မေတ္တာဦး
စက်တင်ဘာလ ၄ ရက်နေ့မှာတော့ နံနက်ပိုင်း မိုးရွာခဲ့တာမို့ ဟိုတယ်ပတ်ဝန်းကျင်တစ်ခုလုံး လန်းဆန်း လတ်ဆတ် စိမ်းစိုနေခဲ့တယ် ဆိုပါတော့။ အဲဒီ မနက်မှာတော့ ကျွန်မ ရေနွေးငွေ့နဲ့ အ
နှိပ်ခံတဲ့ ကျန်းမာရေးဆိုင်ရာ ကုထုံးကို ယူခဲ့ပါတယ်။ ကျွန်မအတွက်တော့ အတွေ့အကြုံသစ် နောက်တစ်မျိုး ရခဲ့ပြန်ပါရဲ့။ ကျွန်မ ကြိုတင် စီစဥ်ထားခဲ့တဲ့အတိုင်း မနက် ၈ နာရီခွဲမှာ တူးရစ်ကုမ္ပဏီရဲ့
စီစဥ်မှုနဲ့ ခရီး စခဲ့ရတာပါ။ လမ်းပေါ် ဖြတ်သွားရင်း ဓာတ်ဆီဆိုင်တစ်ခုရဲ့ အမည်ဆန်းလေးကြောင့် ပြုံးခဲ့ရပြန်သေးတယ်။ 'On The Run Cafe' တဲ့။ အပြေးအလွှားသွားနေသူများအတွက် အ
လျင်အမြန် အစားအသောက် ဝယ်ယူနေကြတာနဲ့ လိုက်ဖက်နေခဲ့တာကိုး။ ကျွန်မ အဲဒီနေ့က ဂျာမနီပြည်ဘက်မှာ ရှိတဲ့ အဲလ်ပ် (Alps) တောင်တန်းရဲ့ အမြင့်ဆုံး တောင်ထိပ်ကို တက်ဖို့ စီစဥ်ထား
ခဲ့တာလေ။ အဲဒီတောင်ထိပ်ရဲ့ အမည်က Zugspitze (ဇစ်စပစ်ဇီ) ဖြစ်ပြီး ပေ တစ်သောင်းနီးပါး မြင့်တာပါ။
တကယ်တော့ ကျွန်မ တောင်ပေါ်ကို ရထားနဲ့ တက်ပြီး တောင်ထိပ်ကို Cable Car ခေါ်တဲ့ စက်သီးကြိုးတပ် ကောင်းကင်သွား ကားနဲ့ သွားဖို့ စီစဥ်ခဲ့တာပါ။ ကျွန်မ ဟိုတယ်က ထွက်လာခဲ့
တဲ့အချိန်က ရထား စထွက်တဲ့ ဘူတာရောက်ရင် ရထားမီမှာ မဟုတ်တော့တဲ့အတွက် လမ်းတစ်ဝက်ကနေ ရထားစီးခဲ့ရတယ် ဆိုပါတော့။ ကျွန်မရဲ့ လမ်း တစ်ဝက် ဘူတာရုံကနေ တောင်ထိပ်မ
ရောက်မီအထိ Cog-Rail ခေါ်တဲ့ ရထားလမ်းမျိုးနဲ့ သွားခဲ့ရတာပါ။ ကျွန်မ တက်သွားခဲ့တဲ့ ရထားတွဲမှာ အာရှတိုက်သူ၊ သားတွေ အများကြီး တွေ့လိုက်ရတော့ အတော် အံ့သြခဲ့ရပါရဲ့။ ကျွန်မ
ထိုင်နေရာ တစ်ခုရလို့ ဘေးက လူနဲ့ စကားပြောဖြစ်တော့မှ ထိုင်းသူနာပြုအုပ်စု ဂျာမနီမှာ အပြည်ပြည်ဆိုင်ရာ သူနာပြုကွန်ဖရင့်ကို လာကြရင်း တောင်ထိပ်ကို လာတက်ကြကြောင်း သိခွင့်ရခဲ့ပါ
တယ်။ ကျွန်မ ဘေးနားမှာ ထိုင်နေတဲ့ လူကြီးကတော့ ကျွန်မ တစ်ယောက်တည်း ခရီးထွက်နေ တာကို တအံ့တသြနဲ့ အာရှတိုက်သားပီပီ အမေးအမြန်းတွေ ထူခဲ့တယ်ဆိုပါတော့။ ကျွန်မကလည်း
စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပါတယ်။ ကျွန်မ အိတ်စ်ပရက်ရှင်းနစ်ဇင် ပန်းချီအကြောင်း ပြောတော့ မှတ်စုထဲမှာ သေသေချာချာကို မှတ်သားနေခဲ့တော့တာပါ။ ရထားကြီးက တောင်တက် ခရီးတစ်
ထောက်မှာ ငါးမိနစ်လောက် ရပ်ပေးချိန်မှာ ကျွန်မတို့ ခရီးသည် အတော်များများ ဆင်းပြီး ဓာတ်ပုံရိုက်ဖြစ်ခဲ့ကြပါရဲ့။ အဲဒီနေရာကနေ Eibsee (အိုက်ဗ်ဆီရေကန်) ကြီးအလှကို အပေါ်စီးက ထင်း
ရှူးပင်တွေကြား တိမ်ခိုးတွေကြားမှာ မြင်ရတဲ့ ကန်အလှဟာ စွဲမက်စရာကောင်းလှပါတယ်။
ကျွန်မတို့ ရထားကြီးကတော့ ဥမင်လိုဏ်ခေါင်း ကြီးထဲ ဝင်လိုက်၊ အကွေ့အကောက် လမ်းမကြီးအတိုင်း သွားလိုက်နဲ့ ရထားက ၈၅၂၈ ပေ အမြင့် နေရာမှာ ရပ်ပေးခဲ့တာပါ။ ရထားလမ်းဆုံး
ပေါ့။ နွေနှောင်းပိုင်းမှာ အဲဒီတစ်နေရာလုံး နှင်းဖြူတွေဖုံးနေခဲ့ပါရဲ့။ ကျွန်မကတော့ အဖြူရောင်တွေဝန်းရံနေတဲ့ တောင်စခန်း တစ်နေရာ ဖြစ်တဲ့ Zugspitzplatt (ဇတ်ခ်စပလစ် ပလတ်) နေရာမှာ
ခေတ္တနားရင်း အနီးတစ်ဝိုက် အပေါ်ဘက်က တောင်ထိပ်၊ တောင်ဘက်က လျှိုမြောင်တွေပါ မကျန် ဓာတ်ပုံရိုက်ခဲ့ပါရဲ့။ အဲဒီ နေရာမှာ Sonnalpin လို့ ခေါ်တဲ့ နာမည်ကျော် စားသောက်ဆိုင်က
နှစ်စဥ် ဇူလိုင်လ ၁၂ ရက်ကနေ စက်တင်ဘာလ ၁၄ ရက်နေ့အထိပဲ ဖွင့်သတဲ့။ ကျွန်မကတော့ ဂျာမနီပြည်ရဲ့ အမြင့်ဆုံးတောင်မှာ ဘုရားကျောင်းတည်ထားတာ မြန်မာဆန်တယ်လို့ မြင်မိခဲ့ပါရဲ့။
အဲဒီဘုရားကျောင်းကို ယခုလက်ရှိ ပုပ်ရဟန်းမင်းကြီးက သွားရောက်ပြီး ကောင်းချီး မင်္ဂလာပြုခဲ့တာ ဖြစ်သလို ဂျာမနီပြည်ရဲ့ အမြင့်ဆုံးအရပ်မှာ ရှိတဲ့ ဘုရားကျောင်းပါပဲ။ ပတ်ဝန်းကျင် တစ်ခုလုံး
ဘယ်နေရာကိုပဲကြည့်ကြည့် ရှုမျှော်ခင်းတွေက အသက်ရှူမှားလောက်အောင် လှတဲ့နေရာ တစ်ခုပေါ့။
ကျွန်မတို့ တောင်ထိပ်ကို (ပေကိုးရာကိုးဆယ် အကွာအေဝးရှိ) Cable Car နဲ့ တက်ဖို့ တူးရစ်တွေကြား တန်းစီခဲ့ရပါရဲ့။ တောင်ထိပ်ကတော့ ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၉၈၄၀ အ
မြင့်မှာ ရှိပါတယ်။ တောင်ထိပ်ကို Cable Car နဲ့ ဆယ်မိနစ်ကျော်လောက် တက်ခဲ့ရတာပါ။ တောင်ထိပ်မှာ စားသောက်ဆိုင်တွေ ရှိသလို ဂျာမနီပြည် ပီသစွာ ဘီယာ ဥယျာဥ်ကိုလည်း တောင်
ထိပ်မှာ တည်ထားခဲ့ပြီး အမြင့်ဆုံး ဘီယာဥယျာဥ်လို့ ခေါ်ဆိုကြတာလေ။ အဲဒီနေ့က အင်မတန် လေတိုက်တာမို့ အပြင်ဘက်မှာ ကြာကြာ မနေနိုင်ကြပါဘူး။ စားသောက်ဆိုင်ထဲကနေ သြစတြီး
ယန်း၊ ဂျာမန်၊ ဆွဇ်နဲ့ အီတာလျံပြည်တွေကို ဆက်ထားတဲ့ မဆုံးနိုင်အောင် ရှည်လျားတဲ့ Alps (အဲလ်ပ်စ်) တောင်တန်းကြီးကို ကြည့်ရင်း နေ့လယ်စာ စားဖို့ ကျွန်မ စားသောက်ဆိုင်ရှာခဲ့တာပါ။
ကျွန်မက ခေတ်မီတဲ့ စားသောက်ဆိုင်ထက် သစ်လုံးစီပုံစံနဲ့ ဆောက်ထားတဲ့ ရှေးဟောင်းပုံစံ စားသောက်ဆိုင်ကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်မ ပြတင်းပေါက်ကနေ အပြင်ဘက်ကို ကြည့်ရင်း နေ့
လယ်စာ စားဖြစ်ခဲ့ပါတယ်။ တောင်ထိပ်မှာ ရထားလမ်းကို ၁၈၂၀ ပြည့်နှစ်က တည်ဆောက်ခဲ့ပုံတွေကို ရုပ်ရှင်၊ ဓာတ်ပုံတွေနဲ့ ပြသထားတဲ့ ပြခန်းကိုလည်း ဝင်ကြည့်ဖြစ်ခဲ့ ပါရဲ့။ မိုးလေဝသဌာနနဲ့
အင်တာနက် ကဖေးဆိုင်တို့ ကလည်း ခေတ်မီ အဆောက်အအုံ အနေနဲ့ တောင်ထိပ်မှာ ခန့်ခန့်ညားညား တည်ထားတာပါ။
ကျွန်မကတော့ လေထန်နေတဲ့ ကြားထဲကနေ သန့်ရှင်းတဲ့လေကို တတ်နိုင်သမျှ အားရပါးရ ရှူရင်း တစ်သက်မှ တစ်ခါ မြင်တွေ့ခွင့်ရတဲ့ ရှုမျှော်ခင်းတွေ ရင်ထဲ ဦးနှောက်ထဲ တစ်သက်တာ စွဲ
အောင်မှတ်ရင်း Cable Car နဲ့ အက်ဗ် ရေကန်စခန်းဆီကို ပြန်ဆင်း ခဲ့ပါတယ်။ အသွားလမ်းနဲ့ အပြန်လမ်းက မတူသလို ရှုမျှော်ခင်းကလည်း ခြားနားလှပါရဲ့။ အက်ဗ်ရေကန် ကို ဂျာမန်တွေက
'မြကန်' လို့လည်း ခေါ်ကြပါတယ်။ ၁.၅ မိုင် ရှည်ပြီး ၀.၆ မိုင် ကျယ်တဲ့ ရေကန်ကြီးပါ။ ၃၅ ကိုက်အထိ နက်သတဲ့။ အဲဒီ ရေကန်ရဲ့ မြောက်ဘက်မှာ ကျွန်းခုနစ်ကျွန်း ရှိတာမို့ Cable Car စီးလာ
ရင်း ကန်ကြီးကို အပေါ်ဘက်ကနေ စီးကြည့်ရတာ အင်မတန်မှ စိတ်လှုပ်ရှားဖို့ ကောင်းလှပါရဲ့။ ဘာဗေးရီးယား ပြည်နယ်မှာ အသန့်ရှင်းဆုံးနဲ့ အလှဆုံး ရေကန်လို့ မှတ်တမ်းများက ဆိုပါတယ်။
နေသာတဲ့ နေ့မို့ ရှုမျှော်ခင်းက ထင်သာမြင်သာ ရှိလှပါရဲ့။ Cable car နဲ့ အဆင်း ခရီးမှာ မိနစ် နှစ်ဆယ်ကြာခဲ့ပါတယ်။ ကျွန်မရဲ့ တူးရစ်ကားက ရေကန်စခန်းမှာ လာကြိုပြီး ရေကန်ကြီး တစ်
ဝိုက်ကို လိုက်ပြခဲ့ပါတယ်။ အင်မတန်မှ စိတ်ရော ကိုယ်ပါ သက်သောင့်သက်သာနဲ့ အပန်းပြေနိုင်တဲ့ ခရီးတစ်ထောက်လို့ ပြောရင် မမှားပါဘူး။ ကျွန်မ ဆက်လက်ပြီး မာနော (manau) မြို့ကို
ထွက်ခဲ့ပါတယ်။
မာနောမြို့ကလည်း ရေကန်ကြီးနဲ့ အင်မတန်လှတဲ့မြို့လေးပါ။ အဲလ်ပ်စ်တောင်ခြေက မြို့တွေမို့ ရေကန်တွေပေါတယ်လို့ ဆိုနိုင်ပါရဲ့။ မာနောမြို့နားက ရေကန်ကို Staffelsee (သို့) စတက်ဖဲလ်ကန်လို့
ခေါ်ပါတယ်။ အဲဒီမြို့မှာ ၁၃၅၀ ပြည့်နှစ်ကတည်းက တည်ခဲ့တဲ့ စျေးကြီးက ရှိဆဲပေါ့။ ၁၈၃၅ ခုနှစ်မှာ မီးအကြီးအကျယ်လောင်ခဲ့ပေမယ့် ပြည့်ပြည့်စုံစုံ ပြန်တည်ဆောက်နိုင်ခဲ့သလို ဒုတိယကမ္ဘစစ်
မှာ နာဇီတွေက ပိုလစ်ရှ စစ်အရာရှိတွေကို ချုပ်နှောင်ထားတဲ့စခန်းလည်း ရှိခဲ့တဲ့ မြို့ပါ။ ကျွန်မ မာနောမြို့ကို စိတ်ဝင်စားခဲ့တာကတော့ အိတ်စ်ပရက်ရှင်းနစ်ဇင် ပန်းချီဆရာတွေနဲ့ ပတ်သက်ခဲ့လို့
ဆိုနိုင်ပါတယ်။ အိတ်ဇ်ပရက်ရှင်းနစ်ဆန် ပန်းချီဆရာမ ဖြစ်တဲ့ ဂေဘရယ်မွန်တာ (Gabriele Munter) နဲ့ ဝစ္စက်လီကဲန်ဒင်းစကီ (Wassily Kandinsky) တို့ရဲ့ အချစ်ဇာတ်လမ်း နေရာ၊ Blauer
Reiter (Blue Rider) ပန်းချီဆရာအုပ်စု စတည်းချခဲ့တဲ့ သမိုင်းဝင်နေရာမို့ ကျွန်မ မဖြစ်မနေ သွားခဲ့တယ်ဆိုပါတော့။ ပန်းချီဆရာမ ဂေဘရီ ယယ်မွန်တာ (ဖေဖော်ဝါရီ ၁၉၊ ၁၈၇၇ မေ ၁၉၊ ၁၉၆၂)
ကတော့ နှစ်ဆယ်ရာစု ပန်းချီဆရာတွေထဲမှာ ခေတ်ရှေ့ပြေးခဲ့သူ တစ်ဦးလို့ ဆိုနိုင်ပါတယ်။ ဘာလင်မြို့မှာ မွေးခဲ့ပြီး ငယ်စဥ်ကတည်းက အမျိုးသမီးပန်းချီ သင်တန်းကျောင်းကို တက်ခဲ့ရတာပါ။
မိန်းမတစ်ဦး ဖြစ်တာမို့ အဲဒီခေတ်က ဂျာမန်အနုပညာ အကယ်ဒမီကျောင်းတွေ တက်ခွင့် မရခဲ့ပါဘူး။ မြူးနစ်မြို့က ပန်းချီပန်းပု ကျောင်းသွားတက်ခွင့် ရခဲ့ချိန်မှာ ကျောင်းရဲ့ ဒါရိုက်တာ ဖြစ်တဲ့ ရု
ရှားပြည်သား ဝစ္စက်လီ ကဲန်ဒင်းစကီးနဲ့ ချစ်ကြိုက်ပြီး စေ့စပ်ခဲ့ကြသတဲ့။ ၁၉၁၁ ခုနှစ်မှာ The Blue Rider ပန်းချီဆရာအုပ်စုမှာ ရှေ့ဆုံးက ဦးဆောင်ခဲ့တယ် ဆိုပါတော့။ သူတို့နှစ်ဦး မာနောမြို့မှာ
ပန်းချီဆန်တဲ့ အိမ်တစ်လုံးဝယ်ပြီး ၁၉၀၉ ခုနှစ်မှာ လက်မထပ်ဘဲ အတူနေခဲ့ကြတာလေ။ အဲဒီခေတ်ကာလက လက်မထပ်ဘဲ အတူနေခဲ့ကြတာ နည်းတဲ့ သတ္တိမဟုတ်ပါဘူး။ ပထမကမ္ဘစစ်မှာတော့
သူတို့ နှစ်ဦး ဆွစ်ဇာလန်မှာ သွားရောက် ခိုလှုံနေကြပေမယ့် ကဲန်ဒင်းစကီးက ရုရှားမို့ နေခွင့်မပေးဘဲ ၁၉၁၄ ခုနှစ်မှာ မော်စကိုမြို့ကို ပြန်ပို့ခဲ့ပါတယ်။ အဲဒီကတည်းက သူတို့နှစ်ဦး ကွဲခဲ့ရတယ်ဆိုပါ
တော့။
သူတို့နှစ်ယောက် နေခဲ့တဲ အိမ်ကို ရုရှားအိမ်လို့ ခေါ်ခဲ့ကြပေမယ့် ယခုအခါမှာ ပြတိုက်ဖြစ်နေပါပြီ။ ပန်းတွေနဲ့ ေဝနေတဲ့ ဂေဘရယ်မွန်တာရဲ့ ချစ်စံအိမ်လေးကတော့ ပန်းချီကား တစ်ချပ်နဲ့ တူ
လှတာပါ။ ကျွန်မ ရောက်ခဲ့ချိန်မှာ ပြတိုက်က နေ့လယ်ဘက် ပြန်ဖွင့်ချိန် မရောက်သေးတာမို့ ပြတိုက်ရှေ့ မှာ စောင့်ရင်း အိမ်ရဲ့ဘေးနဲ့ နောက်ဘက်တွေကို ခြံအပြင်က ကြည့်လိုက်၊ အိမ်ရှိရာ
လမ်းတစ်လျှောက်က သစ်ပင်ရိပ်ကြီးတွေအောက် လမ်းလျှောက်ရင်း သူတို့အကြောင်း တွေးလိုက်နဲ့ အချိန်ကုန်ခဲ့ပါရဲ့။ အိမ်ထဲ ဝင်ကြည့်ခွင့် ရချိန်မှာ ကြည်နူးလို့ မဆုံးတော့ပါဘူး။ တကယ့် ပန်း
ချီဆရာအိမ်လို့ ပြောရမှာပါ။ သုံးထပ်အိမ်က လှေကားဘေးမှာ၊ အိမ်ထောင် ပရိဘောဂတွေမှာ၊ အိမ်နံရံတွေမှာ ပန်းချီလက်ရ