ရီရီဝင်း
မတို့ရေ မြန်မာနှစ်သစ်တစ်နှစ် ကူးပြန်ပြီပေါ့နော်။ ဒီနှစ်သင်္ကြန်မှာ မိုးလေက ထန်သလိုလို၊ စွေသလိုလို၊ မိုးလေး တဖြောက်ဖြောက်နဲ့ သင်္ကြန်မိုးနဲ့အတူ နှစ်ကူးသွားခဲ့တာလေ။ သင်္ကြန်ဆိုလို့
ကြုံတုန်း ပြောပြချင်သေးတယ်။ သင်္ကြန်ဆိုတော့ အထူးသဖြင့် လူငယ်တွေ ပျော်တဲ့ပွဲလေ။ သင်္ကြန် နီးလာတာနဲ့ ဖက်ရှင်ကျကျ ဝတ်ဖို့ စားဖို့ ပြင်ဆင်ကြတော့တာပါပဲ။ ဘောင်းဘီတို၊ ဘောင်းဘီ
ရှည်၊ လုံလုံလဲလဲတွေက တစ်မျိုး၊ မလုံမလဲဝတ်တဲ့သူတွေက တစ်ဖုံနဲ့ မျိုးစုံအောင် တွေ့ကြရတာလား။ ဒီနေရာမှာ အပြုသဘောနဲ့ ေဝဖန် ပြောပြရရင် ဘောင်းဘီတို၊ ရှည်ဝတ်တဲ့သူတွေ၊ တင်ပါး
သိပ်ကား၊ သိပ်ကြီးတဲ့သူ တွေ ဝတ်ရင် အတော်လေး ကြည့်ရဆိုးပါတယ်။ တင်ဘေးကိုကားပြီး တင်ကြီးသူတွေဟာ မြန်မာ ဝတ်စုံ၊ လုံချည်အကႀၦနဲ့ ပိုလိုက်ဖက်တယ်ဆိုတာတော့ အကြံပြုချင်ပါ
တယ်။ ဘောင်းဘီကလည်း ဝတ်ချင်ပြန်။ တင်ကလည်း သိပ်ကားနေတယ်ဆိုရင် အပေါ်အကႀၦကို အတတ်နိုင်ဆုံး တင်ပါးဖုံးအောင် ဝတ်ဆင်သင့်ပါတယ်။ ဥပမာ တီရှပ်၊ ဘလောက်စ်၊ စပို့ရှပ် စ
တာတွေကိုလည်း တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ တင်ပါးလေး လုံးပြီး တင်းရင်းနေတဲ့ သူတွေနဲ့ကတော့ ဘောင်းဘီတိုရှည် ဝတ်ဆင်ရာမှာ အလွန်ပဲ လိုက်ဖက်လှပါတယ်။ သတိပြုမိကြမလား မ
သိဘူး။ ဒီနေ့ နာမည်ကြီးနေတဲ့ အဆိုတော်၊ အဆိုကျော်တွေ စင်မြင့်ပေါ်မှာ အတော်လေး ကြည့်ရဆိုးအောင် ဝတ်တတ်ကြတာတွေလေ။ မိမိ ခၙၹာကိုယ်အလှကို ဝတ်စားဆင်ခြင်မှုနဲ့လည်း ပြုပြင်
ထိန်းသိမ်းလို့ ရပါတယ်။ ကျွန်မက လေ့ကျင့်ခန်းတွေ ကို ရှင်းပြလိုက်လို့သာ ဖတ်ကြည့်လိုက်ရတယ်။ ဘာတွေမှန်း မသိလိုက်လို့က မဖြစ်ဘူးနော်။ နောက်ပြီး ပြုလုပ်လိုက်တဲ့ လေ့ကျင့်ခန်းတိုင်း
မှန်ကန်တဲ့ နည်းစနစ်တကျ လေ့ကျင့်တတ်ဖို့ လိုအပ်ပါတယ်။ မိမိ လှုပ်ရှားလိုက်တဲ့ လေ့ကျင့်ခန်း လှုပ်ရှားမှုတွေမှားနေရင်၊ နည်းစနစ် မှားနေရင် ထိရောက်မှု မရှိဘဲ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့်
တင်ပါးလေးလုံးပြီး တင်းရင်း လှနေအောင်လို့ အခုရှင်းပြမယ့် A Firm Butt in 3 easy moves ဆိုတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ကြည့်ရအောင်လား။ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခု ပြောင်းလဲမှု
တိုင်းကို ကြိုးစားပြီး မှန်ကန်တဲ့ ရွေ့လျားမှုအတိုင်း လုပ်ဆောင်ဖို့ လိုပါတယ်။ အခု ရှင်းပြမယ့် လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ခြင်းကြောင့် တင်ပါး၊ ပေါင်အရှေ့ခြမ်း ကြွက်သား၊ ပေါင်အ
နောက်ခြမ်း ကြွက်သားနဲ့ ပေါင်အတွင်းပိုင်း ကြွက်သားများကို တင်းရင်းပြီး လှနေစေမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က တင်ပါး၊ ဒူး၊ ခြေ ချင်းဝတ် တစ်လျှောက်မှာ ရှိတဲ့ အကြောတွေကို ဆန့်
ထုတ်ခြင်းကြောင့်လည်း အကြောတွေ တောင့်တင်းတာတွေ၊ မတော်တဆ ထိခိုက်မှုတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းများကတော့ 3.5 kg dumbbells တစ်စုံ၊ 20.25
cm အမြင့်ရှိ ခုံတန်း၊ သားရေကွင်းကြီးတစ်ခုနှင့် fit ball တစ်လုံးပါ။
လေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် ပထမဆုံး ငါးမိနစ် သွေးပူလေ့ကျင့်ခန်း လုပ်ပါ။ ရွရွပြေး၊ လမ်းအမြန်လျှောက်၊ စက်ပေါ်တွင် လမ်းလျှောက်ပါ။ ကိုယ်ခန္ဓာ အောက်ပိုင်း ကြွက်သားများကို
ဆန့်ထုတ်ခြင်းများ ပြုလုပ်ပါ။
ခြေဘေးခွဲပြီး ထိုင်၊ ထ ပြုလုပ်ပါ
Walking side squat
ဒီလေ့ကျင့်ခန်းတွေက ခန္ဓာကိုယ် အောက်ပိုင်းရှိ ကြွက်သားအားလုံးကို ဆန့်ထွက်စေပါတယ်။ ပထမဆုံး သားရေပြား အလယ်အလတ် အရွယ်အစားကို ချည်တွဲပြီး ခြေချင်းဝတ်နားမှာ စွပ်
ထားပါ။ လက် နှစ်ဖက်လုံး ရှေ့ကို ဆန့်ထုတ်ပြီး လက်ဖဝါး နှစ်ဖက်ကို စုထားပါ။ ခြေထောက် နှစ်ဖက်ကို ပခုံးအကျယ် ခွဲထားပြီး ရပ်ပါ။ တင်ပါးအကွာ အေဝးထက် အပြင်ဘက်ကို နည်းနည်း ခွာ
ပြီးရပ်ပါ။
လေ့ကျင့ခန်း စတာနဲ့ ညာဘက်သို့ ညာခြေ ခွဲလှမ်းပါ။ ခြေချောင်းဖျားက အရှေ့ဘက်သို့ ဦးတည်ပြီး ခြေထောက်နှစ်ဖက်ရဲ့ အကွာအေဝးက တင်ပါးထက် ပိုေဝးတဲ့ အနေအထားမှာ ရှိဖို့ လိုပါတယ်။
ဒူးနှစ်ဖက်ကို ကွေးပြီး ထိုင်ထပုံစံ တစ်ဝက် ကွေးထိုင်ပါ။ ခန္ဓာကိုယ် အလေးချိန်တစ်ခုလုံး ဖနောင့်မှာ ရှိနေရပါမယ်။ ပြီးရင် ဒူးပြန်ဆန့်ပြီး ခြေပြန်ပူးပါ။
ညာခြေပြီးရင် ဘယ်ခြေကို ပြန်ခွဲ ဒူးတစ်ဝက် ကွေးထိုင်ခြေပြန်စုပါ။ ဖြောင့ဖြောင့တန်းတန်း ထိုင် ထ ပြုလုပ်ရပါမယ်။ ဒီလေ့ကျင့ခန်းတွေဟာ ပေါင် သားအတွင်းပိုင်းအတွက် ပြုလုပ်ရတာ ဖြစ်
ပါတယ်။ ပေါင်အတွင်းပိုင်း ကြွက်သားတွေ လျော့နေရင်လည်း ကြည့်မကောင်းဘူးနော်။ သားရေကြိုးက အလျှော့အတင်း လုပ်လို့ ရတယ်နော်။ ဘေးကို ခြေခွဲထုတ်နိုင်တဲ့ ဆွဲနိုင်လောက်အောင်ပဲ
သားရေကြိုးကို ဆွဲပါ။ ၁၀ ကြိမ် ၃ ကျော့ ပြုလုပ်ပါ။
ဘောလုံးကို မှီပြီး ထိုင်ရအောင်
One Legged ball squat
ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံးရှိ ကြွက်သားများကို ဆန့်ထုတ်၊ နောက်ကျောရိုးပါ ဆန့်ထုတ်ပြီး ဝမ်းဗိုက်ကြွက်သားများကို ငြိမ်အောင်ထားပြီး လှုပ်ရှားရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။ နံ
ရံနဲ့ နောက် ကျော ကြားမှာ ဘောလုံးထားပြီး နံရံကို မှီထားပါ။ လေ့ကျင့်ခန်း စတာနဲ့ ရှေ့ ခြေတစ်လှမ်း တိုးပါ။ ခြေဖဝါးကို ခြေအပြားလိုက် ချထားပါ။ နောက်ဘက် ခြေထောက် အလေးချိန်ဟာ
ခြေဖျားပေါ်မှာ ရှိနေ ပါစေ။ ကျန်ခြေထောက်ကို ခြေဖျားပေါ် အားပြုပြီး မတ်တတ်ရပ်ပါ။ ဒူးကို အလိုက်သင့် ကွေးပြီး လျှော့ထားပါ။ အရှေ့ဘက် ခြေထောက်ဟာ ခန္ဓာကိုယ် ရှေ့ဘက် တင်ပါး အ
ရှေ့ တည့်တည့်နေရာမှာ ရှိပြီး အရှေ့ဘက်သို့ အနည်းငယ် ရောက်နေရပါမယ်။ ကျန်ခြေထောက်တစ်ဖက်က တင်ပါး အနောက်ဘက်မှာ ရှိနေရပါမယ်။ လက်ကို တင်ပါးပေါ်မှာ တင်ထားပါ။ (ခါး
ထောက်ထားသကဲ့သို့) နောက်ခြေထောက်ကို မပြီး ရှေ့ခြေထောက်ကိုလည်း အနည်းငယ် ကွေးလိုက်ပါ။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ရှေ့ခြေထောက်ပေါ်မှာ ရှိနေစေရပါ မယ်။ တတ်နိုင်
မယ်ဆိုရင် ခန္ဓာကိုယ်ကို နှိမ့်ချလိုက်ပါ။ ပေါင်နဲ့ ကြမ်းပြင်မျဥ်းပြိုင် ဖြစ်နေရပါမယ်။ ဒူးခေါင်းနဲ့ ခြေဖဝါးဟာလည်း တစ်ပြေးတည်း ဖြစ်အောင် လုပ်ပါ။ ခြေဖဝါးဟာ မြေပြင်ညီ မျက်နှာ ပြင်ပေါ်မှာပဲ
ရှိပြီး အမြဲတမ်း ရှေ့သို့ ဦးတည်ထားပါ။ ဒီလေ့ကျင့်ခန်းတွေဟာ တင်ပါး၊ ပေါင်၊ ခြေသလုံးအတွက် ထိရောက်မှုရှိတဲ့ လေ့ကျင့်စဥ်တွေ ဖြစ်ပါတယ်။ ၁၀ ကြိမ် ၃ ကျော့ ပြုလုပ်ပါ။
အလှည့်ကျ ပြုလုပ်ပါ
Alternating Rear Lunge
20.25 cm အမြင့ရှိတဲ့ ခုံတန်းပေါ်မှာ မတ်တတ်ရပ်ပါ။ ခြေထောက်နှစ်ဖက် အကွာအေဝးမှာ တင်ပါး အကွာအေဝးအတိုင်း ဖြစ်ပါစေ။ ခန္ဓာကိုယ်ကို မတ်မတ်ထားပါ။ လက်ကို တင်ပါးပေါ်
တင်ထားပါ။ (သို့မဟုတ်) လက်တစ်ဖက်ဆီမှာ dumbbells ကို ကိုင်ထားပါ။ Dumbbells ကိုင်ထားပြီး လုပ်မယ်ဆိုရင် လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေး တစ်ဖက်တစ်ချက်မှာ လက်ဖဝါးများကို
အတွင်းဘက် မျက်နှာမူပြီး ထားပါ။ Dumbbells ကို ကိုင်ပြီး လုပ်မယ်ဆိုရင် လက်ကို ဆန့်ထားဖို့ သတိပြုပါ။
လေ့ကျင့်ခန်း စတာနဲ့ ခုံပေါ်မှ အနောက်ဘက် သို့ ညာခြေဖြင့် အောက်သို့ ဆင်းပါ။ ကြမ်းပြင်ပေါ် သို့ ခြေချလိုက်ပါ။
ဘယ်ဒူးဟာ ဘယ်ခြေချင်းဝတ်နဲ့ မျဥ်းတစ်ပြေးတည်း ဖြစ်သွားပြီး ညာဒူးဟာ ကြမ်းပြင်ဆီသို့ ရွေ့သွားကာ ဖနောင့်ကိုတော့ မြှောက်ထားပါ။
ညာခြေကို အပေါ်ဘက်ကို တွန်းတင်ပြီး ပထမဆုံး ပုံစံအတိုင်း တစ်ဖြောင့်တည်း နေပါ။ တက်လိုက် ဆင်းလိုက် ပုံစံအတိုင်း ဘယ်ခြေနဲ့ ညာခြေကို တစ်လှည့်စီ လုပ်ဆောင်ပါ။ ၁၀ ကြိမ် ၃ ကျော့
ပြုလုပ်ပါ။ တင်ပါးလေး တင်းရင်းလာသလို ပေါင်သားတွေလည်း တင်းပြီး လှလာပါမယ်။ တင်ပါး၊ ပေါင်၊ ကြွက်သားတွေ တင်းရင်းနေမှ လှတာနော်။ ကြွက်သားတွေ ပျော့နေပြီး ဘောင်းဘီ အတို၊
စကတ်အတို ဝတ်လို့က ပိုပြီး အကြည့်ရဆိုးပါတယ်လို့။ ဒီလေ့ကျင့်ခန်းတွေကို လုံးဝမလုပ်ဖူးသေးတဲ့သူဆိုရင် တစ်ပတ်ကို နှစ်ကြိမ် လုပ်ပါ။ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခု အပြောင်းမှာ ၃၀၊ ၆၀
စက္ကန့်အထိ (stretching) အကြောဆန့် လေ့ကျင့်ခန်းကို ပြုလုပ်ပါ။
အောက်မှာ ဖော်ပြပေးမယ့် ဇယားလေးကို ကြည့်ပြီးလည်း ပြုလုပ်နိုင်ပါတယ်။
အခြေခံအဆင့် Basic Program
exercise walking one legged alternating rear
side squat ball squat lunge
sets 2-3 2-3 2-3
reps 8-10 in each 8-10 with 10-12 with
direction each leg each leg each leg
weight none none 0-5 kg in each hard
အဆင့်မြင့်အဆင့် Advanced Programme
sets 3 2-3 2-3
reps 8-10 in each 10-12 with 12-15 with each
each leg leg
weight 3-5 kg 3-5 kgdumbbells 3-5 kg
special hold 3-5 kg superset; 1 superset with
instructions dumbbell in legged ball one legged
each hand squat ကို လုပ်ပြီး ball squat
တိုင်း alterningrear
lunges ကို ဆက်ပြီး လုပ်ပါ။
အထက်က ဖော်ပြခဲ့တဲ့ လေ့ကျင့်ခန်းတွေက တင်၊ ပေါင်၊ ခြေသလုံး ကြွက်သားတွေ ကြီးလာအောင် လုပ်တာ မဟုတ်ဘူးနော်။ အထူးသဖြင့် အတို၊ အရှည် ဝတ်တတ်ကြတဲ့ ဆယ်ကျော်သက်
တွေအတွက် ပိုပြီး ကြည့်ကောင်းအောင် လေ့ကျင့်စေချင်လို့ ရှင်းပြခဲ့တာပါ။ ကဲ မတို့ရေ.. တင်ပါးလေး လှအောင်၊ ခြေသလုံး၊ ပေါင်တွေ တင်းတင်းရင်းရင်းနဲ့ လှအောင် လေ့ကျင့်ကြည့်ကြရ
အောင်လား။