ခင်ချိုချိုဦး
လူ့လောကထဲကို ရောက်လာတဲ့ လူသားတိုင်းဟာ လသားအရွယ်လေးကတည်းက မှောက်တတ်အောင်၊ ထိုင်တတ်အောင် သဘာဝတရားက သင်ကြားပေးခဲ့ပါတယ်။ အဲဒီကမှ ခြေလှမ်းလေးတွေ မခိုင့်တခိုင်၊ ဒယိမ်းဒယိုင်လေးသွားရာကနေ ခိုင်မတ်ပြီး လှမ်းနိုင်တဲ့ ခြေလှမ်းလေးတွေ လှမ်းနိုင်အောင် လေ့ကျင့်ခဲ့ကြရပါတယ်။ လူ့ဘဝရဲ့ အစမှာ စတင်လှမ်းမယ့် ခြေလှမ်းလေးတွေဟာ အလွန်မှ အရေးကြီးလှပါတယ်။ မိမိရဲ့ ခြေလှမ်းလေးတွေဟာ ခိုင်မြဲမှသာလျှင် မိမိသွားလိုတဲ့ ခရီးပန်းတိုင်ကို အရောက်လှမ်းနိုင်မှာ မဟုတ်ပါလား။ အောင်မြင်မှုပန်းတိုင်ကို ခိုင်မြဲသော ခြေလှမ်းများနဲ့ ချီတက်နေတဲ့ Step Fashion ရဲ့ MD ဖြစ်သူ ကိုထွန်းကျော်ရဲ့ ခြေလှမ်းများကို ကြည့်ရှုကြရအောင်ပါ။
အစ်ကို့ရဲ့ Biography လေး စပြီးပြောပြပေးပါ။
ကျွန်တော့်ကို ရန်ကုန်မှာပဲ မွေးတာပါ။ ကျောင်းက ၁၀ တန်းကို အ.ထ.က (၁) လသာမှာ ပြီးခဲ့တယ်။ နောက် တတိယနှစ် Zoo မေဂျာနဲ့ ဆက်မတက်ဖြစ်တော့ဘူး။
စီးပွားရေးလုပ်ဖို့ကိုရော ဘယ်အရွယ်ကတည်းက စိတ်ဝင်စားခဲ့တာလဲ။
ကျွန်တော် ၁၀ တန်းအောင်ပြီးကတည်းကပါ။
စီးပွားရေးကိုရော ဘယ်ကစပြီး လုပ်ခဲ့တာလဲ။ မိဘတွေကရော Guideline ပေးခဲ့သေးလား။
ကျွန်တော် စလုပ်တာက ဗိုလ်ချုပ်စျေးထဲမှာ ဆိုင်ခန်းတစ်ခန်းငှားပြီး အကႀၦတွေ ရောင်းခဲ့ပါတယ်။ ယိုးဒယားနယ်စပ်က သွင်းလာတာတွေကို ပြန်ရောင်းတယ်။ နောက်တော့ ဘန်ကောက်ကို ကိုယ်တိုင်သွားပြီး ဝယ်တယ်။ ဒါက ၁၉၉၀ လောက်ကပေါ့။ နောက် ၁၉၉၃ ခုနှစ်လောက်ရောက်တော့ ဟောင်ကောင်ကို သွားပြီး နောက်တစ်ဆင့် ထပ်တက်တဲ့အနေနဲ့ ကုန်ကြမ်းတွေ သွင်းလာတယ်။ စမ်းတဝါးဝါးနဲ့ ဒီမှာ အစပေးပြီး ချုပ်ကြည့်တယ်။ ၁၉၉၉ ခုနှစ်က စပြီး လုပ်ခဲ့တယ်။ စျေးကွက်ထဲ ထဲထဲဝင်ဝင် လုပ်ဖြစ်တာက ၂၀၀၀ ပြည့်နှစ် ကျော်မှပါ။
စီးပွားရေး စလုပ်တော့ Fashion လိုင်းကို စလုပ်ခဲ့တာဆိုတော့ ကိုယ်တိုင်ကရော Fashion ကို စိတ်ဝင်စားလို့လား။
စိတ်ဝင်စားပါတယ်။ နောက်ပြီး စျေးကို ကိုယ်တိုင် ထိုင်ရောင်းဖူးတော့ ဝယ်သူ ဘာကြိုက်လဲ၊ စျေးကွက်မှာ ဘာလိုအပ်သလဲဆိုတာ နားလည်တယ်။ အဓိက စျေးကွက် ဘာကြိုက်လဲဆိုတာ နားလည်မှပဲ လုပ်နိုင်မှာလေ။ မိဘကတော့ အဝတ်အထည်ရောင်းပေမယ့် ကျွန်တော်က ကိုယ်ပိုင် brand ချုပ်ပြီး တည်ထောင်ခဲ့တယ်လို့လည်း ပြောလို့ ရတာပေါ့လေ။
အစ်ကို မောင်နှမ ဘယ်နှယောက်ရှိတာလဲ။
မောင်နှမ ၃ ယောက်မှာ ကျွန်တော်က အငယ်ဆုံးပါ။
ကျောင်းကို နားခဲ့တယ်ဆိုတော့ စီးပွားရေးကြောင့်လား။
အဓိက စီးပွားရေးကြောင့်ပါပဲ။ ကျွန်တော်က ၁၉၈၉ ခုနှစ်လောက်ကတည်းက ဘန်ကောက်သွားပြီး အဲဒီက အထည်တွေ ပြန်ရောင်းတယ်။ အဲဒီတုန်းကလည်း ဒီမှာ ဘန်ကောက်က အထည်တွေပဲ ရောင်းတာ။ ၁၉၉၃ ခုနှစ်လောက်ကျတော့ ဟောင်ကောင်က ပစ္စည်းတွေ ဒီမှာ ရောင်းတာ။ ဟောင်ကောင်က ပစ္စည်းတွေက ပိုပြီး ရောင်းကောင်းတယ်။ ဒါပေမဲ့ သိပ်မကြာဘူး။ ၁၉၉၆ ခုနှစ်လောက်ကျတော့ လိုင်းက ပြတ်သွားတယ်။ ပြီးတော့မှ ကျွန်တော်က ပိတ်နဲ့ ကိုယ်ပိုင် brand ချုပ်ပြီး စမ်းတဝါးဝါးနဲ့ စခဲ့ရတာ အထည်ရရင် အထည်ချုပ်ကို နည်းနည်းသွားအပ်လိုက်တယ်။ အဲလိုနဲ့ ၂၀၀၀ ပြည့်နှစ်လောက်ကျတော့မှ ကိုယ်ပိုင်စက်ရုံနဲ့ စတယ်။ ကိုယ်ပိုင်စက်ရုံက ကျွန်တော့်ရဲ့ brand ကို မချုပ်ဘူး။ ကျွန်တော့်ရဲ့မိသားစု လုပ်တဲ့ သီးသန့်အထည်ကိုပဲ ချုပ်တာ။ ဒီ step brand ကိုတော့ အပြင်က စက်ရုံတွေမှာပဲ လိုက်ချုပ်နေတာ။ အဲဒီတုန်းကလည်း စက်ရုံပေါင်းစုံပါပဲ။ ဟိုနား နည်းနည်း၊ ဒီနားနည်းနည်း ဟို စက်ရုံက ဟိုဟာ အားသာရင် ဟိုဟာကို ချုပ်တယ်။ ဒီစက်ရုံက ဒီဟာ အားသာရင် ဒီဟာကို ပေးချုပ်တယ်။ ၂၀၀၂ ခုနှစ်ကျတော့ ဒီစက်ရုံတွေက အော်ဒါ မရှိတော့ဘူး။ အဲဒီတော့မှ အပြင်ကို ပေးချုပ်နေတဲ့ အော်ဒါတွေ အကုန်တွဲလိုက်ပြီးတော့ ကိုယ့်စက်ရုံမှာ ချုပ် တယ်။ အဲဒီမှာ ဘာပိုအားသာသွားလဲဆိုတော့ အပြင်စက်ရုံတွေမှာ ချုပ်တုန်းက quality ကလည်း control မလုပ်နိုင်ဘူးလေ။ အခု ကိုယ့်စက်ရုံနဲ့ ကိုယ် ဖြစ်သွားတော့ quality ကို control လုပ်နိုင်ပြီး ပိုကောင်းလာတယ်။ ထိထိမိမိလည်း ပိုဖြစ်လာတယ်။ ကိုယ့်စက်ရုံက ကလေးတွေကလည်း ဒါတွေကို ချုပ်လာတဲ့အတွက် quality ကလည်း ကောင်းပြီးသား။ စေတနာလည်း ပိုပါတယ်။ တကယ်တမ်း အောင်မြင်တယ်ဆိုတာကလည်း နောက်ကွယ်က ပံ့ပိုးပေးတာ အားကောင်းလို့လေ။ စက်ရုံပိုင်းကလည်း စက်ရုံပိုင်း၊ ရောင်းတဲ့အပိုင်းကလည်း ရောင်းတဲ့အပိုင်းအလျောက် အကုန်လုံး တော်ကြပါတယ်။
Step မစခင်ထိ အစ်ကိုက ဟောင်ကောင်နဲ့ ဘန်ကောက်က ပစ္စည်းတွေပဲ ရောင်းခဲ့တာပေါ့။
ဟုတ်တယ်။ ၂၀၀၀ ကျော်လောက်မှ နှစ်ခုစလုံးကို လုံးဝ ပစ်ပယ်လိုက်တယ်။ ချုပ်ပြီးသားကို မရောင်းတော့ဘူး။ ကိုယ့်ဟာကိုယ်ပဲ ချုပ်ပြီး ရောင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တာ။
အဲဒီတုန်းကရော ဘယ်နှလ တစ်ခေါက်လောက် နိုင်ငံခြားသွားရလဲ။
အဲဒီတုန်းက ဟိုမှာ နေတာများတယ်။ နှစ်လလောက်နေမှ ဒီကို တစ်ခေါက်ပြန်လာတာ။ အဲဒီမှာကတည်းကိုက နယ်က ဖောက်သည်တွေ ကိုယ့်ဆီမှာ ရှိပြီးသားလေ။ ကိုယ်က ဒီမှာ ကိုယ့် brand နဲ့ ကိုယ်လုပ်တော့လည်း သူတို့က ဆက်ယူပြီး ရောင်းပေးကြတယ်။ အဲဒါကြောင့်လည်း ဒီလို ဆက်ထုတ်နိုင်တာလေ။
သူများနိုင်ငံက အကႀၦတွေယူရောင်းတာကနေ ဒီမှာ ကိုယ့် brand နဲ့ ကိုယ်ရောင်းဖို့ ဘယ်လိုကြောင့် လုပ်ဖြစ်ခဲ့တာလဲ။
ဒါကတော့ လုပ်ရင်း လုပ်ရင်းနဲ့ အခွင့်အရေး မြင်လာတာပေါ့လေ။ ကိုယ့် brand နဲ့ ကိုယ်လုပ်ရင်လည်း ရောင်းရမယ်ဆိုတာကို သိလာရတာ။ အဲဒီအချိန်က ဟိုက သွင်းလာတဲ့အကႀၦကို ဒီမှာ ၄၀၀၀ ကျပ်နဲ့ ရောင်းတယ်။ ဒီမှာ ကိုယ့်ဘာသာ ချုပ်ရောင်းရင် ၂၀၀၀ ကျပ်လောက်နဲ့ ရောင်းနိုင်တယ်လေ။ ဒီဘက် အချိန်ရောက်လာတော့ မတူတော့တာက တရုတ်ပြည်က ဝင်လာတဲ့ အကႀၦက ကိုယ့်ဆီက အကႀၦထက် စျေးနည်းနေပြန်ရော။ ဒါပေမဲ့ quality ပိုင်းကျတော့ သူတို့က မကောင်းဘူး။ များသောအားဖြင့် အကႀၦီတွေကလည်း ဟိုက သယ်လာပြီး ဒီမှာ အထည် ၁၀၀ လောက် ရောင်းပြီးမှ ဖောက်သည်က နာတာလေးပါလို့ လဲပေးပါဦးဆိုပြီး လဲရင် မကိုက်ဘူး။
ကိုယ်တိုင် ချုပ်တော့ ကုန်ကြမ်းက ဘယ်ကနေယူလဲ။
ကုန်ကြမ်းက ဘန်ကောက်ကပဲ ယူပါတယ်။ စက်ရုံကနေပဲ တိုက်ရိုက်ယူလာတာပါ။
စက်ရုံတစ်ရုံတည်းကပဲ ယူတာလား။ စက်ရုံအများကြီးကနေ ယူတာလား။
စက်ရုံက အများကြီးပါပဲ။ သူ့အားသာချက်နဲ့ သူပဲ။ အထည်က ပြောင်ဆိုရင်လည်း ပြောင်ပေါ့။ ဆွဲသားဆိုရင်လည်း ဆွဲသား အားသာတဲ့ စက်ရုံက ယူရတာပေါ့။
ကုန်ကြမ်းကရော ဘယ်နှလ တစ်ခါလောက် မှာရလဲ။
နောက်ပိုင်းကတော့ stable ဖြစ်သွားတယ်။ အရင်ကတော့ ပင်ပန်းတယ်။ ပင်ပန်းတယ်ဆိုတာ ကုန်ကြမ်းတွေ ရှာရတာကိုး။ ကုန်ကြမ်းကလည်း အပြောင်းအလဲ ဖြစ်တာ သိပ်နည်းပါတယ်။ ဒီဇိုင်းကသာ ပြောင်းလဲသွားတာ။
ခုရော ဘယ်နှလ တစ်ခါလောက် သွားဖြစ်လဲ။
လစဥ်တော့ သွားဖြစ်တယ်။ အသစ် ရှိတာလည်း ကြည့်တယ်။ စာရင်းရှင်းတာကလည်း လုပ်ရတာကိုး။ နိုင်ငံခြားက ဒီဇိုင်းတွေကိုလည်း ကြည့်ရတယ်။ ဘာတွေ ခေတ်စားနေလဲ။ ဘာတွေ ဝတ်နေလဲပေါ့။
Step ကို စပြီး လုပ်ဖြစ်တဲ့အကြောင်းကိုလည်း ပြောပြပါဦး။
ဘေးပတ်ဝန်းကျင်ဆိုင်တွေမှာလည်း ချုပ်ထည်တွေ ရောင်းနေရတာတွေကို မြင်နေရတာပဲ။ ဒါပေမဲ့ ကိုယ်ပိုင် တံဆိပ်တွေတော့ မတပ်ကြသေးဘူးလေ။ ၁၉၉၉ ခုနှစ် ၂၀၀၀ လောက်ကျတော့ ကိုယ်ပိုင်တံဆိပ် လုပ်မယ်။ အတုလုပ်ရင် ဖမ်းမယ်ဆိုပြီး လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ့်တံဆိပ်က ရောင်းကောင်းနေပြီ။ ဘေးနီးနားက ဆိုင်တွေက အတုတွေ လိုက်ချုပ်တာ မြင်နေရတော့ တံဆိပ်တစ်ခု တည်တည်တံ့တံ့အနေနဲ့ register တစ်ခုလုပ်၊ အများသိအောင် ကြော်ငြာတယ်။ အဲဒီအချိန်မှာ အတု လုပ်တဲ့သူနဲ့ ထိပ်တိုက်တွေ့တယ်။ သူတို့ကိုလည်း ဖမ်းတယ်။ နောက်ဆုံးတော့ လူမှုရေးအရ ပတ်သက်ရာ ပတ်သက်ကြောင်း တောင်းပန်တော့ ခွင့်လွှတ်လိုက်ရတယ်။ ဒီနေ့ထက်ထိလည်း ရှိနေကြတာပဲ။ အတုတွေလုပ် ပြီးတော့ china က သွင်းလာကြတာပဲ။ ဖမ်းရတာ ကရိကထများတော့ ထားလိုက်တယ်။ အကႀၦအထိ ထိလာရင်တော့ သေချာ ဖမ်းရမှာပေါ့။
စပြီး လုပ်ခဲ့တုန်းကရော လုပ်ငန်းနဲ့ပတ်သက်ပြီး အခက်အခဲတွေ ရှိခဲ့လား။
ကုန်ပစ္စည်း ထုတ်လုပ်တဲ့အခါ အဓိကကတော့ ဖြန့်ဖြူးတဲ့ နေရာပဲ။ ကျွန်တော်တို့က စျေးထဲမှာ စပြီးတော့ လက်ကားလည်း လုပ်တယ်။ ရောင်းချတဲ့ ဖောက်သည်တွေနဲ့လည်း သိတော့ ဖြန့်ချိရေးအပိုင်းကလည်း သူများထက် စာရင် နည်းနည်းချောမွတ်တယ်။ နောက်ပြီး ကိုယ်ဖြန့်မယ့် product ပိုင်းကိုလည်း ကိုယ်တိုင်က ကျွမ်းကျင်ဖို့ လိုတယ်။ အခက်အခဲတွေက ရှိတာတော့ ရှိတာပေါ့။ ဒါပေမဲ့ သိပ်ကြီးကြီးမားမားတော့ မဖြစ်ခဲ့ပါဘူး။ ဒီလို စီးပွားရေးကျနေတဲ့အချိန်ကတော့ အခက်အခဲ ဖြစ်တာပေါ့။ ရောင်း မကောင်းရင်လည်း ထပ်မသွင်းတော့ဘူး။ ဥပမာ နိုင်ငံခြားက သွင်းတဲ့ ကုန်ပစ္စည်းတွေ မရောင်းဘူးဆိုရင် ရပ်ထားလိုက်လို့ ရတယ်။ ဘာမှ မဖြစ်ဘူး။ ကျွန်တော် တို့က ရပ်လို့ မရဘူး။ နောက်မှာ အလုပ်သမားတွေက အများကြီး ရှိတယ်။ သူတို့ရဲ့ ရပ်တည်မှုနဲ့ လစာပုံမှန် ပေးဖို့က ရှိနေတော့ ရောင်းမကောင်း ကောင်းအောင် ကိုယ့်မှာ လုပ်ရတာပဲ။ အခုလိုမျိုး step ပြိုင်ပွဲတွေ လုပ်ပေးတယ်။ ရောင်းပေးတဲ့သူတွေကို ထပ်ပြီး ကော်မရှင်ဆောင်းပေးတယ်။ အခု သင်္ကြန်ပြီးတဲ့အခါ ဘာဖြစ်သွားလဲဆိုတော့ တိုက်ရိုက် ဝတ်ဆင်သူကို စျေးအနည်းဆုံး ထပ်ချပေးလိုက်တယ်။ ကျန်တဲ့ promotion တွေ ဘာမှ မလုပ်တော့ဘူး။ ကြော်ငြာကဏ္ဍဆိုရင်လည်း ကျွန်တော်တို့ နားထား တယ်။ အရင်းထက်တောင် တချို့ဟာတွေ အောက်ရောက်သွားတယ်။ ၂၀၀၉ ခုနှစ်ကိုတော့ ဒီအတိုင်းပဲ ကျော်ဖြတ်မယ်လို့ မှန်းထားတယ်။ တချို့ပစ္စည်းတွေကို ကျွန်တော်တို့က တော်တော် စျေးချပစ်လိုက်တာ။ ပြိုင်ဘက်တွေ