Present by zarni

City Hall ဇာတ်လမ်းတွဲ
သတင်းစာ ရှင်းလင်းပွဲမှာ တွေ့ရတဲ့ မင်းသား ချာဆောင်ဝန်နဲ့ မင်းသမီး ကင်ဆန်းအာ (ကိတ်မုန့်ချစ်သူ)။
(၁၆၊ ဧပြီ၊ ၂၀၀၉)

အမျိုးသမီးသုံး အိတ်ဆိုင်ဖွင့်ပွဲကို တက်ရောက်လာတဲ့ မင်းသမီး ကင်ဟေဆိုး (ဂါယောင်း) အား တွေ့ရစဥ်။ (၂၁၊ ဧပြီ၊ ၂၀၀၉)

စစ်မှုထမ်းသွားပြီဖြစ်တဲ့ မင်းသား ကင်ဂျေးဝန်။
(၂၃၊ မတ်၊ ၂၀၀၉)

ယနေ့ လူကြည့်အများဆုံး ကိုရီးယား
ဇာတ်လမ်းတွဲ Temptation Wife မှ အဓိက ဇာတ်ဆောင် မင်းသမီး ချန်ဆိုဟီး တစ်ယောက် ဘေစ့်ဘောပွဲတွင် သရုပ်ပြနေစဥ်။ (၂၆၊ ဧပြီ၊၂၀၀၉)

Cinderella Man ဇာတ်လမ်းတွဲ
သတင်းစာ ရှင်းလင်းပွဲမှ မင်းသမီး ဟန်ချာအန်။
(၅၊ ဧပြီ၊ ၂၀၀၉)

လူကြည့များတဲ့ Temptation Wife ဇာတ်လမ်းတွဲ အပြီး မှာ ထုတ်လွှင့်မယ့် Two Wives ဇာတ်လမ်းတွဲမှ မင်းသား ကင်ဂျီယန်း၊ မင်းသမီး ကင်ဟိုဂျင်း (ရှီလာ) နဲ့ မင်းသား ကွန်ဆန်ဝူးရဲ့ ဇနီး
လောင်း ပူပူနွေးနွေး သားလေးရဲ့ မေမေ မင်းသမီး ဆိုထဲယန်းတို့ရဲ့ ပိုစတာ။(၂၈၊ ဧပြီ၊ ၂၀၀၉)

ပရိသတ် ကြည့်နှုန်းများခဲ့တဲ့
Cain and Abel ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်းခန်းမှ မင်းသား ဆိုဂျီဆပ်နဲ့ မင်းသမီး ဟန်ဂျီမင်း။
(၂၄၊ ဧပြီ၊ ၂၀၀၉)

Cinderella Man ဇာတ်လမ်းတွဲ သတင်းစာရှင်းလင်းပွဲမှ မင်းသား ကွန်ဆန်ဝူးနဲ့ Girl Genertion အဖွဲ့မှ အဆိုတော် မင်းသမီး ယွန်နာတို့အား တွေ့ရစဥ်။ (၅၊ ဧပြီ၊ ၂၀၀၉)

မေလအတွင်း ရုံတင်တော့မယ့် Mother ရုပ်ရှင်ဇာတ်ကားနဲ့
တစ်ကျော့ပြန်လာမယ့် မင်းသားဝန်ဘင်းနဲ့ တွဲဖက်မင်းသမီးကြီး ကင်ဟေဂျတို့အား အဆိုပါ ဇာတ်ကားသတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဥ်။
(၂၇၊ ဧပြီ၊ ၂၀၀၉)

A Man Stroy ဇာတ်လမ်းတွဲရဲ့ သတင်းစာ ရှင်းလင်းပွဲမှ မင်းသား ပတ်ရွန်ဟ။ (၄၊ ဧပြီ၊ ၂၀၀၉)

That Fool (Six Months) ဇာတ်လမ်းတွဲရဲ့ သတင်းစာ ရှင်းလင်းပွဲမှ မင်းသား ဟွာဂျောင်မင်း၊ မင်းသမီး ကင်အာဂျွန်နဲ့ မင်းသား ဂျိုးဆန်ဝတ်တို့အား တွေ့ရစဥ်။(၂၀၊ ဧပြီ၊ ၂၀၀၉)

နှစ်နှစ်ကြာ ပရိသတ်များနဲ့ ခွဲခွာပြီး တိုင်းပြည်အတွက် စစ်မှုထမ်းမယ့် မင်းသားလေး ကင်ဟန်ဂျွန်း။ (၂၈၊ ဧပြီ၊ ၂၀၀၉)

ဒီတစ်လအတွက် ထူးခြားတဲ့အနေနဲ့ မကောင်းတဲ့ သတင်းဖြစ်ပေမယ့် ပရိသတ်များကို တင်ပြရမယ့် တာဝန်ရှိတာမို့ ဖော်ပြပေးလိုက်ပါတယ်။ သို့ပေမဲ့ ယခုသတင်းကတော့ ဂျာနယ်များမှာလည်း ဖော်ပြပြီးလည်း ဖြစ်နိုင်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းကတော့ မြန်မာပရိသတ်များလည်း နှစ်ခြိုက်ကြသလို အာရှပရိသတ်များလည်း အားပေးတဲ့ ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသားစာရင်းမှာ ပါတဲ့ မော်ဒယ်မင်းသား ဂျိုဂျင်ဟွန်းတစ်ယောက်ဟာ မူးယစ်ဆေးမှုနဲ့ စစ်ဆေး မေးမြန်းခြင်းခံနေရပြီး ထောင်ဒဏ် အပြစ်ဒဏ်ကျခံရနိုင်တယ်လို့ သိရပါတယ်။ မင်းသားဂျိုဂျင်ဟွန်းဟာ အဆိုပါ မူးယစ်ဆေးများကို ဂျပန်နိုင်ငံကနေပြီး တစ်ဆင့် ကိုရီးယားနိုင်ငံကို သယ်ဆောင်ခဲ့တာဖြစ်ပြီး သယ်ဆောင်ရာမှာလည်း သူရဲ့အတွင်းခံထဲမှာ မူးယစ်ဆေးများကိုထည့်ကာ သယ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ စုံစမ်းရေး အရာရှိများက ဆိုပါတယ်။ မင်းသားကို ဖမ်းဆီးပြီး မေးမြန်းတဲ့အချိန်မှာတော့ မင်းသားက သူ သီချင်းနားထောင်ချိန်နဲ့ သရုပ်ဆောင် အလုပ်ကိုလုပ်တဲ့အချိန်တွေမှာ အဆိုပါဆေးဝါးများဟာအရေးပါတာမို့ သုံးစွဲဖြစ်တာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ သို့ပေမဲ့ အဆိုပါ ဖြစ်ရပ်နဲ့ပတ်သတ်ပြီး လုံးဝ တောင်းပန်ခြင်း ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။ခုချိန်ထိ ဘယ်လို ပြစ်ဒဏ်မျိုးကျခံနိုင်ရသလဲဆိုတာ မသိနိုင်သေးတဲ့အချိန်မှာပဲ ပရိသတ်များ သိနိုင်တဲ့ မင်းသားသစ်တစ်ယောက်လည်း မူးယစ်ဆေးအမှုနဲ့ ခေါ်ယူစစ်ဆေးခြင်း ခံနေရတယ်ဆိုတာပါပဲ။ သူကတော့ ဇာတ်လမ်းတွဲထဲက မင်းသား အင်ဂျုဟွာ ဖြစ်ပါတယ်။