်​ နိုင်​ငံ​ခြား​သား​တွေ​ကို​ သူ​တို့​နိုင်​

Related
အ​မျိုး​သ​မီး​နဲ့​ အ​စား​အ​စာ​ -၂၆
အ​မျိုး​သ​မီး​နဲ့​ အ​စား​အ​စာ​ -၂၉
 
Same Category
မိ​မိ​နှင့်​ ကိုက်​ညီ​မည့်​ ဖိ​နပ်​အား​ရွေး​ချယ်​ခြင်း​
မ​တို့​အ​တွက်​ လှ​ဖို့​
အ​မျိုး​သ​မီး​နဲ့​အ​စား​အ​စာ​ - ၂၇
ကိုယ်​တွင်း​မှ​ ကိုယ်​ပ​သို့​ အာ​ဟာ​ရ​ဓာတ်​ ဖြ​ည့​်တင်း​ပါ​
အား​လပ်​ရက်​များ​မှာ​ အ​ဆိပ်​အ​တောက်​ ကင်း​စင်​စေ​ဖို့​ နေ​ထိုင်​စား​သောက်​နည်း​
အ​မျိုး​သ​မီး​နဲ့​ အ​စား​အ​စာ​ -၂၉
အ​မျိုး​သ​မီး​နဲ့​ အ​စား​အ​စာ​ - ၃၁
မ​တို့​အ​တွက်​ လှ​ဖို့​
ကျန်း​မာ​ရေး​ရာ​ ဆွေး​နွေး​ပါ​
အ​မျိုး​သ​မီး​နဲ့​ အ​စား​အ​စာ​ - ၃၂
မ​တို့​အ​တွက်​ လှ​ဖို့​
အ​မျိုး​သ​မီး​နဲ့​ အ​စား​အ​စာ​ -၂၆
နေ​ရာ​တွင်​ပင်​ ရွ​ရွ​ပြေး​ခြင်း​
ကျန်း​မာ​ရေး​ရာ​ ဆွေး​နွေး​ပါ​
ပဲ​ကျပ်​ပြင်​ (သို့​မ​ဟုတ်​)