လွတ်လပ်စိုး
နုပျိုလန်းဆန်းသော မျက်နှာ
အသက်အရွယ်ကို လိုက်၍ အရေပြားပြောင်းလဲမှုများ
အောက်မှာ ဖော်ပြမယ့် အကြောင်းအရာများကို ဖတ်ပြီး အချို့ မမများအနေနဲ့ စိတ်မချမ်းမသာ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ သို့သော် ခေတ်သစ်ဆေးသိပ္ပံလောကရဲ့ သဘောအရ သင့်အရေ
ပြားဟာ အသက်အရွယ်ကို လိုက်ပြီး ပြောင်းလဲခြားနားမှုများ ဖြစ်စဥ်ကို သိထားမှ သင်ဘယ်အရွယ်မှာ ဘာတွေလုပ်သင့်သလဲဆိုတာ သိနိုင်မှာပါ။
နှစ်ဆယ်ကျော်အရွယ်
အကောင်းဆုံးတွေကို အရရှိနိုင်ဆုံး အချိန်ပါပဲ။ မိန်းမငယ်အချို့မှာ မျက်နှာပေါ် အစက်အပြောက်များ ပေါ်နိုင်သော်လည်း သည်အရွယ်မှာ အရေပြားကို အကာအကွယ်မဲ့ထားခြင်း၊ နေရောင်
ခြည်ဒဏ်ကို အလွန်အမင်းခံခြင်းတို့ မပြုလုပ်လျှင် ကောင်းမွန်သော အသားအရေ ပိုင်ဆိုင်ဖို့ မခဲယဥ်းသည့် အရွယ်ပါပဲ။ အရေပြားမှာ ဆဲလ်အသစ်များ ထပ်မံဖြစ်ပေါ်မှုဟာ ၁၄ ရက်မှ ၂၅ ရက်
တွင်းမှာ အမြဲမပြတ် ဖြစ်နေလေ့ ရှိပါတယ်။ သင့်အရေပြားလွှာ အထပ်ထပ်ကို ဖြတ်ကျော်ပြီး ဆဲလ်အသစ်များ သူ့နည်းသူ့ဟန်ဖြင့် ပြန်လည် ဖြစ်ထွန်းနေသည့်အတွက် ပြန့်ပြူးချောမွတ်သော
အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။ အရေပြားရှိ အဆီထွက်မှုနှုန်းဟာလည်း အမြင့်ဆုံးမှာရှိနေတာကြောင့် စိုပြည် တောက်ပသော၊ ကျန်းမာသော အရောင်အဆင်းကို ရရှိပါတယ်။ မျက်နှာအရေ
ပြားရှိ အဆီပြင်များကြောင့် ပြည့်ဖြိုးသော မျက်နှာဖူးဖူးလေးကို ရှင်းသန့်စွာ တွေ့နိုင်ပါတယ်။ အရေးအကြောင်း (ပေါ်ဖို့) ဆိုတာ သည်အရွယ်မှာတော့ ဟိုးအေဝးဆုံးမှာပဲ ရှိပါသေးတယ်။
သင့်အနေဖြင့် ဘာတွေ ဆောင်ရွက်နိုင်သလဲ
သင့်အသားအရေဟာ အကောင်းဆုံး အနေအထားရှိနေစဥ်မှာ အသားအရေ ထိန်းသိမ်းမှုကို သိပ်ပြီး ထူးထူးခြားခြား လုပ်ဆောင်ဖို့ မလိုသေးပါ။ ဆွဲဆောင်မှုရှိပြီး လတ်ဆတ်သော အလှတ
ရားကို ပိုင်ဆိုင်နေသော အရွယ်ဆိုသော်လည်း ယခုအချိန်ကတည်းက နည်းစနစ်တကျ ထိန်းသိမ်းသွားမှသာ နောက်မကြာခင် ရောက်လာတော့မယ့် အနာဂတ်မှာ အကျိုးကျေးဇူးခံစားရမှာ ဖြစ်ပါတယ်။
အောက်မှာ ဖော်ပြထားတာတွေက ကြိုတင်ကာကွယ်ရမည့် အချက်တွေပါပဲ။
၁။ နေပူဆာ လှုံခြင်း၊ နေပူခံခြင်းများကို လွန်ကဲစွာ မပြုလုပ်ရ။
၂။ Sunscreen များကို နေ့စဥ် လိမ်းပေးပါ။
၃။ ကျန်းမာရေးနှင့် ညီညွတ်သော အစာကိုသာ စားသောက်ပါ။
၄။ ရေများများ သောက်ပါ။
သည်အချက်များကို လိုက်နာလျှင် ယခုလက်ရှိ သင့်အသားအရေကို အချိန် အတော်ကြာကြာအထိ ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။
သုံးဆယ်ကျော်အရွယ်
သည်အသက်ပိုင်းမှာ သင် ဖြတ်သန်းလာသည့်လမ်းမှာ လုပ်ဆောင်သမျှရဲ့ အကျိုးကျေးဇူးတွေ ပေါ်ပေါက်လာပါပြီ။ နေရောင်ခြည်ဒဏ် ခံခဲ့မှုတွေရဲ့ ဆိုးကျိုးဟာ တစ်စထက် တစ်စ တိုးပွားလာ
တော့မယ်။ သည်အရွယ်မှာ အသားရောင် ပြောင်းလဲမှုတွေ ဖြစ်လာပါပြီ။ မျက်နှာပေါ်မှာ အရေးအကြောင်းပေါ်မယ့် အရိပ်လက္ခဏာတချို့ စတင်ပြလာပြီ။ မျက်နှာပြင်ရဲ့ နုပျိုမှုဟာ အမြင့်ဆုံး ရှိ
နေရာက ဂရပ်မျဥ်းရဲ့ မြားက အောက်ကို စိုက်ဆင်းလာပါပြီ။ ဒါကြောင့်ပဲ သင့်နဖူးပြင်နှင့် မျက်ဝန်းတစ်ဝိုက်မှာ အတွန့် အရေးအကြောင်းလေးများရဲ့ ပထမဆုံး လက္ခဏာကို မြင်ရပြီ။ မျက်ခုံးနှစ်ခု
ကြားမှာ ကန့်လန့်ဖြတ် အစင်းကြောင်းလေး ခပ်ရေးရေးပေါ်လာမှာကိုလည်း မျှော်လင့်ထားဖို့ လိုပါတယ်။ သင့်အသားအရေတွေ ခြောက်သွေ့စပြုလာပြီး အဆီထွက်နှုန်းဟာလည်း နှေးကွေးလို့
လာပါတယ်။ ရေဓာတ်ခန်းခြောက်မှုများ ဖြစ်လာသည့်အတွက် အရေးအကြောင်းများ တဖြည်းဖြည်း ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်။ သုံးဆယ်ကျော်လာပြီဆိုတာနဲ့ အရေပြားတင်းအားနှင့် မျက်
နှာအချိုးအစား ကျနမှုအားလုံးဟာ တစ်နှစ်ကို ၁ ရာခိုင်နှုန်းခန့် လျော့သထက် လျော့လာနိုင်ပါတယ်။ ဆဲလ်အသစ် ဖြစ်ပေါ်မှုဟာလည်း ရက်သုံးဆယ်လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်ပါတော့တယ်။
စိတ်ဖိစီးမှု၊ အလုပ်ဒဏ်ပိမှုနှင့် နေထိုင်ရာ ပတ်ဝန်းကျင်၏ ညစ်ညမ်းမှုများကြောင့် သင့်အသားအရေကို ထိခိုက်ပျက်စီးစေတာကို သတိပြုမိလာပါလိမ့်မယ်။ ဒါ့အပြင် အရက်သေစာ သောက်စား
ခြင်းနှင့် ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးခြင်းကြောင့်လည်း အသားအရေကို ထိခိုက်မှု ဖြစ်စေတာ တွေ့ရပါမယ်။
သင့်အနေဖြင့် ဘာတွေ ဆောင်ရွက်နိုင်သလဲ
သင်ဟာ ယခုအချိန်ထိတိုင် ကြိုတင်ကာကွယ်မှု လမ်းကြောင်းပေါ်မှာ ရှိနေဆဲပါ။ ဒါကြောင့် နေရောင်ခံပြီး အသားအရေညိုအောင် လုပ်တာမျိုးကို စွန့်လွှတ်လိုက်ပါတော့။ ကောင်းမွန်သော အ
သားအရောင်ရရှိဖို့ ကောင်းကောင်း စားသောက်ပါ။ အနားယူပါ။ အသားအရေ စိုစွတ်မှု အကျိုးကျေးဇူးရရှိအောင် လုပ်ဆောင်မှုများကို တိုးမြှင့်ပါ။ အရေးအကြောင်းများ သိသာပေါ်လွင်မှု နည်း
ပါးအောင် လုပ်ဆောင်ပါ။ Sunscreen နေ့စဥ် လိမ်းပြီး နေရောင်ခြည်ဒဏ်ခံရမှု ကင်းေဝးအောင် ပြုလုပ်ခြင်းဖြင့် အချိန်မတိုင်မီ အိုမင်းမှု အရိပ်လက္ခဏာများ မပေါ်စေရန် တားဆီးပေးပါ။
လေးဆယ်ကျော်အရွယ်
လူအတော်များများဟာ ၎င်းတို့အသက် လေးဆယ်ကျော်လာပြီ ဆိုတာနှင့် သူတို့ အရေပြားတွေ သိသိသာသာ ပြောင်းလဲလာတာ သတိထားမိကြပါတယ်။ ဆဲလ်အသစ် ဖြစ်ပေါ်မှုနှုန်းဟာလည်း
ရက် ၄၀ တစ်ကြိမ်အထိ ကျဆင်းသွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဆီထွက်မှုဟာလည်း လျော့ကျလာပြန်တာမို့ မျက်နှာအဆီပြန်တတ်သူများအတွက် သတင်းကောင်း ဖြစ်ချင်ဖြစ်နိုင်သော်လည်း
နဂိုမျက်နှာ အသားအရေ ခြောက်သွေ့သူများအတွက်တော့ မဟာပြဿနာကြီး ဖြစ်နေနိုင်ပါတယ်။
ရေဓာတ်ခန်းခြောက်မှုဟာလည်း အတော့်ကို သိသာလာတဲ့အတွက် အရေးအကြောင်း၊ လှိုင်းတွန့်များဟာ ပိုမို ပေါ်လွင်လာပါတယ်။ သင့်မေးရိုးတစ်ဝိုက်ရှိ အရေပြား ပိုမို အိတွဲလာမှာကိုလည်း
မျှော်လင့်ထားပါ။ နဖူး၊ မျက်ဝန်းတစ်ဝိုက်အပေါ် နှုတ်ခမ်းနှင့် နှာခေါင်းအောက်ကြားမှာ လိုင်းစင်းလေးတွေဟာ ပိုမို သိသာလာနိုင်တယ်။ (သင်သည် အရေးအကြောင်းတွေ မပေါ်အောင် ဘယ်
လောက်ကြာကြာ ထိန်းထားနိုင်သလဲဆိုတာပေါ် မူတည်ပြီး သိသာမှု ကွာခြားသွားပါလိမ့်မယ်)
သင့အရေပြားဟာ ပိုမို ပါးလျလာတတ်ပြီး အရွယ်ရလာမှု၏ လက္ခဏာဖြစ်တဲ့ spot များ ပေါ်လာတတ်ပါသေးတယ်။ «မယ်လနင် (melanin) ကလာပ်စည်းများ စုဖွဲ့လာ၍ ဖြစ်ပါတယ်» မျက်နှာ
ပေါ်ရှိ သွေးကြောလေးများ ပိုမို ကျယ်ပြန့်လာသည့်အတွက် skin sensitivity မြင့်လာပါတယ်။
ဘာတွေ ဆောင်ရွက်နိုင်သလဲ
သင့်အရေပြား အသစ်တစ်ဖန် နုပျိုမှုကို လှုံ့ဆော်ပေးဖို့ ကြိုးစားပါ။ အသားအရေထိန်းသိမ်းမှုကို တိုးမြှင့်ဖို့ စဥ်းစားပါ။ အရေပြားထိန်းသိမ်းနိုင်သော အာဟာရဓာတ်များ ပါနိုင်သမျှ ပါရှိအောင်
နည်းမျိုးစုံသုံးပြီး ထိန်းသိမ်းပါ။ Hyaluronic acid ဖြင့် ပေါင်းစပ်ပြုပြင်ထားသော အရေပြား အားဖြည့်ဆေးများဟာ ယခုလက်ရှိနှင့် ခြားနားအောင် သင့်ကို ကူညီပါလိမ့်မယ်။ အိတွဲနေသော အ
ရေပြားများကို ပြည့်ပြည့်ဖြိုးဖြိုး ပြန်ဖြစ်လာအောင် ၎င်းအားဖြည့်စာများမှ ပေးစွမ်းနိုင်ပါတယ်။
ငါးဆယ်ကျော်အရွယ်
အသက် ငါးဆယ် အပိုင်းအခြားဟာ အတွန့်အရေးအကြောင်းများ အားနှင့် အင်နှင့် ပေါ်ထွက်လာသည့်အချိန်ပါပဲ။ အဆီထွက်မှုနှုန်း အတော်လေး လျော့ကျလာပြီး ဟိုမုန်းထုတ်လွှတ်မှု အ
ဆင့်လည်း နိမ့်ကျလာပါပြီ။ အောက်မျက်ခမ်းနားရှိ အရေပြားဟာ ပိုမို ပါးလွှာလာပြီး မျက်အိတ်တွဲကျမှုဟာ သိသိသာသာကို ဖြစ်လာပါပြီ။
ရေဓာတ် ဆုံးရှုံးမှု ပိုမို မြင့်မားလာပြီး ဆဲလ်အသစ် ပြန်ဖြစ်မှုနှုန်းထားဟာ ၄၅ ရက်နဲ့ ရက် ၅၀ အတွင်းမှာသာ တစ်ခါ ဖြစ်လာပါတယ်။ နေရောင်ဒဏ် ခံရလေ့ရှိသူဆိုရင်တော့ အရေပြားပေါ်မှာ
ပြောက်ကျားအစက်လေးတွေ တွေ့လာရပြီ ဖြစ်ပါတယ်။ ဆံခြည်မျှင် သွေးကြောလေးတွေ ပေါ်လာသည်အထိ အရေပြားဟာ ပါးလွှာလာပါတယ်။ မျက်နှာပြင်အောက်ရှိ အဆီပြင်ဟာ လျော့တွဲ
လာပြီး သင့်မျက်နှာကို ကြည့်ရတာ အရေပြားပါးပါးလေး တင်ထားသလို ဖြစ်နေတတ်ပါတယ်။
သင့်အနေဖြင့် ဘာတွေ ဆောင်ရွက်နိုင်သလဲ
အဆီထွက်မှုနှုန်းကို မလျော့ကျစေရန် ထိန်းပေးရပါမယ်။ သွေးကြောလေးတွေကို နှိုးဆွပေးပြီး သွေးလည်ပတ် စီးဆင်းမှု ကောင်းအောင် ပြုလုပ်နိုင်သည့်အတွက် မျက်နှာပြင် နှိပ်နယ်မှု ပြုပေး
နိုင်ပါတယ်။ ဒါမှသာ ဆဲလ်အသစ်တွေ မြန်မြန် ပြန်လည်ဖြစ်ထွန်းနိုင်မှာပါ။
အသားအရေကို လိုအပ်သော အာဟာရများ ရရှိနိုင်ဖို့ ဗီတာမင် ပါသော ပစ္စည်းများ အသုံးပြုရပါမယ်။ ဆီလီကွန် အခြေခံထုတ်လုပ်ထားသော အသားအရေ ပျက်စီးမှု ကာကွယ်နိုင်သော ထုတ်
ကုန်များ သုံးပေးပါ။ Skin care product များမှာ hydroxy acid ပါတာမျိုးကို ရွေးချယ်ပါ။ ထို hydroxy acid သည် နူးညံ့ချောမွေ့သော အသားအရေ ရရှိရန်နှင့် အတွန့်လိုင်းများ မှေးမှိန်သွား
စေဖို့ ဖြည့်တင်းပေးသော filler ပဲ ဖြစ်ပါတယ်။
သတင်းကောင်းတစ်ခုကတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှ အသားအရေတွေ ပျက်စီးယိုယွင်းလာပြီဆိုတာ စိတ်ဓာတ်မကျဖို့ပါပဲ။ သင့်ရာသီသွေးဆုံးချိန်ကို ကျော်လွန်ပြီးသော တစ်ချိန်မှာ
တော့ အရေပြား ပြောင်းလဲခြင်း ဖြစ်စဥ်တွေ ငြိမ်သက် အနည်ထိုင်သွားနိုင်ပြီး နဂိုမူလ ငယ်ရွယ်စဥ် အချိန်တုန်းကလို ကြည်လင်၊ သန့်ရှင်းပြီး တောက်ပသော complexion ကို အသစ်တစ်ဖန်
ပြန်လည်ပိုင်ဆိုင်လာနိုင်စေပါတယ်။
အရေပြား ပျက်စီးစေကြောင်း ပြစ်ချက်ကြီး နှစ်ချက်
နေပူဆာလှုံခြင်း၊ နေရောင်ခြည်ဒဏ် ခံလွန်းခြင်း
သင့်အရေပြားဟာ သင့်အသက်အရွယ်ကို ညွှန်ပြရာမှာ အသိသာဆုံးသော အရာဖြစ်ပါတယ်။ ထပ်ပေါင်းပြောရလျှင် သင့်အရေပြားကို နေရောင်ခြည်ဒဏ် မခံရအောင် ကာကွယ်နိုင်လေလေ
အသားအရေ ထိန်းသိမ်းမှုမှာ အကောင်းဆုံး ရလ