ThaRahPu
ယ​ခု​လ​ထုတ်​မဂၢ​ဇင်း​
အ​ဖႍင့်​စာ​မႀက်​ၙ႐ာ​
မႀက်​ၙ႐ာ​ဖံုး​ေဆာင်း​ပါး​
အ​လ႐​ဓါတ်​ပံု​
အ​လ႐​အ​ပ​
ကုန်​ပစၨည်း​သစ်​
ဖက်​ရ႐င်​
ကႀန်း​မာ​ေရး​ရာ​
ေလ့​ကႀင့်​ခန်း​
အိမ်​မ႒​ေရး​ရာ​
ခ​ရီး​သႍား​
အ​ခႀစ်​ၙ႐င့်​အိမ်​ေထာင်​ေရး​
ဂီ​တ​
အင်​တာ​ဗႀူး​
အ​မ႐တ်​တ​ရ​
ၙိုင်​ငံ​ရပ်​ႅခား​
အတၷဳပၻတၵိ​
ဘ​ဝ​ၙ႐င့်​ေအာင်​ႅမင်​မ႒​
က​ဗႀာ​
စာ​အုပ်​စင်​
ဝတၷဳ​
ကာ​တႍန်း​
အ​ေမး​အ​ေႅဖ​
သ​ရ​ဖူ​ေဗ​ဒင်​
သ​တင်း​
2009-06-01
ယု​မွန်​ကျော်​
အ​ဆို​တော်​ မိုး​မိုး​ (ခ​) မိုး​စည်​သူ​ကျော်​နဲ့​ ဖြူ​သီ​မျိုး​လွင်​ (ခ​) ဘုံ​ဘုံ​တို့​ရဲ့​ မင်္ဂ​လာ​ဧ​ည့​်ခံ​ပွဲ​ကို​ ဧ​ပြီ​ ၂၁ ရက်​နေ့​က​ Sedona Hotel မှာ​ ကျင်း​ပ​ခဲ့​ပါ​တယ်​။ ဘာ​သ​တင်း​မှ​ မ​ကြား​ရ​ဘဲ​ ရုတ်​တ​ရက်​ မင်္ဂ​လာ​ဧ​ည့​ခံ​ပွဲ​ လုပ်​လိုက်​တဲ့​ မိုး​မိုး​ကို​ အင်​တာ​ဗျူး​ရန်​အ​တွက်​ ရန်​ကင်း​မှာ​ ရှိ​တဲ့​ မိုး​မိုး​ရဲ့​အိမ်​ကို​ မင်္ဂ​လာ​ပွဲ​ပြီး​နောက်​ နှစ်​ရက်​အ​ကြာ​မှာ​ သွား​ခဲ့​ပါ​တယ်​။ မိုး​မိုး​ရဲ့​ ဇ​နီး​ ဘုံ​ဘုံ​က​တော့​ အ​ပြင်​ခ​ဏ​ သွား​နေ​တယ်​ဆို​လို့​ မိုး​မိုး​ကို​ အ​ရင်​ မေး​မြန်း​ခဲ့​ပါ​တယ်​။
မိုး​မိုး​ရဲ့​ 'တ​နင်္ဂ​နွေ​ မိုး​ရေ​စက်​များ​' vcd က​ ဘယ်​တော့​ထွက်​ဖြစ်​မ​လဲ​။
အ​ခု​ ဆင်​ဆာ​တင်​ထား​တာ​ မ​ကျ​သေး​လို့​ပါ​။ ဆင်​ဆာ​ ပြီး​တာ​နဲ့​ ထွက်​မှာ​ပါ​။
ခွေ​ ထွက်​ရင်​ Promotion ရော​ လုပ်​ဖြစ်​ဦး​မ​လား​။
လုပ်​ဖြစ်​ပါ​မယ်​။ အ​ခု​က​ အ​ခွေ​မာ​စ​တာ​က​ လက်​ထဲ​ မ​ရောက်​သေး​တော့​ မ​စဥ်း​စား​ရ​သေး​ဘူး​။
Hip hop သီ​ချင်း​တွေ​မှာ​ အ​တီး​ပိုင်း​ တီး​ပေး​ပေ​မယ့်​ မိုး​မိုး​ အား​သန်​တာ​က​ Rock ဂီ​တ​နဲ့​တူ​တယ်​။
ကျွန်​တော့်​သီ​ချင်း​တွေ​ကို​ Rock ဖြစ်​တာ​ ပို​သ​ဘော​ကျ​တယ်​။ Altarnative တို့​ Emo တို့​ပေါ့​နော်​။ Rock က​ အ​ဆို​ပိုင်း​မှာ​ အား​သန်​တယ်​။ Hip hop က​တော့​ အ​တီး​ပိုင်း​ပေါ့​။ကျွန်​တော်​ အ​များ​ဆုံး​ တီး​ပေး​ဖြစ်​တာ​က​ စိုင်း​စိုင်း​ရဲ့​ သီ​ချင်း​တွေ​ပါ​။ အ​ခု​ 'အဲ​ဗား​ဂေါ်​လီ​' ခွေ​မှာ​လည်း​ တီး​ပေး​ထား​တယ်​။ 'မ​လွမ်း​လောက်​ပါ​ဘူး​' သီ​ချင်း​တစ်​ပုဒ်​ကို​လည်း​ ဆို​ထား​တယ်​။
မိုး​မိုး​ကို​ ပ​ရိ​သတ်​က​ လူ​ရွှင်​တော်​အ​ဖြစ်​ အား​ပေး​လက်​ခံ​ကြ​တယ်​။ မိုး​မိုး​က​ရော​ ကိုယ့်​ကိုယ်​ကိုယ်​ လူ​ရွှင်​တော်​တစ်​ယောက်​အ​ဖြစ်​ရော​ မြင်​လား​။
ကိုယ့်​ကိုယ်​ကိုယ်​တော့​ မ​မြင်​ပါ​ဘူး​။ ဒါ​ပေ​မဲ့​ ကျွန်​တော်​တို့​ တစ်​ခါ​တစ်​ရံ​မှာ​ သူ​င​ယ်​ချင်း​တွေ​ စု​ပြီး​ ဆိုင်​မှာ​ ထိုင်​ဖြစ်​နေ​ချိန်​တော့​ တ​ခြား​သူ​တွေ​က​ သူ​ငယ်​ချင်း​တွေ​က​ ပြော​ ကြ​တယ်​။ မိုး​မိုး​က​ ရယ်​ရ​တယ်​၊ ပျော်​စ​ရာ​ကောင်း​တယ်​၊ တစ်​ခါ​တ​လေ​ပါ​။ အ​မြဲ​တမ်း​တော့​ မ​ဟုတ်​ဘူး​။
မိုး​မိုး​ရဲ့​ စိတ်​က​ ဘယ်​လို​မျိုး​လဲ​။
အဲ​လို​ပဲ​ စ​နောက်​နေ​တာ​ပဲ​။ တ​စ​ခါ​တ​လေ​ ကိုယ်​နဲ့​ ပေါင်း​သင်း​တဲ့​သူ​တွေ​က​ ကိုယ့်​အ​ကြောင်း​ သိ​လို့​ ဗွေ​မ​ယူ​ကြ​ပေ​မယ့်​ တစ်​ခါ​တ​လေ​ကျ​ရင်​တော့​ ကျွန်​တော်​ စ​တာ​တွေ​က​ အ​ရမ်း​ strong ဖြစ်​သွား​တယ်​။
ဒါ​ဆို​ အ​ပြင်​မှာ​လည်း​ မိုး​မိုး​က​ အ​ကျီ​စား​သန်​တဲ့​သူ​ပေါ့​။
သူ​တို့​ကို​ ပျော်​စ​ရာ​လေး​တွေ​ ပြော​ရင်း​ နောက်​လိုက်​တဲ့​အ​ခါ​ကျ​ရင်​ သူ​လည်း​ ပျော်​သွား​မယ်​။ အား​လုံး​လည်း​ ပျော်​စ​ရာ​ကောင်း​သွား​မယ်​ထင်​လို့​ ကျီ​စား​တာ​ပါ​။
နောက်​ပိုင်း​မှာ​ ဇာတ်​ကား​တွေ​ရိ​ုက​်ဖို့​ လာ​ငှား​ရင်​ ဟာ​သ​ဇာတ်​တွေ​ပဲ​ဖြစ်​နေ​မ​လား​။
အ​ခု​နောက်​ပိုင်း​ ရိုက်​တဲ့​ကား​က​ ဟာ​သ​ခြောက်​ကား​လောက်​ ရှိ​တယ်​။ ကော​မစ်​ကို​ ဦး​စား​ပေး​တာ​လည်း​ များ​တယ်​။ ဒ​ရမ်​မာ​က​ ၁ ကား​လောက်​ပဲ​ ရိုက်​ရ​တယ်​။ နောက်​ပြီး​ မြင့်​မြတ်​၊ ချစ်​သု​ေဝ​တို့​နဲ့​ လျှို့​ဝှက်​သည်း​ဖို​ တစ်​ကား​လည်း​ ရှိ​တယ်​။ အ​ခု​နောက်​ဆုံး​ ရိုက်​ထား​တာ​က​ 'ဘာ​ညာ​အ​ထာ​' ဆို​တဲ့​ ကား​။ အဲ​ဒီ​ကား​မှာ​လည်း​ မိန်း​က​လေး​လို​ ဝတ်​ရ​တာ​ပဲ​။ နေ​တိုး​နဲ့​ကျ​တော့​ ညီ​အစ်​ကို​လို​ ဖြစ်​နေ​တော့​ မိုး​မိုး​ရယ်​ ဟို​ဟာ​လေး​ လုပ်​ပေး​ပါ​ဦး​ ဆို​ရင်​ လုပ်​ရ​တယ်​။ ဒု​တိ​ယ​အ​ကြိမ်​မြောက်​ သန္န​ၘာန်ချ​ထား​ပါ​တယ်​။ ဒီ​ကား​က​ မိန်း​မ​လို​ ဝတ်​တာ​နောက်​ဆုံး​ကား​ပါ​လို့​။
မိန်း​မ​လို​ ဝတ်​ပြီး​ မ​ရိုက်​တော့​ဘူး​ဆို​တာ​ ပ​ရိ​သတ်​ ရိုး​သွား​မှာ​ စိုး​လို့​လား​။
ဟုတ်​တယ်​ဗျ​။ ကျွန်​တော့်​ကို​ မိန်း​က​လေး​နဲ့​ တူ​တယ်​၊ လုပ်​စား​တယ်​ ထင်​မှာ​စိုး​လို့​။ အ​ခု​ ကျွန်​တော်​ မင်္ဂ​လာ​ဆောင်​တော့​လည်း​ သူ​ငယ်​ချင်း​တွေ​က​ မိုး​မိုး​ ယော​က်ျား​ရ​သွား​ပြီ​ ဆို​ပြီး​ နောက်​ကျ​တယ်​။ စ​တာ​ နောက်​တာ​က​ ပြဿ​နာ​ မ​ဟုတ်​ပါ​ဘူး​။ မိုး​မိုး​ဆို​တာ​ မိန်း​မ​လျာ​ထင်​မှာ​ စိုး​လို့​ပါ​။
ဇာတ်​ကား​တွေ​ လက်​ခံ​တဲ့​အ​ခါ​ ဒိုင်​ယာ​လောခ့်​တွေ​က​ မိုး​မိုး​အ​တွက်​ အ​ဆင်​ပြေ​မှု​ရှိ​လား​။
ပြေ​တယ်​ဗျာ​။ ဟို​တုန်း​တည်း​က​ ကျွန်​တော်​က​ ဒါ​ကို​ လူ​မ​သိ​ သူ​မ​သိ​ လေ့​ကျင့်​တယ်​ဗျ​။ ဘာ​လို့​လဲ​ဆို​တော့​ ဒိုင်​ယာ​လောခ့်​ကို​တော့​ မ​ဟုတ်​ပါ​ဘူး​။ စ​ကား​ပြော​တာ​ကို​ပါ​။ စ​ကား​ပြော​ရင်​ သေ​ချာ​စဥ်း​စား​ပြီး​မှ​ ပြော​တဲ့​အ​ကျင့်​ ရှိ​တယ်​လေ​။ ဒိုင်​ယာ​လောခ့်​က​လည်း​ မ​ခက်​ပါ​ဘူး​။
အ​ခု​ မင်္ဂ​လာ​ပွဲ​ ပြီး​တော့​ရော​ မိုး​မိုး​ ဘာ​တွေ​လုပ်​နေ​လဲ​။ အ​လုပ်​တွေ​ နား​ထား​လား​။
မင်္ဂ​လာ​ပွဲ​ မ​တိုင်​ခင်​က​လည်း​ သ‍ႄကၤ‍န်​ဆို​တော့​ အ​လုပ်​မ​လုပ်​ဘဲ​ နား​ထား​ကြ​တာ​ကိုး​။ သင်္ကြန်​ပြီး​တော့​ ကျွန်​တော်​က​ မင်္ဂ​လာ​ဆောင်​ ထ​လုပ်​လိုက်​တာ​ကိုး​။ အ​ခု​ မင်္ဂ​လာ​ပွဲ​ ပြီး​တော့​ ကျွန်​တော်​ ဒီ​နေ့​ စ​တူ​ဒီ​ယို​အ​ခန်း​ထဲ​က​နေ​ မ​နက်​က​တည်း​က​ မ​ထွက်​ရ​သေး​ဘူး​။ တစ်​နေ​ကုန်​ပဲ​။ မ​နေ့​က​လည်း​ တီး​ရ​တာ​။ ဒီ​နေ့​လည်း​ တစ်​နေ​ကုန်​ပဲ​။ အ​ခု​ လော​လော​ဆယ်​က​ ကျွန်​တော်​ အ​တီး​ပိုင်း​ရယ်​။ စော​စော​က​ ပြော​ခဲ့​တဲ့​ ကျွန်​တော်​ vcd ဆင်​ဆာ​တင်​ထား​တာ​ရယ်​ လုပ်​နေ​တာ​ပေါ့​။ နောက်​စီး​ရီး​ ထွက်​နိုင်​ဖို့​လည်း​ သီ​ချင်း​တွေ​ စု​နေ​ရ​တယ်​။
နောက်​စီး​ရီး​ထွက်​ဖို့​က​ ၂၀၀၉ ခု​နှစ်​ အ​တွင်း​မှာ​ပဲ​ ဖြစ်​မ​လား​။
နောက်​စီး​ရီး​က​ ကျွန်​တော်​ တ​ရား​ဝင်​ပြော​ချင်​တာ​က​ စီး​ရီး​နာ​မည်​ကို​ ကျွန်​တော်​က​ 'ပျော်​ရာ​နိဗ္ဗာန်​' လို့​ ပေး​ထား​ပါ​တယ်​။ ဒါ​ပေ​မဲ့​ J.Me ရဲ့​ အ​ခွေ​က​လည်း​ ဘာ​လဲ​ မ​သိ​ဘူး​ နိဗ္ဗာန်​တော့​ ပါ​မယ်​ ထင်​တယ်​။ အဲ​ဒီ​အ​ခါ​ကျ​ရင်​ ကျွန်​တော့​ရဲ့​ 'ပျော်​ရာ​ နိဗ္ဗာန်​' ကို​ ပြောင်း​ဖြစ်​ရင်​ ပြောင်း​ဖြစ်​မှာ​ပါ​။ ၂၀၀၉ ခု​နှစ်​အ​တွင်း​မှာ​ ထွက်​ဖို့​ အ​စီ​အ​စဥ်​တော့​ ရှိ​ပါ​တယ်​။ ဒါ​ပေ​မဲ့​ ကြား​ထဲ​မှာ​ အ​ခွေ​ထွက်​လာ​ဦး​မ​လား​ မ​သိ​ဘူး​။
ဟုတ်​ကဲ့​ပါ​။ မိုး​မိုး​ရဲ့​ ဂီ​တ​အ​ကြောင်း​ မေး​ပြီး​ပြီ​ဆို​တော့​ မိုး​မိုး​နဲ့​ မိုး​မိုး​ ကောင်​မ​လေး​တို့​ ဘယ်​လို​ စ​တွေ့​တယ်​ဆို​တဲ့​အ​ကြောင်း​လည်း​ ပြော​ပြ​ပါ​ဦး​။
ဘယ်​လို​ စ​သိ​လဲ​ဆို​တော့​ မုံ​ရွာ​မှာ​ သူ​နဲ့​ ကျွန်​တော်​က​ ၅ တန်း​က​တည်း​က​ တစ်​ကျောင်း​တည်း​ အ​တူ​တက်​ခဲ့​ကြ​တာ​လေ​။ ကျွန်​တော်​က​ A ခန်း​မှာ​၊ သူ​က​ B ခန်း​မှာ​။ အ​မှတ်​နဲ့​ခွဲ​လိုက်​တော့​ A ခန်း​၊ B ခန်း​ ပေါ့​နော်​။ ဒါ​ပေ​မဲ့​ ကျွန်​တော့်​ကို​A ခန်း​ နေ​ရ​လို့​ အ​ထင်​မ​ကြီး​လိုက်​နဲ့​။ မိန်း​က​လေး​က​ မိန်း​က​လေး​ အ​မှတ်​လိုက်​၊ ယော​က်ျား​လေး​က​ ယော​က်ျား​လေး​ အ​မှတ်​လိုက်​လေ​။ ကျွန်​တော့်​ ရှေ့​မှာ​ တော်​တဲ့​ ယော​က်ျား​လေး​ နည်း​လို့​ ကျွန်​တော်​က​ A ခန်း​ ရ​တာ​ ပါ​။ သူ​က​ကျ​တော့​ မိန်း​က​လေး​ထဲ​မှာ​ တော်​တဲ့​သူ​များ​တော့​ B ခန်း​ ရောက်​သွား​တာ​။ ဒါ​ပေ​မဲ့​ သူ​က​ အ​မြဲ​တမ်း​ B ခန်း​ပဲ​ဟဲ​ ဟဲ​။ ကျွန်​တော်​က​လည်း​ အ​မြဲ​တမ်း​ A ခန်း​ ပဲ​လေ​။
အ​မြဲ​ A ခန်း​နဲ့​ B ခန်း​ ဆို​တော့​ ဘယ်​လို​ ဆုံ​ဖြစ်​ကြ​လဲ​။
ကျောင်း​မှာ​ သိပ်​မ​ဆုံ​ဘူး​။ သူ​တို့​ အ​ခန်း​ဘက်​တွေ​တော့​ ကျွန်​တော်​က​ သွား​ဖူး​တယ်​။ ယော​က်ျား​လေး​ဆို​တော့​ သိ​တယ်​ မ​ဟုတ်​လား​။လျှောက်​သွား​တာ​လေ​။
သူ့​ကို​ ဘယ်​အ​ချိန်​ကျ​မှ​ စ​ကြိုက်​ခဲ့​တာ​လဲ​။ ၅ တန်း​က​တည်း​က​လား​။
၅ တန်း​တုန်း​က​ မ​ကြိုက်​ဘူး​။ ၁၀ တန်း​ အောင်​ပြီး​မှ​လေ​။ ၁၀ တန်း​ကျ​တော့​ ကျွန်​တော်​တို့​က​ ရန်​ကုန်​ကို​ ရောက်​လာ​ကြ​တာ​လေ​။ ရန်​ကုန်​ရောက်​တော့​ ကိုယ့်​နယ်​သူ​ နယ်​သား​တွေ​ဆို​တော့​ မေး​ထူး​ခေါ်​ပြော​ နှုတ်​ဆက်​ကြ​တာ​ပေါ့​။ ဒီ​လို​နဲ့​ ကျွန်​တော်​က​ ရေ​ကြောင်း​သိပ္ပံ​ တက်​တယ်​။ သင်​တန်း​ဖွ​င့်​ပြီး​နောက်​ မေ​လ​ ၆ ရက်​ နေ့​ကျ​တော့​ သူ​နဲ့​ ကျွန်​တော်​ ကြိုက်​တယ်​။
ဘယ်​နှ​ခု​နှစ်​လောက်​က​လဲ​။
၂၀၀၁ ခု​နှစ်​ မေ​လ​ ၆ ရက်​နေ့​ပါ​။
ဒါ​ဆို​ တစ်​ခု​ မေး​လို့​ ရ​မ​လား​။ သူ့​ အ​ရင်​ မိုး​မိုး​ရည်း​စား​ ဘယ်​နှ​ယောက်​ ထား​ခဲ့​ဖူး​လဲ​။
ရ​ပါ​တယ်​။ သူ​လည်း​ သိ​တယ်​။ကျွန်​တော်​ ရည်း​စား​ ဘယ်​နှ​ယောက်​ ထား​ခဲ့​လဲ​ဆို​တာ​ သူ့​အ​ရင်​ ကျွန်​တော်​ ရည်း​စား​ နှစ်​ယောက်​ ခွဲ​လောက်​ထား​ခဲ့​ဖူး​တယ်​။
ဘယ်​လို​ကြောင့်​ နှစ်​ယောက်​ ခွဲ​လဲ​။ ခွဲ​က​ ဘာ​လဲ​။
ခွဲ​ ဆို​တာ​က​ အီ​စီ​က​လီ​ပေါ့​နော်​။ ရည်း​စား​မ​ဖြစ်​ပေါ့​။ နှစ်​ယောက်​ကျော်​ ကျော်​ပေါ့​။
မိုး​မိုး​အ​နေ​နဲ့​ ဘုံ​ဘုံ​ကို​ လက်​ထပ်​မယ်​လို့​ ဘယ်​အ​ချိန်​ကျ​မှ​ ဘယ်​လို​ကြောင့်​ ဆုံး​ဖြတ်​ဖြစ်​သွား​တာ​လဲ​။
စ​ကြိုက်​တုန်း​က​တော့​ က​လေး​ပေါ့​။ လွန်​ခဲ့​တဲ့​ ၈ နှစ်​လောက်​ဆို​တော့​။ အဲ​ဒီ​တုန်း​က​ ကျွန်​တော့​ အ​သက်​က​လည်း​ ၁၈ နှစ်​လေ​။ လက်​ထပ်​တာ​တွေ​တော့​ ခေါင်း​ထဲ​မှာ​ မ​ရှိ​သေး​ဘူး​။ ဒီ​လို​ပဲ​ ကြိုက်​လိုက်​တာ​။ အဲ​ဒီ​တုန်း​က​လည်း​ ကျွန်​တော်​နဲ့​ စ​ကြိုက်​ပြီး​ နောက်​ရက်​ပဲ​ သူ​ မ​လေး​ရှား​ကို​ ထွက်​သွား​တယ်​။ ဒါ​ပေ​မဲ့​ Flight Cancel ဖြစ်​ပြီး​နောက်​ လေး​ရက်​ဆုတ်​သွား​တာ​တော့​ ကျွန်​တော်​ မ​သိ​လိုက်​ဘူး​။ ကျွန်​တော်​တို့​ ရေ​ကြောင်း​သိပ္ပံ​က​ စ​နေ​၊ တ​နင်္ဂ​နွေ​ပဲ​ ပိတ်​တာ​ကိုး​။ မေ​လ​ ခြောက်​ရက်​က​ စ​နေ​နေ့​ ထင်​တယ်​။ ပြီး​တော့​ ကျွန်​တော်​က​ ကျောင်း​ထဲ​ရောက်​သွား​တော့​ သူ​ သွား​ဖို့​ လေး​ရက်​လောက်​နောက်​ဆုတ်​လိုက်​ရ​တာ​ကို​ ကျွန်​တော်​ မ​သိ​ဘူး​။ ကျွန်​တော့​်စိတ်​ထဲ​မှာ​တော့​ ကျွန်​တော်​နဲ့​ သူ​ ရည်း​စား​ဖြစ်​၊ နောက်​နေ့​ သူ​ မ​လေး​ရှား​ ထွက်​သွား​တယ်​လို့​ ဒီ​နေ့​အ​ထိ​ စိတ်​ထဲ​မှာ​ ထင်​နေ​တုန်း​ပဲ​။ နောက်​ ရှစ်​လ​လောက်​ ကြာ​တော့​ သူ​ ပြန်​လာ​တယ်​။ သူ​ ပြန်​လာ​တော့​ သူ​နဲ့​ နှစ်​ရက်​လောက်​ပဲ​ တွေ့​လိုက်​ရ​တယ်​။ ကျောင်း​က​လည်း​ မ​ပြီး​သေး​ဘူး​ကိုး​။ စ​နေ​၊ တ​နင်္ဂ​နွေ​ နှစ်​ရက်​ တွေ့​လိုက်​ရ​ ပြီး​ နောက်​ သူ​ မ​လေး​ရှား​ကို​ ပြန်​ ထွက်​သွား​တယ်​။ မ​လေး​ရှား​မှာ​ နှစ်​ နှစ်​နေ​တယ်​။ ပြီး​တော့​ စင်​ကာ​ပူ​မှာ​ တစ်​နှစ်​ နေ​တယ်​။ စု​စု​ပေါင်း​ သုံး​နှစ်​ပေါ့​။ ပြီး​တော့​ သူ​ပြန်​လာ​တယ်​။ အဲ​ဒီ​အ​ချိန်​ထိ​ သူ​နဲ့​ လက်​ထပ်​မယ်​ ဆို​တဲ့​ စိတ်​ကူး​မ​ရှိ​သေး​ဘူး​။ သူ​ ပြန်​လာ​ပြီး​ ၁၀ လ​ ၁၁ လ​လောက်​ နေ​တယ်​။ ပြီး​တော့​ စင်​ကာ​ပူ​ကို​ ပြန်​ထွက်​သွား​တယ်​။ အဲ​ဒီ​အ​ခါ​ကျ​မှ​ ကျွန်​တော်​နဲ့​ သူ​ ကြိုက်​လာ​တာ​ တ​စ​ တ​စ​နဲ့​ လေး​နှစ်​လောက်​ ဖြစ်​သွား​ပြီ​။ လေး​နှစ်​ကျော်​ ငါး​နှစ်​ကျော်​ ဖြစ်​သွား​တဲ့​အ​ခါ​ 'ငါ​ ဒီ​မိန်း​က​လေး​ကို​ ဘာ​ဖြစ်​လို့​ အဲ​ဒီ​လောက်​ အ​ကြာ​ကြီး​ တွဲ​ဖြစ်​တာ​လဲ​' လို့​ ကိုယ့်​ကိုယ်​ကိုယ်​လည်း​မေး​တော့​ စော​စော​က​ အစ်​မ​ မေး​သ​လို​ ဘာ​ကြောင့်​လက်​ထပ်​ဖို့​ ဆုံး​ဖြတ်​လိုက်​တာ​လဲ​နော်​။ အဲ​ဒီ​တော့မှ​ ငါ​ ဒီ​ မိန်း​က​လေး​ကို​ လက်​ထပ်​မယ်​လို့​ ဆုံး​ဖြတ်​လိုက်​တာ​ မ​ဟုတ်​ဘူး​။ ခေါင်း​ထဲ​မှာ​ ဒီ​ မိန်း​က​လေး​နဲ့​ လက်​ထပ်​မယ်​ ဆို​တဲ့​ဟာ​ကို​ အ​လို​လို​ ဝင်​နေ​ပြီး​သား​၊ ရှိ​ပြီး​သား​ ဖြစ်​နေ​ပြီ​။ ဘယ်​အ​ချိန်​က​ ဆုံး​ဖြတ်​လိုက်​တာ​လဲ​ဆို​တာ​က​တော့​ မ​သိ​ဘူး​။ ဒါ​ဟာ​ ငါ​နဲ့​ လက်​ထပ်​မယ့်​ မိန်း​က​လေး​။ ဒါ​ ဇ​နီး​လောင်း​လို့​ ဖြစ်​နေ​ပြီ​။ ကျွန်​တော်​မ​သိ​လိုက်​တဲ့​အ​ချိန်​က​တည်း​က​ ကျွန်​တော့​ ဦး​နှောက်​က​ ဆုံး​ဖြတ်​ပြီး​သား​ ဖြစ်​နေ​တာ​။
သူ​က​ မိုး​မိုး​အ​ပေါ်​မှာ​ သ​ဝန်​တို​တတ်​လား​။
တို​တော့​ တို​တတ်​တယ်​ဗျ​။ သူ​က​ limit နဲ့​ တို​တာ​။ သူ့​ရဲ့​ ဖ​လော်​ပေါ့​။ ဒီ​လောက်​ဆို​ ငါ​ သ​ဝန်​တို​သင့်​တယ်​။ ဒီ​လောက်​ဆို​ မ​တို​သင့်​ဘူး​။ တ​ခြား​ မိန်း​က​လေး​တွေ​နဲ
Related
လှ​ပ​ဆန်း​သစ်​ Organic
ပ​ဟေ​ဠိ​ဆန်​တဲ့​ မင်း​ခိုက်​စိုး​စန်​
Same Category
တာ​ရှည်​မြဲ​မြံ​ ရာ​သက်​ပန်​ဟု​
နား​လည်​မှု​များ​နဲ့​ တည်​ဆောက်​ထား​တဲ့​ အ​ချ​စ်အိ​မ်က​ေလ​း ဒေါက်​တာ​ ဟန်​ထူး​လွင်​ခေါ်​ ကျား​ပေါက်​နဲ့​ စု​လဲ့​ဝင်း​လို့​ ခေါ်​တဲ့​ ဇုံ​ဇုံ​
ဆိုး​သည်​ဖြစ်​စေ​ ကောင်း​သည်​ဖြစ်​စေ​
လှ​စေ​ချင်​လွန်း​လို့​
လှ​စေ​ချင်​လွန်း​လို့​
တာ​ရှည်​မြဲ​မြံ​ ရာ​သက်​ပန်​ဟု​
တာ​ရှည်​မြဲ​မြံ​ရာ​သက်​ပန်​ဟု​
အတ္တ​ကျော်​
မေ​နှင်း​ကို​ မေး​ပါ​
တာ​ရှည်​မြဲ​မြံ​ ရာ​သက်​ပန်​ဟု​
ေမ​နှင်း​ကို​မေး​ပါ
တာ​ရှည်​မြဲ​မြံ​ ရာ​သက်​ပန်​ဟု​
မ​တူ​ညီ​သော​ တူ​ညီ​မှု​များ​နဲ့​ ခိုင်​မြဲ​စွာ​ တည်​ဆောက်​ထား​တဲ့ သျှန်​ထွဏ်း​(မြန်​မာ​စာ​)၊ ရွှေ​ရည်​သိန်း​တန်​တို့​ရဲ့​ အ​ချစ်​အိမ်​လေး​
မေ​နှင်း​ကို​ မေး​ပါ